Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Saturday 31 August 2013
ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့တွင် တန်ဖိုးနည်းဖုန်း(GSM)မရသဖြင့် ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုမိန့်လျှောက်ထားရာပယ်ချခံရ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့တွင် တန်ဖိုးနည်းဖုန်း(GSM)မရသဖြင့် ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုမိန့်လျှောက်ထားရာပယ်ချခံရသဖြင့် ထပ်မံအယူခံဝင်သွားမည်ဖြစ်ပါသည်။
 >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) 
မင်းလှမြို့နယ်၊ ထန်းကိုင်းရေနံမှော် လုယက်မှုတွေ...။ ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ စ.တ. ခ (၆) တပ်ရင်း အရက်ဆိုင်မှ စည်းကမ်းမဲ့စွာအရက်ရောင်းချခြင်း..။ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ဝမ်းဘဲအင်းကျေးရွာတွင် ၁၅၀၀ိ/တန်SIM CARDS ကို လမ်းစရိတ် ၁၀၀၀ိ/ ၁၅၀၀ိ/ ထပ်၍ကောက်ခံရမည်" ဟု သတ်မှတ်ချက်များ ထားရှိပါသလား >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
မင်းလှမြို့နယ်၊ ထန်းကိုင်းရေနံမှော် လုယက်မှုတွေ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မင်းလှမြို့နယ်၊ ထန်းကိုင်း ရေနံမြေမှာ လုယက်မှု တွေနေတိုင်းဖြစ်ပွါးနေပါတယ်
ကျွင်းပိုင်ရှင်တွေဆီကို ဓားပြ ၊ဒုတ်ပြနှင့် လုယက်မှုတွေ တစ်နေ့တစ်ကြိမ်မက ဖြစ်ပွား နေပါတယ် ဒီကြားထဲ သူခိုးရန်ကလည်း
ကြောက်ရသေးတယ် သေမင်းနဲ့စစ်ခင်း ပြီး
အလုပ်လုပ်နေကြရတာ။
တစ်ချို့ဆိုရင်  ကိုယ့်နေရာမှာ နေပြီး အရိုက်ခံရ.တာ
အလုပ်ဆက်မလုပ်ရဲတော့ပဲ ကိုယ့်ဒေသ
ပြန်တဲ့လူကပြန် မပြန်တဲ့လူကလည်း နေ့ည မအိပ်ရဲဘဲ အလုပ်လုပ်နေရတယ်လို့ ဒေသခံ
တစ်ဦးကပြောပါတယ်
>>>>>>>>>>>>>>>>>>>>>>>>> 
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့   စ.တ. ခ  (၆) တပ်ရင်း  အရက်ဆိုင်မှ စည်းကမ်းမဲ့စွာအရက်ရောင်းချခြင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့   စ.