Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 6 November 2013

HWH ဥုံ Usersများအတွက် အောက်တိုဘာလ အစီရင်ခံစာ By HWH ဥုံ Admin


မင်္ဂလာပါ HWH ဥုံ Userများ ခင်ဗျာ။ ကျတော်တို့ရဲ့ လစဉ် အစီရင်ခံစာဟာဆိုရင် အောက်တိုဘာလ သို့ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ အောက်တိုဘာလမှာ ဆိုရင် ကျတော်တို့ Userများရဲ့ "HWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာကဏ္ဍ" သို့ သတင်းများ ပေးပို့မူများမှာလည်း တာဝန်ယူ တာဝန်ခံစိတ်အပြည့်နဲ့ ပေးပို့လာကြတာ တွေ့လာရပါတယ်။  တစ်ခုကတော့ အစိုးရ ဌာနဆိုင်ရာများမှ အောက်တိုဘာလအတွင်း ဖြေရှင်းစာများ နည်းပါးသွား‌တော့တာ တွေ့ရပါတယ်။

နောက်တစ်ခုက Userအချို့ ကြုံတွေ့နေရတဲ့ ပြဿနာပါ။ Android ဖုန်းတော်တော်များများမှာ ထည့်ထားတတ်ကြတဲ့ DX Toolbox App နောက်ဆုံး Versionက ပြဿနာပါ။ ဒီ Appက ဖုန်းသန့်ရှင်းရေး၊ လုံခြုံရေး၊ဖုန်းBatteryကြာရှည်ခံအောင်၊ ပေါ့ပါးအောင် သုံးတဲ့ အသုံးဝင် တရုတ်နိုင်ငံထုတ် Appလေးပါ။ သို့ပေမဲ့ နောက်ဆုံးVersionမှာ သူတို့နိုင်ငံမှာက အင်တာနက်ကို Time Base Charging ၁မိနစ် ၂ကျပ် ၄ကျပ် အချိန်ဖြင့် ပိုက်ဆံ မယူဘဲ အင်တာနက်ပေါ်မှ မိမိဖုန်း Deviceတခုခုသို့ ဓါတ်ပုံ စာသား. ...Downloadလုပ် ရယူသည့် ပမာဏပေါ် မူတည်၍ ဖုန်းBill ပိုက်ဆံဖျတ်ယူသည့်စနစ် Volume Base Charging စနစ်ကို အသုံးပြုသဖြင့် ကျတော်တို့ HWH ဥုံ App ၏ သတင်းများ ဓါတ်ပုံများကို အင်တာနက်ပေါ်မှ ရယူမူအပေါ် သူတို့နိုင်ငံစနစ်ဖြင့်တွက်ကာ လွန်စွာ ဖုန်းBill ပိုက်ဆံဖျတ်သည်ဟု ထင်သဖြင့် Uninstall လုပ်ခိုင်းခြင်းများ ပိတ်ထားခိုင်းခြင်းများ စသဖြင့်  Warning ခဏ ခဏ ပေးနေသည်ကို တွေ့ရပါမည်။ ဒါကြောင့် DX Toolbox Appသုံးသူများအနေနဲ့ စိတ်မပူကြဖို့ ဒီနေရာက ပြောချင်ပါတယ်။ ကျတော်တို့ Appအတွက် ကျတော်တို့ တတ်‌နိုင်‌သ‌လောက်‌ Userများအပေါ် ဂရုစိုက်သွားမှာပါ။ တစ်ခုပဲ Userတို့ကလည်း မိမိ အခက်အခဲကိုတော့ ကျတော်တို့ ပြုပြင်ကြိုးစားနိုင်အောင် Feedback ပြန်ပေးခြင်း သို့ hwhforandroid@gmail.comကို အကြံပြုစာများတော့ ပေးပို့စေလိုပါတယ်။


