Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 9 October 2013

HWH ဥုံ Usersများအတွက် စက်တင်ဘာလ အစီရင်ခံစာ By HWH ဥုံ Admin




မင်္ဂလာပါ HWH ဥုံ Users များခင်ဗျာ။ ယခုဆိုလျှင် ကျတော်တို့ App သက်တမ်းဟာ ၉လ ပြည့်ခဲ့ပြီး ဖြစ်ပါတယ်။ Windows Userများ သိသာစွာ မတိုးတတ်လာပေမဲ့ Android Userများဟာတော့ တစ်နေ့တခြား တိုးပွားလာနေတာ စစ်တမ်းများအရ တွေ့ရှိရပါတယ်။ စက်တင်ဘာလ အတွက် ဥုံ နှင့် Userတို့ အကြား ဆက်နွယ်ထူးခြားချက် များကို ဒုတိယလမြောက် အစီရင်ခံပါရစေ။ 
ပထမဦးစွာ ပြောကြားလိုတာကတော့ “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ” ဖြစ်ပါတယ်။ စက်တင်ဘာလမှာ မြန်မာနိုင်ငံနေရာဒေသ အသီးသီးက ပေးပို့လာတဲ့ သတင်း emailပေးပို့မှု အများဆုံး လတစ်လ ဖြစ်ခဲ့ပါတယ်။ ပေးပို့သူများမှာလည်း အချို့မှာ မိမိသတင်းအပေါ် တာဝန်ယူမူ အပြည့်ရှိသလို အချို့မှာလည်း တာဝန်ယူမူ့ လုံးဝမရှိသည့် အပြင် အတင်းအဖျင်း သတင်းပမာ ပေးပို့လာကြပါတယ်။ ကျတော်တို့အနေနဲ့လည်း အများပြည်သူအကျိုးရှေးရူသော မည်သည့်သတင်းမဆို အချက်အလတ်ပြည့်စုံပါက တင်ပေးလိုက်ပါတယ်။ သို့သော် တာဝန်ခံမူ မရှိသော ပုဂ္ဂိုလ်ရေးဆန်သော သတင်းများအား ယခုလမှစတင်ပြီး ပုံစံတမျိုးဖြင့် (မကြာခင် ဖော်ပြပေးပါမည်)အသိအမှတ်ပြုပြီးမှ တင်ပေးပါတော့မယ်။ အစတွင်တော့ ကျတော်တို့အနေဖြင့် အီလတ်တရောနစ်အက်ဥပဒေ အသက်မ၀င်သေးသရွေ့ လူထုအကျိုးရှေးရှုသည့် မည်သည့်သတင်းမဆို တာဝန်ခံမူ မရှိစေကာမူ ဖော်ထုတ်ရေးသားသွားဖို့ ဦးတည်ခဲ့ပါသည်။ ယခုအခါတွင်ကား ကျွန်ုပ်တို့၏ သတင်း၁ပုဒ်ဟာ ထိရောက်မူ အတော်ရှိခြင်းကို တွေ့လာရပါသည်။ “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”ရှိ သတင်း၁ပုဒ်သည် သက်ဆိုင်ရာဒေသရှိ ပြည်သူများ နိုးကြားစွာသိရှိ၍ တဆင့်စကားဖြင့် သတင်းရည်ရွယ်ချက်ကို ပြုပြင်ပေးခြင်း၊ သက်ဆိုင်ရာ ၀န်ကြီးဌာနမှ တိုက်ရိုက်ညွှန်ကြားခြင်းများ၊ ပြည်သူများ အထင်လွဲမှားနေသည့် ကိစ္စရပ်များအား ပွင့်လင်းမြင်သာစွာ ပြန်လည်ဖြေရှင်းခြင်း၊ လုပ်ဆောင်ခြင်းများရှိလာသည်ကို တွေ့မြင်ရပါသည်။ သို့ဖြစ်ပါ၍ သတင်းများအား စနစ်တကျ စီစစ်ရွေးချယ်ပြီးမှ တင်ပြပေးသွားပါတော့မယ်။





ဒုတိယအနေဖြင့် ကျေးလတ်နေပြည်သူအများရဲ့ သတင်းပေးပို့မူဆိုင်ရာ နည်းပညာ အခက်အခဲကိစ္စ ပြောချင်ပါတယ်။ စက်တင်ဘာလထိ သတင်းပေးဝန်ဆောင်မူအား hwhforandroid@gmail.com emailဖြင့်သာ လက်ခံသော်လည်း အချို့သော email(gmail...)မရှိသူများက ကြော်ငြာကဏ္ဍမှ ဖုန်းနံပါတ်ကို ဆက်သွယ် သတင်းပေးမူ အတော်များပါသည်။ ကျတော်တို့ အနေဖြင့်လည်း ထိုသို့ ဆက်သွယ်သတင်းပေးခြင်းအား လက်မခံသော်လည်း အနူးအညွှတ်ပန်ကြားမူကြောင့် ဖုန်းSMSမှ လက်ခံခဲ့ပါသည်။ မကြာမီကာလတွင် Gmailဖြင့် သတင်းရေးသား ပေးပို့ပုံကို အထက်ပါ ပုဂ္ဂိုလ်များ အဆင်ပြေစေရန် တင်ပြပေးသွားပါမယ်။

ဒုတိယပိုင်းအနေဖြင့် HWH ဥုံ အဖြူရောင် V3... Userများ အတွက် ကလောင်စွမ်းရည်ဖြင့် အင်အားဖြည့်ပေးနေသော HWH ဥုံ Authorများကိုလည်း ဤနေရာမှ မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါတယ်။ Facebookသုံးသူများအနေဖြင့် HWH For Android ဟု Facebook Search Boxတွင် ရှာဖွေ၍ Like လုပ်ကာ Authorများရဲ့ သုတ ရသ စာပေများစွာကို ခံစားနိုင်ကြောင်း အသိပေး သတင်းကောင်းပါးအပ်ပါတယ်။

နောက်ဆုံးအနေဖြင့် ပြောကြားလိုသည်က မေတ္တာရပ်ခံခြင်း တောင်းပန်လိုခြင်းဖြစ်ပါတယ်။ စက်တင်ဘာလမှာဆိုရင် Appမှာ ကြော်ငြာကဏ္ဍ တွင်ကျယ်စွာ လုပ်ဆောင်လာခဲ့ပါတယ်။ ၎င်းအတွက် မျက်စိရှုပ်ခဲ့လျှင် ဖြစ်ပါတယ်။ သို့ပေမဲ့ စက်တင်ဘာလမှ စတင်ပြီး Adminများ တိုးချဲ့ကာ ဆောင်ရွက်စေခြင်းများ ရှိလာပါတယ်။ အားလုံးဟာ သမုဒ္ဒရာဝမ်းတထွာအတွက် လုံ့လပြုနေသူများမို့ မိမိတို့ ဖုန်းBillဖိုးလောက်တော့ ဒီAppကနေ ရချင်ကြပါတယ်။  ကြော်ငြာများကိုလည်း Userများ စိတ်အနှောက်ယှက် မဖြစ်စေရန် တစ်နေ့၃ခုထပ်မပိုဖို့  ညွှန်ကြားထားပါတယ်။ ကျတော်တို့ Appသုံးစွဲသူတစ်ယောက်ဟာ အင်တာနက်လောကကို တစ်လုံးတစ်ဘတမျှ မသိစေကာမူ နာမည်ကျော် Facebook, Gmail မသိစေကာမူ မိမိဖုန်း/ကွန်ပျူတာတွင် အင်တာနက် အနည်းငယ်မျှရှိရုံ ဖွင့်ရုံဖြင့် UPDATE သို့ အင်တာနက်ပေါ်က ကောင်းမွေ ဆိုးမွေ အားလုံးကို ခံစားနိုင်ဖို့ လုံးဝတာဝန်ယူပါတယ်။ ဒီလို up to date, up to second ဖြစ်ဖို့ ကျတော်တို့ အမြဲတမ်း အင်တာနက်ကို ရှာဖွေလေ့လာနေရပါတယ်။ ကျတော့်တို့ Userတွေအတွက် အကောင်းဆုံး နဲ့ အလွယ်ကူဆုံး အရာတစ်ခု ပေးဖို့အတွက်ပါ။ ဒီအတွက်လည်း ကျတော်တို့ ကြိုးစားနေပါတယ်။

နိဂုံးချူပ်အနေနဲ့ မိမိရေးသားပေးပို့တဲ့ သတင်းတစ်ပုဒ်၏ ဇက်လိုက်နေရာတွင် မိမိသာဆိုလျှင် ဆိုသော ကိုယ်တိုင်သရုပ်ဆောင် ခံစားမူဖြင့် သတင်း၏အကျိုးအကျေးဇူးကို မှန်းဆ နိုင်ကာ ကိုယ့်ရွာ၊ ကိုယ့်မြို့၊ ကိုယ့်တိုင်ဒေသကြီး၊ ကိုယ့်နိုင်ငံအတွက် အုတ်တချပ်သဲတပွင့် စေကာမူ ပြည်သူများ ယုံကြည်အားကိုးလောက်သော သတင်းသမားများအဖြစ် ဂုဏ်ယူနိုင်ကြစေလိုပါတယ်။ နောက်တခုက ကျတော်တို့ Appကို ကြည့်ရှုပြီး ဦးနှောက်တထောင့်တနေရာမှ လူ့မူအကျိုးစီးပွားဖြစ်ထွန်းစေမည့် အရာများကိုလည်း မိမိပတ်ဝန်ကျင်သို့ မျှဝေခံစားကာ တိုတောင်းလှတဲ့လူဘ၀မှာ လူသားတွေအတွက် တန်ဘိုးထားတတ်ပါစေ။
HWH ဥုံ User များအားလုံး များမကြာမီ ကျရောက်တော့မည့် သီတင်းကျွတ်ပွဲတော် အခါသမယဝယ် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းစွာ ပါဝင်ဆင်နွှဲနိုင်ပြီး ကိုလူပျို မအပျိုကြီးများလည်း ဒီဝါကျွတ်ဝယ် အပြီနွှဲဖို့. မဆိုင်းမတွအားခဲထားကြသူများ အားလုံးလည်း ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်...

HWH ဥုံ Admin

No comments:

Post a Comment