တ. ခ  (၆) တပ်ရင်း  အရက်ဆိုင်မှ စည်းကမ်းမဲ့စွာအရက်ရောင်းချခြင်းကို အထပ်လူကြီးမင်းများသိရှိစေရန်သာရည်ရွှယ်ပြောကြားခြင်းဖြစ်ပါသည်   အခုဆိုရင်အဲ့ဒီအရက်ဆိုင်က စစ်သားများကို သူ့ကျိုးမတွက်  ကိုကျိုးဖက်ကာ စည်းကမ်းမဲ့ စွာအရက်များကိုရောင်းချနေတာပါ  အဲ့ဒီအတွက်ကြောင့် စစ်သားဇနီးများမှာ စားဝတ်နေရေးမပြေမလည်  ကြပ်တည်းမူများကိုရင်ဆိုင်နေရတာပါ  ပြီးတော့  အခြားစစ်တပ်များလိုမဟုတ်ဘဲ  အဲ့ဒီစစ်တပ်မှာတော့ တော်တော်လေးကိုစည်းကမ်းမဲ့နေတာကိုတွေ့နေရပါတယ်  အခြားတပ်တွေမှာဆိုရင် ဆေးလိပ်အရက်ကင်းစင်ရေးအတွက်ဆောင်ရွှက်နေကြတာပါ အဲ့ဒီစစ်တပ်မှာတော့ အခြားတပ်များလိုမဟုတ်ပဲ  တော်တော်လေးကိုစည်းကမ်းမဲ့နေတာကိုတွေ့ရပါတယ်  အဲ့ဒီအရက်ဆိုင်တွေကို  အထပ်မှတာဝန်ရှိလူကြီးမင်းများအား စစ်ဆေးပေးစေလိုပါသည်...... အခုအကြောင်းအား    ပြောကြားသူမှာ ဧရာဝတီတိုင်း၊ကွင်းကောက်မြို့ မှ တာဝန်သိသူတစ်ဦးဖြစ်ပါသည်  ...တိုင်ကြာသူ၏ ဖုန်းနံပါတ်မှာ  0931373134  ဖြစ်ပါသည် 
>>>>>>>>>>>>>>>>>>>>>>> 
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ဝမ်းဘဲအင်းကျေးရွာတွင် ၁၅၀၀ိ/တန်SIM CARDS ကို လမ်းစရိတ် ၁၀၀၀ိ/ ၁၅၀၀ိ/ ထပ်၍ကောက်ခံရမည်" ဟု သတ်မှတ်ချက်များ ထားရှိပါသလား
သို့/
     သမ္မတကြီးဦးသိန်းစိန်
     ဆက်သွယ်ရေးဝန်ကြီးဦးသောင်းတင်
နှင့် တာဝန်ရှိ လူကြီးမင်းများ ခင်ဗျား----
     ကျွန်တော်တို့ကတော့ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာမှရွာသူ/သားများ ဖြစ်ပါသည်။ ကျွန်တော်တို့သိချင်တာက
ယခုတစ်လတစ်ကြိမ် ထုတ်ပေးနေသော ၁၅၀၀ိ/တန်SIM CARDS ကို JULY,AUGUST (၂)လတွင်သာ ကျွန်တော်တို့ကျေးရွာတွင် ရရှိခဲ့ပါသည်။
ထို SIM CARD များကို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှတဆင့် ရွာသူ/သားများထံသို့ မဲစနစ်ဖြင့် ထုတ်ဝေပေးခဲ့ပါသည်။ ထိုသို့ ထုတ်ဝေပေးရာ၌ ---
  *- "အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိ လူကြီးမင်းများ ခွဲဝေယူပြီးမှသာ ကျန်ရှိသော SIM CARD များကို ရွာသူ/သားများထံသို့ ခွဲဝေထုတ်ပေးရမည်"
*-" SIM CARD တစ်ခုလျှင် တန်ဖိုးငွေ ၁၅၀၀ိ/ဖြင့် ရောင်းချရန် သတ်မှတ်ထားသည်ဟု သိရသော်လည်း လမ်းစရိတ် ၁၀၀၀ိ/ ၁၅၀၀ိ/ ထပ်၍ကောက်ခံရမည်" ဟု သတ်မှတ်ချက်များ ထားရှိပါသလား?
ထိုသို့သတ်မှတ်ချက်များ မရှိပါက ကျွန်တော်တို့ ဝမ်းဘဲအင်းကျေးရွာ၌ လက်ရှိ ဖြစ်ပေါ်နေသော ဖုန်းကိစ္စ အား အထက်ပါလူကြီးမင်းများမှတဆင့် အမှန်အတိုင်းဖြစ်အောင် ရှင်းလင်းဆောင်ရွက်ပေးစေချင်ပါသည်။
     ရိုသေ လေးစား အားကိုးကြီးစွာဖြင့်--