ထို Appတစ်ခုတည်းသာမက အခြားCleaner သန့်ရှင်းရေး Appအချို့ မှာလည်း Warning တတ်မည်ကို တွေ့ရတတ်ပါတယ်‌။ အကြောင်းမှာ App Auto update time/Sync( Appမဖွင့်သော်လည်း နောက်ကွယ်မှ သတင်းရယူချိန်)ကို ၁၅မိနစ် ချိန်ထားခြင်းကြောင်း ဖုန်းလုံခြုံရေး၊သန့်ရှင်းရေး Appတချို့မှ ဖုန်း၏ စွမ်းရည်စုပ်ယူခြင်း၊ ဖုန်းလေးကွေးစေနိုင်ခြင်းဟု ယူဆ၍ uninstallလုပ်ခိုင်းခြင်း၊ Auto killလုပ်ခြင်းများ စသဖြင့် Warning အမျိုးမျိုးပြပါလိမ့်မည်။ ကျတော်တို့ Appစတင်ဖြန့်ဝေ ကတည်းကလည်း ပြောပြီးသားပါ။ ကျတော်တို့ Appဟာ RSS Linkပေါင်းများစွာကို မောင်းနှင်ဖြတ်သန်းရသောကြောင့် အခက်အခဲအချို့တော့ရှိနိုင်ပါတယ်။ ဒါကြောင့် App Version ၂မျိုးထုတ်တာပါ။ လက်ရှိ v2.2 အနက်ရောင် ဥုံ က သတင်းရယူချိန်နှေးကွေးခြင်း ဖုန်း၏မှတ်ဥာဏ် ပိုမိုသုံးစွဲခြင်း ဓါတ်ပုံများ ပြတ်သားစွား မမြင်ရခြင်း စသဖြင့် အားနည်းချက်များ ရှိသော်လည်း မြန်မာဖောင့် အမှန်မြင်ရခြင်း ၊User စိတ်ကြိုက် သတင်း Sourceများ ပြုပြင်နိုင်ခြင်း များရှိနေပါတယ်။ v3.0.26 အဖြူရောင် ဥုံက သတင်း Source များ မပြုပြုပြင်နိုင်သော်လည်း သတင်း သုတရသ နည်းပညာ စသဖြင့် အခန်းကဏ္ဍ ခွဲပေးထားခြင်း အချို့ဖုန်းများမှာ မြန်မာစာ စာလုံးအနည်းငယ်လွဲနေခြင်းမှ အပ အကောင်းဆုံး ပြုလုပ်ထားကြောင်း ထပ်မံအသိပေးအပ်ပါသည်။ သို့သော် သတင်းများကို သတင်းများဖတ်ပြီး(သို့) အလွန်းများလာလျှင် Phone Option>>>Delete All နှိပ်ပြီး  ဖျက်ပေးရန် ကိုတော့ မမေ့သင့်ပါ။ ကျတော့်တို့ App Userမျာကို စစ်တမ်း ကောက်ကြည့်ရာ သုံးစွဲသူ အတော်များများက သတင်းများကို မဖျတ်ဘဲ ဒီအတိုင်း ထားကာ သတင်းများ ထောင်ချီနေသည်ကို တွေ့ရပါသည်။ သတင်းများ များပြာလာပါက SD card Memoryကို အနည်းငယ်စားစေသောကြောင့်ဖြစ်ပါတယ်။ ‌အဖြူ‌ရောင်‌ ဥုံ version 3.0.26 သုံးသူများ‌တော့ ပြဿနာ မရှိနိုင်‌ပါ။
‌နောက်‌ဆုံးတစ်‌ခုက Version အ‌ဟောင်းသုံးသူများ များစွာကို ‌‌‌တွေ့‌နေရပါတယ်‌။ Versionအ‌ဟောင်းအသစ်‌ ကို ‌အောက်‌ပါအတိုင်း စစ်‌‌ဆေးသိရှိနိုင်‌ပါ‌ကြောင်း အသိ‌ပေးအပ်‌ပါတယ်‌။ အနက်‌‌ရောင်‌ ဥုံ Phone Option >>>Setting >>>About မှာ 2.5 ဟုတ်‌မဟုတ်‌ သို့မဟုတ်‌ အဖြူ‌ရောင်‌ ဥုံ App open>>> Slide to Right >>> အ‌သေးစိတ်‌ပြင်‌ဆင်‌ရန်‌>>>About မှာ 3.0.26 ဟုတ်‌မဟုတ်‌ စစ်‌ကြည့်‌ပါ။ ကိုယ့်‌ App Version နိမ့်‌‌နေတယ်‌ အသစ်‌ယူချင်‌ရင်‌ ဒီမှာ ယူနိုင်‌ပါတယ်‌။  http://www.mediafire.com/download/cv9a9r1xb5jlz1o/HWH_For_Android_released_by_19July13.rar  ။
    HWH ဥုံ User's များအားလုံး များမကြာမီကျ‌ရောက်‌‌တော့မယ့်‌ ‌ဆောင်းရာသီ အ‌အေးဒါဏ်‌ကို ‌နွေး‌ထွေးစွာဖြင့်‌ လက်‌ကမ်းကြိုဆိုရင်း ‌ရွှေ ပ‌ဒေသာပင်‌ ‌ငွေပ‌ဒေသာပင်‌ များစွာဖြင့်‌ ကထိန်‌ သင်္ဃန်းများစွာဖြင့်‌ ဘုံကထိန်‌ပွဲ‌တော်‌အား စည်‌ကားသိုက်‌မြိုက်‌စွာ ပါဝင်‌နွှဲပျော်‌ရင်း ကုသိုလ်‌‌တော်‌များ ပွားများနိုင်‌ကာ ကိုယ်‌စိတ်‌နှစ်‌ဖြာ ကျန်းမာရွှင်‌လန်းနိုင် ‌ကြပါ‌စေ‌ကြောင်း ဆုမွန်‌‌ကောင်း ‌တောင်းလျက်‌...........
HWH ဥုံ Admin

No comments:

Post a Comment