Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 5 September 2013

HWH ဥုံ Usersများအတွက် သြဂုတ်လ အစီရင်ခံစာ By HWH ဥုံ Admin




မင်္ဂလာပါ HWH ဥုံ Usersများခင်ဗျာ

ယခုဆိုရင် ကျတော်တို့ App သက်တမ်းဟာ ၈လပြည့်ခဲ့ပါပြီ။ Usersများမှာလည်း လစဉ်တိုးပွားလာစမြဲဖြစ်နေပါတယ်။ FeedDemon ကွန်ပျူတာ Versionဟာဆိုလည်း သက်တမ်း၂လခန့်သာရှိသော်လည်း အတော်အသင့် အောင်မြင်နေပါတယ်။ ယခုလမှ စတင်ပြီး လစဉ်အစီရင်ခံစာများကို လစဉ် ပထမအပတ်တွေမှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။  ကျတော်တို့အနေနဲ့ သက်ဆိုင်ရာ သုတ၊ရသ၊နည်းပညာ စတဲ့ စာမျက်နှာတွေရဲ့ ၀ိုင်ဝန်းကြိုးစားမူ့တွေကြောင့် လူထုအကျိုးစီးပွားကို အတိုင်းအတာတစ်ခုအနေနဲ့ အထောက်အကူပြုနေပါတယ်။ ဒီနေရာမှာ ကျတော်တို့အနေနဲ့ အထူးအသိပေးလိုတာက Usersအများစုက ကျတော်တို့ကို သတင်းဌာနကြီးလို့ ထင်မှတ်နေပါတယ်။ အမှန်တကယ်တော့ ကျတော်တို့ဟာ Copy Paste Media ထက်မြင့်တဲ့ RSS နည်းပညာသုံးထားတာပါ။ ဒါကြောင့် သတင်းဌာန/စာမျက်နှာမျိုးစုံ ထည့်သွင်းနိုင်တာပါ။ ဒါကလည်း လက်ရှိကိုယ့်နိုင်ငံအနေအထားအရ အဓိက ကျေးလက်နေပြည်သူတွေကို မျက်စိဖွင့် နားဖွင့်ပြီး နည်းပညာနဲ့ လက်တွေ့ဘ၀ကို အကျိုးရှိရှိ အသုံးချစေလိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ကျတော်တို့အောက်မြင်မူ့ဟာ ကျတော့်ထဲမှာပါတဲ့ သက်ဆိုင်ရာ သတင်း၊သုတ၊ရသ၊နည်းပညာ ဌာနအသီးသီးရဲ့ အောင်မြင်မှုပါပဲ။ သတင်းအပုဒ်တိုင်းမှာ သူတို့ရဲ့ အမည်လိပ်စာတွေ Website Linkတွေပါပြီးသားပါ။ ကျတော်တို့ကိုသိတာက ဖုန်းပေါ် Iconက ဥုံ လေးပဲသိတာပါ။ သတင်းစာမျက်နှာတော်တော်များများက မိမိတို့ရဲ့ သတင်းတွေ အသိပညာ အတတ်ပညာတွေကို နှမြောတွန့်တိုမရှိ Shareကြပါတယ်။ တချို့ကလည်း သူတို့ရဲ့ Webpageတွေကိုလာလည်စေချင်လို့ သတင်းအမြည်းသာ ဖော်ပြကြပါတယ်။ ဒါပေမဲ့လည်း သူတို့ကျေးဇူးကြောင့် ကျတော်တို့ သတင်းတွေ အသိပညာအတတ်ပညာတွေ ဖတ်နေရသဖြင့် သတင်းတပုဒ်ရဲ့ အောက်မှာရှိတဲ့ Visit website ကိုနှိပ်ပြီး ကြော်ငြာလေးတွေကို နှိပ်ပေးခြင်းဖြင့် ကျေးဇူးဆပ်စေလိုပါတယ်။ အားကစားနဲ့ပတ်သက်လို့ အင်တာနက်ပေါ်မှာ Updateဖြစ်ဖြစ်နဲ့ Public Mediaရှားပါတယ်။ စိတ်မကောင်းစရာကတော့ နောက်ဆုံး Versionမှာပါလာတဲ့ အားကစားသတင်းစာမျက်နှာက ပုံမှန်တင်ပေးနေကြအားကစားသတင်း၁၀က်ကလေးတောင် မဖော်ပြပေးတော့ဘဲ လုံးဝ ပိတ်လိုက်ပါတယ်။ အားကစားနဲ့ ပက်သတ်လို့ Sky Netကလည်း အင်ထုလိုက်တော့ ကျတော်တို့မြန်မာတွေအတွက် အတော်ဆိုးသွားပါတယ်။ ကျေးလက်နေပြည်သူအဖို့ အားကစားwebsite၀င်ဖတ်ဖို့နေနေသာသာ Facebook ပေါ်ကဆိုတာ ရေးရေးပါ။ နောက်တခုကတော့ မြန်မာပြည်ရဲ့ နည်းပညာထက်မြက်လှတဲ့ လူငယ် Adminပေါင်းများစွာနဲ့ ပြည်တွင်း Mobile Websiteကြီးတစ်ခုကလည်း ခုရက်ပိုင်းကစပြီး သူ့webpage၀င်ကြည့်ရုံမှတပါး Rss Appပေါင်းများစွာကနေ သူ့နည်းပညာ တ၀က်လေးတောင် မ shareတော့ပါဘူး။ ကျတော်တို့ နိုင်ငံ လက်ရှိ အများပြည်သူအနေအထားဟာ www.?????.com ဆိုတာကို ခုလို connection မျိုးနဲ့ ရှာဖို့ဖွေဖို့ဆိုတာ အင်မတန်မှ စောလွန်းပါသေးတယ်။ ဒါပေမဲ့ ကျတော်တို့ Appမှာ သတင်းအပြည့်(သို့)တ၀က်နီးပါးဖော်ပြပြီး အများပြည်သူအကျိုးရှေးရှုနေတဲ့ Media Websiteတွေ များပြားစွာတော့ရှိနေပါတယ်။ သူတို့အားလုံးရဲ့ကျေးဇူးကို Usersများကိုယ်စား ကျေးဇူးတင်စကားဒီနေရာက ပါးလိုက်ပါတယ်။

ကျတော်တို့အနေနဲ့လည်း နိုင်ငံတ၀န်းလုံးက အများပြည်သူတွေရဲ့ အကျိုးကို တတ်နိုင်သမျှ သယ်ပိုးဖို့ Email(Gmail...)မှ တဆင့် ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာများကို လက်ခံကာ တတ်နိုင်သမျှ ၀ိုင်းဝန်းဖြေရှင်းလျက်ရှိပါတယ်။ ဒါတင်မက ယခုဆိုရင် ကိုယ့်ရဲ့ ကလောင်စွမ်းရည်ကို သွေးနိုင်ဖို့ နဲ့ ပတ္တမြားမှန် နွံ မနစ်နိုင်စေဖို့ သုတ၊ရသ၊ဟာသ၊ နေ့စဉ်လူမူဘ၀ စာတိုပေစများ ကို အများပြည်သူတွေအတွက် ပေးဆပ်မယ့် စာရေးဆရာ Authorများအဖြစ်  တရားဝင်ခန့်အပ်ကာ လွတ်လပ်စွာဖြင့် ရေးသားနေကြပြီဖြစ်ပါတယ်။ ထိုသည်သာမက အချိန်ကြာလာသည်နှင့်အမျှ ကျတော်တို့လူထုအတွက် အကျိုးရှိစေမယ့် အသစ်အသစ်သော နိုင်ငံရေး၊စီးပွားရေး၊လူမူရေး၊ သုတ၊ရသ စသဖြင့် ကဏ္ဍမျိုးစုံတို့ကိုလည်း လေ့လာရင်း App Updateလုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ လက်တွေ့ဘ၀တွင် လက်ရုံးရည် နှလုံးရည်အရသော်လည်းကောင်း ငွေကြေးအရသော်လည်း တတ်နိုင်သမျှ လူထုအကျိုးဖြည့်စွမ်းလျက်ရှိပါတယ်။

နောက်တခုက ကြော်ငြာကဏ္ဍပါ။ ခုနောက်ပိုင်းပြန်လက်ခံပါတော့မယ်။ ကျတော်တို့ ဒီလိုတွေလုပ်နေလို့ အထင်တော့မကြီးပါနဲ့။ ကျတော်တို့လည်း လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ လူတန်းစားထဲကပါ။ ဒါကြောင့် အနည်းဆုံး ကိုယ့်ဖုန်း Billဖိုးလောက်တော့ လိုချင်ပါတယ်။ ဒါကြောင့် ကြော်ငြာလက်ခံပါတယ်။ ကြော်ငြာခနဲ့လည်း ကျတော်တို့ မချမ်းသာသွားနိုင်ပါဘူး။ ကျတော်တို့ဟာ အများပြည်သူပိုင် လူထုမီဒီယာဖြစ်တဲ့အတွက် အများပြည်သူ မျက်စိရှုပ်လောက်အောင် မထည့်ပါဘူး။ ထည့်ချင်ရင်တောင် လက်ခံမှာ မဟုတ်ပါဘူး။