     ဝမ်းဘဲအင်းကျေးရွာမှ ရွာသူ/သားများ 
>>>>>>>>>>>>>>>>>>>>>>>>>>>> 
 >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) 
မြန်မာ့စီးပွားရေးဦးပိုင်ကုမ္မဏီလိမိတက် ဗန္ဒူလသယ်ယူပို့ဆောင်ရေးမန်နေဂျင်းဒါရိုက်တာ-ဗိုလ်မှူးကြီးမျိုးမြင့်ထံသို့ မကွေးအခြေစိုက်တော်ဝင်ယဉ်မောင်းတဦးမှအိတ်ဖွင့်ပေးစာ >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
ဗိုလ်မှူးကြီးမျိုးမြင့်ခင်ဗျာ-ဗန္ဒူလသယ်ယူပို့ဆောင်ရေးလက်အောက်ရှိတော်ဝင်သယ်ယူပို့ဆောင်ရေး
မကွေးအခြေစိုက်ယာဉ်လိုင်းများဖြစ်သောမကွေး-အမ်း၊ယခုက္ကူ၊ကံမ၊မကွေး၊မင်းဘူး၊ချောက်မှ ယာဉ်လိုင်းများမှယာဉ်မောင်းများမှာ
ယာဉ်လိုင်းသစ်များထပ်မံတိုးချဲ့လာခြင်းကြောင့် ကုမ္မဏီမှသတ်မှတ်သောစံချိန်ကြေး(အုံနာကြေး)၊နှင့်
ယာဉ်မောင်းများနေ့စဉ်(အလုအယက်မောင်းမှ)ရသောဝင်ငွေမှာ မကိုက်ညီသဖြင့်
ယာဉ်မောင်းများမှာစံချိန်ကြေးများမသွင်း နိုင်ပါ၊အကြွေးစာရင်းမှတ်နေပါသည်။တော်ဝင်ကုမ္မဏီမှ ဒါရိုက်တာဦးကိုကိုကြီးနှင့်ဗိုလ်ကြီးခွတ်ထွန်း၊မကွေးတာဝန်ခံဗိုလ်ကြီးမြင့်လွင် တို့မှစံချိန်အကြွေးကျန်သည့်ယာဉ်မောင်းများအား(၃၀/၈/၂၀၁၃)တွင် နောက်ဆုံးထားပြီးပေးသွင်းရန်နှင့်မပေးသွင်းနိုင်ပါကအရေးယူမည်
  ဖြစ်ကြောင်းယာဉ်မောင်းများအား(၂၇/၈/၂၀၁၃)တွင်အကြောင်းကြားထားပါသည်ယာဉ်မောင်းများမှာကားမထွက်ရဘဲနှင့်
ဘယ်လိုလုပ်ပြီးအကြွေးဆပ်နိုင်မှာလဲခင်ဗျာ---ယာဉ်မောင်းများ၏အခက်အခဲကိုမကွေးတာဝန်ခံဗိုလ်ကြီး  မြင့်လွင်ထံတင်ပြပါသော်လဲ
တာဝန်ရှိသူများမှညိုနှိုင်းပေးခြင်းမရှိပါသဖြင့်  မကွေးအခြေစိုက်ယာဉ်လိုင်းများအားလုံးရပ်နားထားရပါသည်။ အန္တရာယ်နှင့်ရင်ဆိုင်ကာစံချိန်ငွေရှာဖွေပေးနေရသောယာဉ်မောင်းများ  ဒုက္ခရောက်နေရပါသည်။ယာဉ်ပြင်ဆင်မှူအပိုင်းများတွင်လဲကားတစီး ပျက်၍ ပြင်ဆင်ချင်လျှင်ပြင်ဆင်ခွင့်တင်ရပါသည်။ပြင်ဆင်ခွင့်တင်သော်လည်း ချက်ချင်းချမပေးသဖြင့်မဖြစ်မနေအရေးတကြီးပြင်ဆင်ရမည့်ပစ္စည်းများကို ယာဉ်မောင်းများကိုယ်ပိုင်ငွေဖြင့်ပြုပြင်ရပါသည်။
