Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 13 October 2013

အသက်အာမခံထားတဲ့ငွေ တိုးပေးနိုင်ပါရန် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

   သမ္မတကြီးနင့်တကွ လွတ်တော်ကိုယ်စားလှယ်တော်ကြီး
ခင်ဗျား- - -
    လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅ နှစ်ကျော်၁၉၇၉ ခုနှစ်က ကျွန်တော်တို့ ပညာ
ရေးဝန်ထမ်းတွေကို အကြီးအကဲတွေအဆင့်ဆင့်ရဲ့ တိုက်တွန်းချက်အရ -
အသက်အာမခံ မဖြစ်မနေ ထားရမယ်ဆိုတော့ နိုင်ငံတော် အကြီးအကဲများ
ဟာ တို့ဝန်ထမ်းတွေ ရဲ့ နောင်ရေး အတွက် ဂရုစိုက်ပါလား လို့                         
                            ဝမ်းသာအားရစွာနဲ့  အသက်အာမခံငွေ ၅၀၀၀ ကျပ်ထားပြီး လစဉ် လစာငွေထဲက
၁၂  ကျပ်ခန့် ဖြတ်တောက်ပြီး ဘဏ်သို့သွင်းခဲ့ရတာ အခုထိပါပဲ - -
   အခု သက်ပြည့် ပင်စင်ယူပြီး အသက်အာမခံငွေ ထုတ်ယူမယ်ဆို
တော့ - -  ၅၀၀၀  ကျပ် က  ၅၀၀၀ ကျပ်ပဲဆို
တော့ - -သွားပါပြီ  လုပ်ကြပါဦး - -
   လွန်ခဲ့တဲ့  ၁၉၇၉ ခုနစ်က
မူလတန်းပြဆရာတစ်ယောက်ရဲ့ - -
   လစာငွေဟာ    -     ၁၃၀  ကျပ်
အခုလစာဟာ      -၆၇၀၀၀  ကျပ်
တိုးငွေ အဆ       -      ၄၀၀  ကို
နိုင်ငံတော်အကြီးအကဲများက တိုးပေး
တယ် - -
   ကျွန်တော်တို့ ပင်စင်ထားစဉ်ကမသေလို့အသက်ပြည့် ပင်စင်ယူခဲ့ရင်
ထားခဲ့တဲ့ အသက်အာမခံငွေရယ်လုပ်သက်ပြည့်ရမဲ့ ဆုကြေးလေးနဲ့
ဆိုရင်တော့ ဘုရားသွားကျောင်းတက်
သွားဘို့ ဂျစ်ကားစုတ်လေး တစီးလောက်တော့  ဝယ်မယ်ပေါ့ -
        အခုတော့ ဂျစ်ကားစုတ်မပြောနဲ့
စက်ဘီးစုတ်တောင်မရနိုင်တော့
   ကျွန်တော်တို့ ထားခဲ့ရတဲ့ အသက်အာမခံငွေကလေးကို  လစာ
နှန်းထားတိုးပေးမယ်ဆိုရင်  ယခင်က
အသက်အာမခံထားခဲ့ကြတဲ့ ဌာနဆိုင်
ရာ ဝန်ထမ်းများ ဝမ်းသာကြမှာပါ - -      

ပညာရေးဝန်ထမ်း
      ပွင့်ဖြူမြို့နယ်

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။                  

No comments:

Post a Comment