Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 15 August 2013

သုတ၊ ရသ စာပေ....>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


မင်္ဂလာမနက်​ခင်းပါ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။
မြို့က​လေးရဲ့ ​ကျောကုန်း​ပေါ်က ​တောင်​နဲ့​မြောက်​တန်း​နေတဲ့ လမ်း​ပေါ်မှာ ​ထော်​လာဂျီ​တွေ...ဆိုင်​ကယ်​​တွေ.... စက်​ဘီး​တွေ..ကား​တွေ...။

လွန်​ခဲ့တဲ့ အနှစ်​ ၃၀ က​ပေါ့။
ဒီမြို့က​လေးမှာ စက်​ဘီးက​လေး ​လေးငါး​ခြောက်​စီး...။ ​မောင်​ဗမာစက်​ဘီးတဲ့..။ နံမည်​ကသာ ​မောင်​ဗမာပါ။ ဝဝနှစ်​​ယောက်​စီးရင်​ ဘီးခွင်​ပါတယ်​။ အဲ့ဒီ​မောင်​ဗမာကိုပဲ ကိုယ့်​မှာမရှိ​တော့ သူများစီးတာ​ငေးရပါတယ်​။ ည​နေပိုင်းဆို သူငယ်​ချင်း​တွေ ​ကော်​​ဘောလုံးစုဝယ်​ပြီး ​ဘောကန်​ရတယ်​။ အခြားလုပ်​စရာ ​ဖျော်​​ဖြေစရာ ဘာမှမရှိ....။ ဒီလိုကြီးခဲ့ရတာ။

အခု ကျွန်​​တော့်​သား​တွေ ​ဘောမကန်​​တော့ပါ။ တီဗွီဂိမ်းထဲမှာ စီ​ရော်​နယ်​ဒိုတို့၊ ရွန်း​နီတို့ကို ကန်​ခိုင်း​နေပါပြီ။ အိမ်​မှာ သူ့အတွက်​ ဂျပန်​ဘီးက​လေးတစ်​စီးနဲ့....။ ကွန်​ပျူတာနဲ့...။ အစစအရာရာ အဆင်​သင့်​....Ready made ပဲ။

ကော်​ဖီမစ်​လည်း Ready made....၊ အဝတ်​အစားလည်း Ready made....၊  အားလုံး အားလုံး Ready made...။ ​ကျောင်းတက်​ ....ကျူရှင်​တက်​ ....ကွန်​ပျူတာကိုင်​ ....ဖုန်းကလိ....။

မ​နေ့ကည​နေက သူ​ရေချိုး​တော့ ကျွန်​​တော်​အနားမှာရှိတယ်​။ ​ရေဝတ်​ချိုးတဲ့ ​ဘောင်းဘီကို ဒီအတိုင်းလှမ်းတာ​တွေ့လို့ ​ရေညှစ်​ခိုင်း​တော့ သူဘာပြန်​​ပြောတယ်​ထင်​လဲ။
" အ​ဖေကြီး......​ရေဘယ်​လိုညှစ်​သလဲ ..." တဲ့။

Eagle Breeze
၁၄၊ ၈၊ ၂၀၁၃
>>>>>>>>>>>>>>>>
မင်္ဂလာမနက်​ခင်းပါ။
။။။။။။။။။။။။။။။။။။။။။။။
စာသင်​​နေတုန်း
သားက Report cardမှာ လက်​မှတ်​ထိုးဖို့ လာ​ပေးတယ်​။
ပြုံးတုံးတုံးလုပ်​​နေလို့ အဆင့်​ကိုကြည့်​လိုက်​​တော့ 'တစ်​'ပါ။ ကျွန်​​တော့်​ကို သူပူဆာ​တော့မယ်​​လေ။

အဋ္ဌမတန်းတစ်​တန်းထဲ ​ကျောင်းသားသုံးရာ​လောက်​ရှိတဲ့
အတန်းတစ်​တန်းမှာ ပထမဖြစ်​​အောင်​ လုပ်​ရတာ တကယ်​​တော့ မလွယ်​လှပါဘူး။
ကျွန်​​တော်​ လက်​မှတ်​ထိုး​ပေးရင်း သားကို​ပြော​နေမိတယ်​​။

" သား​ရေ.......ပထမရ​အောင်
   လုပ်​ရတာလွယ်​လား...."
" ဟာ.... အ​ဖေကြီးကလည်း
   ဘယ်​လွယ်​မလဲ....."
" ​အေး.... အဲ့ဒီ ကိုယ်​ရထားတဲ့
   ပထမ​နေရာက
   ဖယ်​မ​ပေးရ​အောင်
   ထိန်းသိမ်းရတာက ပိုခက်​တာ.."

နောက်​တစ်​ကြိမ်​ လပတ်​စာ​မေးပွဲမှာ သူ့သရဖူကို
ကာကွယ်​ကြည့်​ရင်း
သူသ​ဘော​ပေါက်​လာပါလိမ့်​မယ်​။
ဘဝဆိုတာ စိန်​​ခေါ်ပွဲတစ်​ခု​လေ။
Eagle Breeze
၁၄၊ ၈၊ ၂၀၁၃
>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment