Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 22 October 2013

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့ နယ်၊ မောရဂီဝါရပ်ကွက်တွင်19နှစ်တိတိမြေဂရန်ချထားမပေး >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

 မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့  နယ်၊ မောရဂီဝါရပ်ကွက်၊ အကွက်
(၆၈၁)သည် (၁၉၉၄)ခုနှစ် ဧပြီလ(၅)ရက်နေ့တွင်
   မီးစတင်လောင်ကျွမ်းခဲ့ပါတယ်။ယေ
န့ (၂၀၁၃)ခုနှစ်ထိ
(၁၉)နှစ်ရှိပြီးဖြစ်သောလည်း မြေဂရမ်များချထားမပေးခဲ့ပါ။လျှေက်ထားလို့မရ
  ဖြစ်နေပါတယ်။မီးလောင်မြေ  မြေပုံအတည်မပြုရသေးလို့ဆိုပြီးချမပေးခဲ့ပါ။
   ၁။  အဓိကပြသနာကတော့ ဗလီဝင်း အတွင်းနဲ့ အပြင်ဘက်တန်း (ဂရမ်မြေ)များကို
ပိုင်းခြားပြီး ပေ(၂၀)ပတ်လမ်းဖောက်လုပ်၇န်ဆိုကာ
   မြို့တော်ဝန်ဖုန်းဇော်ဟန်မှ (ခ.၀.တ ) မှေ၇းဆွဲခဲ့သောမြေပုံတွင်
လမ်းအသစ်ဖောက်လုပ်၇န်(မီးသတ်ကား ၀င်၊ထွက် နိုင်ရန်)ဟုဆိုကာ
  ထည့်သွင်းလိုက်ပါတယ်။အပြင်ဘက်တန်း (ဂရန်မြေ) နေသူများကို
လမ်းနှင့်မလွတ်သည် မြေပိုင်ရှင်များကိုဖျက်ပေးရန်လက်မှတ်ထိုး
  ခိုင်းရာ အားလုံးမှ ထိုးပေးသောလည်း (၇၅)လမ်းနေသူ (၃)ဦး မှ ထိုးမပေးခဲ့ပါ။
  ၂။ မန္တလေးခရိုင်အထွေထွေအုပ်ချုပ်းရေးဦးစီးဌာန (ခ.၀.တ) မှ ပေ (၂၀) လမ်း
ကိုဖောက်လုပ်ပေးခဲ့ပြီးဖြစ်ပါတယ်။ဗလီဝင်းအတွင်းကို
  (၃၄ လမ်း မှ ၃၅ လမ်း) ။ (၇၄လမ်း မှ ၇၅လမ်း)
ဝင်နိုင်၊ထွက်နိုင်ပါတယ်။(မြေပုံတွင်ကြည့် နိုင်ပါတယ်။)
   ၃။ မြိုတော်ဝန် ထည့်သွင်းလိုက်တဲ့ ပေ(၂၀)ပတ်လမ်းဟာ လမ်းဖောက်မယ်ဆိုရင်
ဗလီဝင်းအတွင်း ဗလီပိုင်မြေမှာနေသူများသာအကျိုးရှိ
   မှာဖြစ်ပြီးအပြင်ဘက်တန်း(ဂ၇န်မြေ) မှာနေသူများက  မိမိပိုင်မြေကို
ဗလီပိုင်မြေမှာနေသူများအတွက်လမ်းပေးရမလိုဖြစ်နေပါတယ်။
  ၄။ ယခုလက်ရှိအပြင်ဘက်တန်းနေသူများမှာနိုင်ငံတော်ကို
(မြေခွန်၊ရေခွန်၊သန့်ရှင်းရေးခွန် စသော
အခွန်အမျိုးမျိုးကို)ထမ်းဆောင်နေသူ
 များဖြစ်ပြီး ဂ၇န်မြေပိုင်ရှင် (၆၃)ဦး ရှိပြီး ၊ ဗုဒ္ဓဘာသာဝင်
(၃၂)ဦးရှိပါတယ်။ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်များ ကိုလည်းသနားညှာတာပေး
 ပါ။မြေဂရမ်ရရှိရေး ကိုလည်းဆောင်ရွက်ပေးပါ။
သမ္မတကြီးကို လည်းတင်ပြပေးပါ။ယခုအသစ် ရောက်လာတဲ့ မြို
့တော်ဝန်ဦးအောင်မောင်း ကိုလည်း မြေဂရမ်များချထားပေးဖို့ တိုက်
တွန်းပေးပါလို့ အသနာခံတင်ပြလိုက်ပါတယ်။
  (ယခုလက်ရှိနေထိုင်နေတဲ့ မြေပုံကိုပူးတွဲ ပေးပို့လိုက်ပါတယ်။)
 ၁။မြေပုံတွင် အစိမ်းဖြင့် ပြထားသောနေရာသည် ဗလီပိုင်မြေ

၂။မြေပုံတွင်အနက်ဖြင့်ပြထားသောနေရာသည်(ခ၀တ)မှဖောက်လုပ်ထားသော (၂၀) လမ်းဖြစ်ပါတယ်။
 
 
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment