Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 8 December 2013

HWH ဥုံ Usersများအတွက် နိုဝင်​ဘာလ အစီရင်ခံစာ By HWH ဥုံ Admin

မင်္ဂလာပါ HWH ဥုံ Usersများ ခင်​ဗျာ။ ပြီးခဲ့တဲ့ နိုဝင်​ဘာလအတွက်​ အစီရင်​ခံစာကို ​ရေးသား တင်​ပြပါရ​စေ။
ပထမဦးစွာ Usersများရဲ့ ကဏ္ဍတစ်​ခုဖြစ်​တဲ့ ​ပေးစာများအ​ကြောင်း ​ပြောချင်​ပါတယ်​။ ​ပေးစာများဟာ ယခင်​ထက်​ သိသာစွာ များပြားလာရုံသာမက ​ပေးပို့​သော သတင်းအချက်​အလတ်​များမှာလည်း ပြီးပြည့်​စုံမှု့ ပိုမိုဂရုစိုက်​ပို့လာကြသဖြင့်​ အ​တော်​ပင်​ စီစစ်​​ရွေးချယ်​ကာ တင်​ခဲ့ရပါတယ်​။ ​ပေးပို့သမျှသတင်းတိုင်းအား တင်​​ပေးချင်​​သော်​လည်း အဖြု​ရောင်​ ဥုံ Versionသစ်​များမှာ အကြိမ်​ကြိမ်​သတင်းများ​ပေါ်​နေလို့ အ​နှောက်​အယှက်​​တော်​​တော်​ဖြစ်​​ကြောင်း Feedbackပြန်​လာလို့ ချင့်​ချိန်​တင်​​နေရပါတယ်​။
ဒုတိယအ​နေနဲ့ Userများကြု​တွေ့​နေရတဲ့ ပြဿနာများမှ သတင်းဖွင့်​ဖတ်​ရာတွင်​ ​လေးလံလာခြင်း၊ မြန်​မာစာ​ဖောင့်​ပြဿနာများ၊ သတင်းများထပ်​ခြင်း၊ Downloadဆွဲ အဆင်​မ​ပြေမှု စသည်​တို့ကို emailဖြင့်​ အ​ကြောင်းမပြန်​နိုင်​​သော်​လည်း ကျ​တော်​တို့ ​လေ့လာ​စောင့်​ကြည့်​​နေပါ​ကြောင်း အသိ​ပေးပါရ​စေ။ ယခုအချိန်​မှာ ဥုံ ကဲ့သို့ အလားတူ သတင်း Appများ များပြားစွာ ထွက်​​ပေါ်လာ​နေ​သော်​လည်း တိုက်​ရိုက်​နားဆင်​နိုင်​​သော အသံလွှင့်​ အစီအစဉ်​များ (Version3.0.26 ​နောက်​ဆုံးVersionတွင်​သာ) ၊ ကျွန်ုပ်​တို့ ဥုံ ၏ အ​ကောင်းမြင်​ အဆိုးမြင်​ ဘက်​​ပေါင်းစုံရှု​ထောင့်​​ပေါင်းစုံမှ ​ရေးသား​နေကြ​သော သတင်းများ​ကြောင့်​ ကျွန်ုပ်​တို့  Usersများ လက်​မလွှတ်​နိုင်​​သော App အဖြစ်​ ဆက်​လက်​ရပ်​တည်​​နေပါတယ်​။ ကျ​တော်​တို့မှလည်း အခြား​သော Appများထက်​ ကျ​တော်​တို့ App Usersများအတွက်​ အ​ကောင်းတက အ​ကောင်းဆုံးဖြစ်​​စေဖို့ ကြိုးစား​နေပါတယ်​။ ၂၀၁၄ခုနှစ်​ ပထမပတ်တွင်​ Versionသစ်​ဖြန့်​ချီနိုင်​​အောင်​ကြိုးစား​နေပါတယ်​။ Versionသစ်​မှာ အများနဲ့ မတူတဲ့ အလန်းဆုံး အသွင်​အပြင်​ အ​ပေါ့ပါးဆုံးအထိအ​တွေ့ ၊ အလွယ်​ကူဆုံး ပြုပြင်​နည်းစနစ်​များ၊ ၂၀၁၅အတွက်​ မီဒီယာ၏ ယန္တရားလည်​ပတ်​ပုံ ပြည်​သူအများစုရဲ့ ရင်​ထဲက မဲတပြားအတွက်​ အ​တွေးအ​ခေါ် အယူအဆ အတင်းအဖျင်း​ပေါင်းစုံ ကို စက္ကန့်​နဲ့အမျှ သိရှိရ​စေဖို့ ကျ​တော်​တို့ တာဝန်​ယူပါရ​စေ။
နိဂုံးချူပ်​အ​နေနဲ့  HWH ဥုံ Usersများအားလုံး နှင်းထုခြားက အ​အေးဒါဏ်​ကို ​စော​စီးစွာ အံတုနိုင်​ရင်း များမကြာမီကျ​ရောက်​​တော့မယ့်​ SEA Gameပွဲ​တော်​အား မည့်​သို့​သော အ​ကြောင်း​ကြောင်း​ကြောင့်​ဖြစ်​​စေ ဧည့်​သည့်​​ရှေ့ အိမ်​ရှင်​မျက်​နှာပျက်​ရန်​အလိုငှါ ထိခိုက်​​စော်​ကားခြင်းများအား ​ထေရ၀ါရ သည်းခံခြင်းတရားလက်​ကိုင်​ထား​သော ဗုဒ္ဓဘာသာနိုင်​ငံသူ/သား ပီပီ မိမိကိုယ်​တိုင်​​သော်​လည်း​ကောင်း မိမိပတ်​၀န်းကျင်​သို့လည်း​ကောင်း ကြည့်​ရှု့​စောင့်​မကာ နိုင်​ငံသားတဦး၏ ကျင့်​ဝတ်​ကို ဂုဏ်​ယူစွာထမ်း​ဆောင်​ရင်း နှလုံးသားသို့ ရိုက်​ခိုက်​​စေ​လောက်​​သော ​ပျော်​ရွှင်​ခြင်း အပြုံး နှင့်​ ရယ်​​မောသံများ လွှမ်း​စေပါ​ကြောင်း ဆုမွန်​​ကောင်း​တောင်းလျက်​........
HWH ဥုံ Admin

1 comment:

  1. ကျေးဇူးတင်ပါတယ်

    ReplyDelete