(မှတ်ချက်-ယာဉ်မောင်းများကိုယ်ပိုင်ငွေဖြင့်ပြုပြင်ရသည်ကများပါသည်) ယာဉ်မောင်းများကိုယ်ပိုင်ငွေဖြင့်ပြုပြင်ပြီးငွေလက်ငင်းဖြတ်ပိုင်းများဖြင့် ဗိုလ်ကြီးမြင့်လွင်ထံတင်ပြတောင်းခံပါသော်လဲစိုက်ထုတ်ငွေများမရပါ။ မကွေးအခြေစိုက်ကားတစီးပစ္စည်းတခုလဲစရာရှိလျှင် (ဥပမာ-ဘတ္တရီအိုး၊တာရာ၊လေး၊မော်တာ) နေပြည်တော်မှမကွေးရုံးသို့ ပို့ပြီး မကွေးတာဝန်ခံရှေ့မှာလဲလို့ရပါလျက်နှင့်ပစ္စည်းလဲရမည့်ကားကို မကွေးမှနေပြည်တော်သို့သွား၍ လဲမှပစ္စည်းလဲပေးပါမည်ဟု အမိန့်ထုတ်ထားပါသည် (မကွေးမှနေပြည်တော်သို့အသွားအပြန်မောင်းဆီဖိုး၊လမ်းဂိတ်ကြေး၊စားစရိတ်ကုန်ကျငွေခန့်မှန်းခြေ တသိန်းကျော်လောက်ကုန်ကျပါသည်)အဲဒီငွေတွေ ကိုကုမ္မဏီမှကုန်ကျမခံပါယာဉ်မောင်းများမှကျခံရပါသည်။
ဤကိစ္စများကိုလဲ ဖြစ်သင့်လားမဖြစ်သင့်လားဆိုတာကိုကုမ္မဏီမှတာဝန်ရှိလူကြီးများစဉ်းစားပြီး
 ပြင်ဆင်သင့်တာပြင်ဆင်ပေးစေလိုပါသည်။
မကွေးတာဝန်ခံဟုတာဝန်ယူထား သောဗိုလ်ကြီးမြင့်လွင်သည်ယာဉ်မောင်းများ၏အခက်ခဲများမဖြစ်နိုင်သော ယာဉ်ပြင်ဆင်ခွင့်များကိုအထက်သို့တင်ပြရဲခြင်းမရှိပါ (တာဝန်ခံဆိုတာဘာကိုခေါ်ပါသလဲခင်ဗျာ) မကွေးအခြေစိုက်တော်ဝင်သယ်ယူပို့ဆောင်ရေးမှယာဉ်မောင်းများ၏ တနေ့မောင်းလို့ရငွေနှင့်ကုမ္မဏီသို့ပေးသွင်းရသည့်စံချိန်ကြေးများ
မကိုက်ညီသည့်ဒုက္ခများယာဉ်လိုင်းရပ်နားထားရ၍မိသားစုစားဝတ်နေရေးအခက်ခဲ များယာဉ်ပြင်ဆင်ရာတွင်ကြုံတွေ့နေရသည့်အခက်ခဲများအားဗန္ဒူလသယ်ယူပို့ဆောင်ရေးမှ
မန်နေဂျင်းဒါရိုက်တာဗိုလ်မှူးကြီးမျိုးမြင့်နှင့်ဦးပိုင်မှ
တာဝန်ရှိသူများစုံစမ်းစစ်ဆေးပြီးဖြေရှင်းပေးနိုင်ပါရန်ရင်ဖွင့်လိုက်ရပါသည်။
မကွေးအခြေစိုက်တော်ဝင်ယာဉ်မောင်းတဦးမှရင်ဖွင့်ပေးစာ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) 
Friday 30 August 2013
ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့တွင် တန်ဖိုးနည်း(GSM)ဖုန်းမရသဖြင့် ပြည်သူများမှ ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုမိန့်လျှောက်ထား >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) 
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်မအူတောအုပ်စုနဲ့မြွေရိုးအုပ်စု မိန်းမရဲရွာ တောင်သူများ ဒုက္ခ ။ ဧရာတီတိုင်းဒေသကြီး မဲဇလီကုန်းအကြောင်း..။ ပြည်သူတစ်ဦး ရဲ့ ရင်ဖွင့်သံ။ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်မအူတောအုပ်စုနဲ့မြွေရိုးအုပ်စု မိန်းမရဲရွာ တောင်သူများ ဒုက္ခ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပဲခူးတိုင်းဒေသကြီးပြည်မြို့နယ်မအူတောအုပ်စုနဲ့မြွေရိုးအုပ်စု မိန်းမရဲရွာဒေသခံတောင်သူတွေဟာ နှစ်စဉ်ရေရရှိမှုနောက်ကျတာကြောင့် စပါးစိုက်ရတာနောက်ကျတဲ့အပြင်ဆည်ရေ မရတော့အောင်မြင်မှုနည်းပါတယ် မြောက်နဝင်းဆည်နဲ့ ကန်ကြီးကုန်းဆည်တွေရှိပေမယ့်တစ်ခါမှ ရေမပေးဝေပါဘူးတစ်ခြားအုပ်စုတွေမှာ နွေစပါးမိုးစပါးနှစ်စဉ်ရနေတော့ တောင်သူတွေအဆင်ပြေပေမယ့် ကျွန်တော်တို့အုပ်စုက မိုးစပါးတောင်မအောင်မြင်တော့ တောင်သူတွေအကြွေးတင်တာများလာလို့ ပုဂ္ဂလိကကုမ္ပဏီတွေ/သူဌေးတွေကို လယ်တွေရောင်းကြွေးဆပ်ပြီး တောင်သူဘဝကနေ အလုပ်သမားလယ်ကူလီဘဝရောက်ကုန်ပါပြီ ဒီလိုသာဆက်သွားနေရင် ဒုက္ခ တောမှာနစ်သထက်နစ်လာတော့မှာပါ မနှစ်ကဆိုမိုးခေါင်ပြီးဆည်ရေမရတဲ့အပြင် လယ်သမားတွေစုပြီးဆည်ထားတဲ့ ရေဆည်ကနေဦးထိုင်ထိုင်ရဲ့လယ်ကွင်းအတွက် ဘွိုင်လာနဲ့စုပ်ယူခဲ့လို့ တောင်သူ၅၀ကျော်နစ်နာခဲ့တာကို နေပြည်တော်ထိတင်ပြခဲံ့ပေမယ့်မထူးခြားခဲ့ပါဘူး ဒါကြောင့်လယ်သမားတွေရဲ့ဒုက္ခတွေကို တာဝန်ရှိသူတွေသိပြီး ကူညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ
ဒေသခံတောင်သူများ      
>>>>>>>>>>>>>>>>>>>>>>>>>>> 
ဧရာတီတိုင်းဒေသကြီး မဲဇလီကုန်းအကြောင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဧရာတီတိုင်းဒေသကြီး အဂ်ပူမြို့နယ် မဲဇလကုန်းဒေသသည်အမြတ်တော်ခွန်နှင့် စည်ပင်ခွန်ထမ်းဆောင်ရပြီး ဒီနှစ်တွင် စည်ပင်ဌာနမှ လမ်းကတ်တရာ(၂၁၁၅)ပေလာရောက်ခင်းပေးပါသည်။လမ်းခင်းရာတွင် အဂ်ပူတွင်ခင်းသောစံချိန်စညွှန်းနှင့် အရမ်းကွာခြားပြီး လမ်းကြိတ်စက်များသွားလို့ ဂုံးများကြိုးပေါက်သည်ကိုမပြုမပြင်ထားခဲ့ပါသဖြင့် ရဟန်းရှင်လူ ကျောင်းသားကျောင်းသူအများ ခဏခဏလဲပြိုပြီး အခက်အခဲတွေ့နေရပါကြောင်း။
Best regards,ဆန်းညွန့်ဦး ၁၄/အဂပနိုင်(၀၆၂၉၀၇)မှပေးပို့သည်။
>>>>>>>>>>>>>>>>>>>>>>>>>>>>> 
ပြည်သူတစ်ဦး ရဲ့ ရင်ဖွင့်သံ
။။။။။။။။။။။။။။။။။။။။။။။။။။။
အာရှ နဲ့ နိုင်ငံတကာမှာ ဖွံ့ဖြိုးလာတဲ့ တို့မြန်မာအတွက် ဂုဏ်ယူမိပါတယ်။လမ်းပမ်း ဆက်သွယ်ရေးတွေ တိုးတတ်လာပေမယ့် လခ နည်းနည်းနဲ့ အလုပ်လုပ်ရတဲ့ ငါတို့ရဲ့ ဘဝတွေ ရာထူးဂုဏ် နဲ့ လာဘ်စားတဲ့ အာဏာရှင်တွေ
အောက် ငွေဂုဏ်မောက် တစ်ကိုယ်ကောင်းဆန်
တဲ့ အရင်းရှင်တွေကြား ဘယ်တော့များ လွတ်
်မြောက်နိုင်ပါ့မလဲ.....။ရှိစုမဲ့စုလေးနဲ့ ကိုယ်ပိုင်စီး