နောက်ဆုံးတစ်ခုကတော့ တောင်းပန်ချင်ပါတယ်။ ဖုန်းဆက်ပြီး သတင်းပေးတဲ့ ကိစ္စပါ။ ကျတော်တို့ Appကို နိုင်ငံအကြီးအကဲ အချို့၊ လွှတ်တော်အမတ်တွေ၊ သက်ဆိုင်ရာဝန်ကြီးဌာန အမူထမ်း အရာထမ်းတွေ ပြည်ပနိုင်ငံကမြန်မာတွေ အရပ်ဘက်လူမူအဖွဲ့အစည်းတွေ နိုင်ငံရေးသမားတွေ ၊ အများဆုံးဖြစ်တဲ့ သာမန်ပြည်သူ/သားတွေ သုံးနေကြပါတယ်။ သြဂုတ်လမှာဆိုရင် သတင်းကိစ္စ(ပေးစာ၊တိုင်စာရင်ဖွင့်စာကဏ္ဍ) အတော်ဖြေရှင်းခဲ့ရပါတယ်။ ဒါကြောင့် ဖုန်းနဲ့ သတင်းယူတဲ့အခါ ကျတော်တို့အနေနဲ့ တာဝန်ယူရမယ့် အပိုင်းများလို့ လောလောဆယ် အဲဒီဝန်ဆောင်မူ မပေးနိုင်သေးပါဘူး။ လက်ရှိအနေအထားအရ ကျတော်တို့အတွက် နည်းဥပဒေမထွက်ခင် မသေချာမရေရာသေးတဲ့ ဥပဒေမူကြမ်းတွေ၊ ထောင်သက်တမ်း အလီနဲ့မြှေက်ပြီးချလို့ရတဲ့ မဖျတ်သိမ်းသေးတဲ့ Electronic အက်ဥပဒေတွေရှိပါသေးတယ်။ ဒါကြောင့် Gmailထဲကသာ သတင်းတွေ လက်ခံပြီး တင်ပေးပါသေးတယ်။ တချို့သတင်းတွေဟာ အထောက်အထားခိုင်လုံမူ လျော့ရဲသောလည်း လူ ပုဂ္ဂိုလ် တစ်ယောက်အနေနဲ့ အများအကျိုးအတွက် ရှေးရှုသောသတင်းမှန်ရင် တင်ပေးစမြဲဖြစ်ပါတယ်။ HWH ဥုံ ပေးစာ၊တိုင်စာရင်ဖွင့်စာကဏ္ဍ ဟာ ကျေးလတ်နေပြည်သူတစ်ဦး ကို ကိုယ်စားပြုထားတဲ့အတွက် ထိုသူပေးတဲ့ သတင်းအချက်အလတ်ဟာ မပြည့်စုံနိုင်မူ၊ အရေးအသား အဆင်ပြောချောမွေ့မူ မရှိနိုင်မူ စသဖြင့် ရှိနေပေမဲ့ သေချာတာက ထိုသူရဲ့ လူမူဝန်ထမ်းစိတ်ဓါတ်ကို မြှင့်တင်ပေးနေသလို တဖက်မှာလည်း ကိစ္စရပ်တိုင်းကို ပွင့်လင်မြင်သာစွာ လုပ်ဆောင်နိုင်မူကို အားပေးသလို ဖြစ်လာနိုင်ခြင်း လူတိုင်းအပေါ်တန်ဖိုးထား လူ့အခွင့်အရေးရှေးရှုကာ လူမူ့ဘ၀ဖွံ့ဖြိုးအောင် လုပ်ဆောင်လာနိုင်ခြင်း စသဖြင့် အကျိုးများရှိစေသလို မဟုတ်မမှန် တဖက် ကိစ္စရပ်ကို ပိုဆိုးသွားအောင် အမျိုးသားရေးပျက်ပြားအောင် အစွဲအမျိုးမျိုးကြောင့်လည်း ရှိနိုင်ပါတယ်။ သို့ပေမဲ့ ကိစ္စရပ်တိုင်းမှာ အမှန်တရား နဲ့ လက်တွေ့က စကားပြောသွားပါလိမ့်မယ်။
သတင်းတစ်ပုဒ်မှန် မမှန်ဆိုတာ ကျတော်တို့ ဦးနှောက်နဲ့ လက်တွေ့ဘ၀က အဆုံးအဖြတ်ပေးမှဖြစ်တယ်လို့ ခံယူတဲ့အတွက် လွတ်လပ်စွာနဲ့ပဲ ကျတော်တို့ သတင်းတွေတင်ပေးနေမှာပါ။

HWH ဥုံ Usersများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ နှင့် ကောင်းကျိုးမင်္ဂလာအဖြာဖြာ ပြည့်စုံနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း သြဂုတ်လအစီရင်ခံစာ နိဂုံးချူပ်လိုက်ပါတယ်။

HWH ဥုံ Admin

No comments:

Post a Comment