Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 19 March 2015

Mobile Data စနစ်ကြောင့် ပိုက်ဆံကုန်ကျမှု လုံးဝ(လုံးဝ) မစိုးရိမ်ရတော့မယ့် HWH ဥုံ 5+ Version သစ် Dwonloadဆွဲ ရယူနိုင်ပြီ 13.3.2015 01:00AM

Mobile Data စနစ်မှာ များပြားလှတဲ့ သတင်း RSS Appတွေရှိပေမဲ့ ဆင်းရဲလှတဲ့ ကျတော်တို့နိုင်ငံအတွက် သမုဒ္ဒရာ ၀မ်းတစ်ထွာအနိုင်နိုင်အချိန် သတင်းအချက်အလက်ရယူဖို့ ငွေကြေးဆိုတာ အင်မတန်မှ စဉ်းစားစရာပါ။ ဒါကြောင့် ဆင်းရဲလှတဲ့ ကျတော်တို့ နိုင်ငံသားတွေအတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားလိုက်ပါတယ်။ ၂၀၁၃ခု ဇန်န၀ါရီလ ၄ရက်နေ့တည်းက ယနေ့တိုင် RSS သတင်း Appလောကမှာ ရပ်တည်လာနိုင်တဲ့ ဥုံ ဟာ ခု အကောင်းဆုံးဖန်တီးမှုနဲ့  HWH ဥုံ Version 5+ကို ထုတ်လုပ်လိုက်ပါတယ်။ ဒါရဲ့ အားသာချက်တွေကတော့
HWH ဥုံ Version 5+ က User Editor Versionဖြစ်ပါတယ်။ သတင်းဌာန Sourceတွေကို ဖြုတ်နိုင်/သွင်းနိုင်မှာ ဖြစ်ပါတယ်။ သတင်းဌာန Source များအား ပယ်ဖျက်ခြင်း/ထည့်သွင်းခြင်း Manualလုပ် နိုင်မှု့ကြောင့် Mobile Data စနစ်သုံးစွဲသူများအဖို့ နှစ်သက်ရာ သတင်းSource ကိုရွေးချယ်နိုင်ကာ ငွေကြေးချွေတာနိုင်မှာဖြစ်ပါတယ်။ ထို့ပြင်Downloadဆွဲရာတွင် ထပ်ဆင့် သတင်း/ရုပ်သံ/ဓါတ်ပုံများ ကြည့်ရှု့ရာတွင်လည်း မိမိဖုန်းရှိ နှစ်သက်ရာ Browserတစ်ခုခုကို ရွေးချယ်နိုင်သဖြင့် ပိုမိုမြန်ဆန်သွားမှာဖြစ်ပါတယ်။ ဖုန်း၏ အသွင်အပြင် အနေအထားကိုလည်း Userနှစ်သက်ရာ အရောင်ကာလာ ရွေးချယ်ခွင့်ရှိမှာဖြစ်ပြီး  မြန်မာဘာသာဖြင့် လွယ်ကူနားလည်စွာ အသုံးချနိုင်အောင်လည်း ပြုလုပ်ပေးထားပါတယ်။ HWH ဥုံ 5+တွင် ပါရှိသော သတင်းSourceများမှာလည်း ဥုံ သက်တမ်းနှစ်ချီကြာ လေ့လာ၍ အကောင်းဆုံးများကို ဦးစားပေး ထည့်သွင်းပေးထားပါတယ်။ မိမိရွေးချယ်သည့် သတင်းဌာနအတွက်သာ Dataဖိုးကုန်ကျမည်ဖြစ်၍ "ကြိုက်သလောက် အမှန်ခြစ် ၊ အမှန်ခြစ်သလောက်သာ ကုန်ကျမည့်" HWH ဥုံ Version 5+ ကို ခုပဲ Download ဆွဲရယူပါစက္ကန့်ပမာဏ အချိန်လေးဖြင့် မှန်ကန်တိကျသော ခိုင်မာသည့် Mediaများ၏ ဝေေ၀ဆာဆာသတင်းအား Mobile Data ဖိုး ကုန်ကျမှု့ အနည်းဆုံးနဲ့ သိရှိခံစားဖို့ HWH ဥုံ Version 5+ က တာဝန်ယူပါရစေ
 ( Size 5.89 MB )

Wednesday 18 March 2015

Wednesday 4 March 2015

တောင်သူလယ်သမားနေ့မှာ တောင်သူလယ်သမားများအတွက် Apk Download Here (apk) http://www.mediafire.com/download/ivhy9maovgobo27/mm_Farmer_1.41.78.173.apk

"mm Farmer " ယနေ့ကာလတွင် မြန်မာနိုင်ငံတော်၏ ကျေးဇူးရှင်ကြီးများ ဖြစ်ကြသော တောင်သူ လယ်သမားကြီးများ၏ လယ်ယာမြေများကို သိမ်းဆည်းခံနေရခြင်းသည် တောင်သူလယ်သမားကြီးများနှင့်အတူ ပြည်သူများ အဓိက တွေ့ကြုံခံစားနေရသော ပြဿနာရင်းမြစ်များ ဖြစ်လာပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ကျေးဇူးရှင်လယ်သမားကြီး များ နှင့် ပြည်သူအများ ကြုံတွေ့ခံစားနေရသော လယ်ယာမြေ သိမ်း ဆည်းမှု၊ အငြင်းပွားမှု ပြဿနာများ ဖြစ်ပေါ်လာသည့်အခါ ဖတ်ရှု လေ့လာနိုင်ရန် နှင့် အကူအညီပေးနိုင်မည့် အဖွဲ့အစည်းများကို ဆက်သွယ်နိုင်ရန် ရည်ရွယ်၍ ဤ Application ကို ရေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။ တောင်သူလယ်သမားကြီးများ ဖတ်ရှုနိုင်ရန်အတွက် လယ်ယာမြေနှင့် စိုက်ပျိုးရေးသတင်းများ၊ လယ်ယာမြေ ဥပဒေများ၊ သုတရေးရာများ၊ ရာသီဥတုအခြေအနေများ၊ ဆန်/စပါး ပေါက်ဈေး စုံစမ်းခြင်းများ၊ ကူညီနိုင်သည့် အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ သက် ဆိုင်သည့် လွှတ်တော်ရေးရာနှင့် ဝန်ကြီးဌာနများကို ဆက်သွယ် တိုင်ကြားနိုင်ရန် အချက်အလက်များကို ထည့်သွင်းဖော်ပြထားပါ သည်။