ပွားရေး လုပ်ဖို့လည်း တို့နိုင်ငံမှာက ဝယ်လိုအားထက် ရောင်းလိုအားက ပိုများနေ
တယ်လေ၊၊အမျိုးဂုဏ် မြှင့်ဖို့အတွက် အောက်ခြေ
သိမ်း လူတန်းစားတွေကို ရှင်းမယ်ဆိုတော့လည်း
နိုင်ငံရဲ့ ၆ဝ%လောက်တော့ လျော့ကျသွားမယ်
ထင်ပါရဲ့၊၊မျိုးချစ်စိတ် တက်ကြွနေသူတွေ ၊ အမျိုးဂုဏ် ဖျက်မယ့်သူတွေကြား ကြားလူတွေလည်း ဓားစာခံဖြစ်ရတယ်။နိုင်ငံ့
ရတနာ ကျောင်းသားလေးတွေ အဆိပ်သင့်နိုင်တဲ့ တရုတ်ဖြစ်မုန့်တွေ စားကြတယ်ဆိုပဲ။ဆရာမတွေ
လည်း အပြစ်မပြောလိုပါဘူး ကျူရှင်လခတွေက
တော့ ဈေးကြီးတယ်။ဒီရက်ထဲမှာ အမဲသားတွေ
အရိုးပျော့ဆေး ထိုးထားတာ ကြားမိတယ် တော်
ပါသေးရဲ့ အမဲသားရှောင်ထားလို့.....။မခံချင်စိတ်
နဲ့မျိုးချစ်သွေးကြွတိုင်း ဒုန်းဒိုင်းကြဲရလျင်ဖြင့် ကြား
ထဲက မြေစာပင်တွေ ပြားသွားမှာ သနားတယ်။
အဆင်မပြေတာတွေ များပေမယ့် ဒို့အေ၇းလည်း
မအော်ချင်ပါဘူး ကိုယ့်နိုင်ငံအတွက် ကိုယ့်လူမျိုး
တွေက ကောင်းမှရ မှာလေ၊၊
သေချာတာက တို့လူမျိုးတွေ စိတ်ဓာတ်မြင့်ဖို့
တို့ခေါင်းဆောင်တွေ စံပြကောင်းစေချင်ပါတယ်။
           ----------------------------
                                 ဝါဆိုဝသန်(ထားဝယ်)
-------------------------------------------
www.facebook.com/sarkhu.ra
ladycute53@gmail.com
-------------------------------------------
>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
တခဏထာဝရ By ကလေးချစ်သောမောင်။ အဲ ဒီေ န ရာ ​လေး မှာ By #ဒီ​နေ# ။ အဟောင်းဖြစ်သွား တဲ့ "အသစ်"ံ by ဝါဆိုဝသန်(ထားဝယ်) ။ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
အဲ ဒီေ န ရာ   ​လေး  မှာ
            စို က်​  ထူ  ဖို့   ကြိုး  စား  ရ င်း  နဲ့    မို င်​   တို င်​  တ ချို့    ကို  
             ကျ  ​နော်​   ကျ  ​ပျော က်​      ခဲ့    ဖူး     တယ်​     ။
အဲ ဒီေ န ရာ   ​လေး   မှာ 
            လွမ်း   ဆွ တ်​   မှု  ကို   အ  ​ခြေ  ခံ   တဲ့   ကာ   ရ န်​  မဲ့   က ဗျာ   အ ချို့  ကို
             ကျ ​နော်​  ​ရေး  စ မ်း  ခဲ့   မိ  ဖူး  တယ်​။။
အ ဲ ဒီ  ​ေ န ရာ ​ေ လး  မွာ
              ကျ   ​နော်​  ခ ပ်​  တ ည်​   တ ည်​  နဲ့   ခိုး  ချ   ခဲ့   ဖူး     တယ်​  ။
အ ဲ ဒီ   ​ေ န ရာ   ​ေ လး မွာ 
              ဘာ  နဲ့   လု ပ်​  ထား  မှ န်း  ​သေ  ချာ   မ  သိ   ရ   တဲ့    မှ န်​  ပြ င်​  ကြီး   တ စ်​   ခု   ကို
                ကျ  ​နော်​   ငြီး  ​ငွေ့   ​ေ န  ​ေ အာ င်​   ​ငေး    ကြ ည့်​   ​နေ    ခဲ့    ဖူး    တယ်​   ။ 
အ ဲ ဒီ ​ေ န ရာ ​ေ လး မွာ 
               မ  နာ  လို  စ ရာ  ​ကော င်း  ​လော က်ေ အာ င်​  ပ က်​  ပ က်​  စ က်​ စ က်​  လှ  တဲ့  န တ်​ ဘု ရား  မ  တစ်​ ပါး  ကို 
              ကျ ​နော်​    လ မ်း  ​လျှော က်​  ရင်း   ​တွေ့  မြ င်​ ခဲ့  ဖူး  တယ်​  ။
အ ဲ ဒီ  ​ေ န ရာ   ​ေ လး  မွာ
           လှ ည့်​  စား  ခြ င်း  အ တ တ်​  ကို   တ စ်​  ဖ က်​  က မ်း  ခ တ်​  တ တ်​  ​မြော က်​  တဲ့ေ မှာ်​   ဘု  ရင်​                        မ တ စ်​  ပါး  နဲ့ 
           ကျ  ​နော်​   ​ခေ တ္တ   ခ ဏ    သိ   ကျွ   မ်း    ခဲ့   ဖူး   တယ်​  ။
အ ဲ ဒီ  ​ေ န ရာ   ​ေ လး  မွာ
           အ ​ေ ရ ျပား  တ စ်​  ချ ပ်​  ပါး  လှ ပ်​  စွာ  ပဲ 
           ကျ  ​နော်​   ကွာ   ကျ    သွား  ခဲ့  ဖူး    တယ်​   ။
#အ ဲ ဒီ   ​ေ န  ရာ   ​ေ လး  မွာ •••••••••
##  အ ဲ  ဒီ  ​ေ န   ရာ  ​ေ လး   မွာ     ​ပေါ့ ••••
         အ ခု   ​တော့  ••• ကျ   ​နော်​  ကို  ယ်​   တို င်​ ပဲ 
          ဆို င်း  ဘု တ်​   တ စ်​  ခု  ချိ တ်​  ဆွဲ  ထား  လို က်​  ပါ  ပြီ
×××××××××××××××"     တား   မြ စ်​   န ယ်​   ​မြေ  "××××××××××××××××××
#ဒီ​နေ#
______________________••••••••••••••••••••••••••••_______________________
>>>>>>>>>>>>>>>>>>>>>>>>>
အဟောင်းဖြစ်သွား တဲ့ "အသစ်"ံ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပြန်လာပြီ တဲ့ လား........
အချိန်မှန် စကားပြောရပေမယ့်
လေသံတွေကပြောင်း
အဟောင်း ဖြစ်သွားပြီ ထင့်။
အသစ် တွေ့ပြီဆိုတာ
သူ  မပြောပေမယ့်လည်း
မျက်ဝန်းအကြည့် ငါသိတယ်။
တစ်ချိန်တစ်ခါက
ချစ်စကား ချိုလွလွနဲ့
သူ  ငါ့ ကို စကားပြော
အပြုံးတွေလည်း နွေးထွေးခဲ့
အချိန်တွေကပြောင်းတော့
တဖြည်းဖြည်း နဲ့ အဟောင်း ဖြစ်
ငါ့အချစ် လည်း နင်အတွက် မှိုတတ်ပြီ
ဘယ်လိုပဲ ဖြစ်ဖြစ်
သစွာ တရားတွေလည်း ပုတ်ပွ
မြောင်းထဲမှာဘဲ ပြုံစု
ငါ အခုတော့ သိလိုက်ရပြီ
အသစ် ဆိုတာအတွက်တော့
လူတိုင်းက နှစ်သက်တာဘဲ၊၊       ၊၊
      --------+++----------
                              ဝါဆိုဝသန်(ထားဝယ်)
                             Ph-09 422191893
      ----------------------------
ဝသန်ရဲ့ ကဗျာလေးကို အားပေးကြ တဲ့ပရိတ်
အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ရှင့်၊
HWH ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်ရှင်။
>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)
သုတ၊ ရသ By Eagle Breeze
အမှတ်​တရ မိုင်​တိုင်​များ
မင်္ဂလာ မနက်​ခင်းပါ။
အမည်​ဆိုးတဲ့မြို့​တွေထဲမှာ​တော့ ကျွန်​​တော်​ချစ်​တဲ့ ဒီ 'ငပု​တော' ဆိုတဲ့ မြို့က​လေးက ထိပ်​ဆုံးကပါမယ်​ထင်​ပါရဲ့။ မြစ်​ကထမ်းတဲ့ ​တောင်​ကုန်း​တွေ​ပေါ်မှာ သဘာဝအတိုင်းရှိ​နေတဲ့ စိမ်းစိမ်းစိုစို သစ်​ပင်​​တွေနဲ့ ​တောရည်​မပျက်​​သေးတဲ့ မြို့က​လေးပါ​။
အရှိန်​အဟုန်​နဲ့သွား​နေတဲ့​ခေတ်​ထဲမှာ ခုမှ အိပ်​ယာက လန့်​နိုးလာသူတစ်​​ယောက်​လို အရာရာ​နောက်​ကျကျန်​ခဲ့တဲ့ မြို့​လေး။ လမ်းပွင့်​သွားလို့ ​ရောက်​လာတဲ့ မီနီဘတ်​စ်​​တွေ၊ မှန်​လုံ​တွေက မြို့က​လေးရဲ့ လမ်း​ကျဉ်းကျဉ်း​တွေနဲ့ အသားမကျပဲ ​တောင့်​​တောင့်​ကြီး​တွေဖြစ်​​နေရှာတယ်​။ " ပုသိမ်​ကို.... ရန်​ကုန်​ကို " ဆိုတဲ့ စပယ်​ယာ​တွေရဲ့ လူ​ခေါ်သံ​တွေက မြို့ရဲ့ကြား​နေကျ မနက်​ခင်းသီချင်း​တွေထဲမှာ တစ်​မျိုးသစ်​လွင်​လို့။
မြို့က​လေး​က​တော့ သူ့​ကျော​ပေါ်က တစ်​​နေ့တခြားများလာတဲ့ လူ​တွေကို ထမ်းပိုးရင်း ​ခေတ်​ထဲကို တိုးဝင်​ဖို့ အသင့်​မဖြစ်​ရှာ​သေးပါဘူး။
ပြောင်း​ရွှေ့လာသူ​တွေ၊ ခဏဝင်​လာနားခိုသူ​တွေဆီက စရိုက်​အ​ငွေ့အသက်​​တွေက မြို့က​လေးရဲ့ အ​ပေါ် အနည်းနဲ့အများ စွန်း​ပေ​စေမှာပါပဲ။
ခေတ်​က​ရွေ့​တော့
လူ​နေမှု ပုံစံ​တွေ၊ အမြင်​​တွေလည်း ​ရွေ့လျားလာပါတယ်​။ ဘာ​တွေပဲ​ရွေ့​ရွေ့ မြို့က​လေးရဲ့ ချစ်​စရာ​ကောင်းတဲ့ ရိုးအဖြူစင်​မှု​လေးကို​တော့ ​ရွေ့သွားမှာစိုးလှပါတယ်​။
ကျွန်​​တော်​တို့ချစ်​ရတဲ့ မြစ်​ထမ်းထားတဲ့ မြို့က​လေး​လေ.။
မြစ်​​ရေ​တွေက စီးဆင်း​နေမှာ ​သေချာပါတယ်​။
' မြစ်​တစ်​မြစ်​ထဲမှာ
စကားကို သတိရတယ်​။
ဟုတ်​ပါတယ်​။
မနက်​ဖြန်​ ဒီ​နေရာက​နေ မြစ်​​ရေ​တွေကို လာ​ငေးလို့ရ​နိုင်​​ပေမယ့်​ ဒီ​နေ့စီး​နေ​တဲ့ မြစ်​​ရေ​တော့ မဟုတ်​နိုင်​ပါ။
ခေတ်​​တွေက မြစ်​​​ရေလို
စီး​နေကြတယ်​ဗျာ။
Eagle Breeze
၃၀၊ ၈၊ ၂၀၁၃