Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Monday 20 January 2014

ကျောက်ကပ်လှူရန်ရှိသည် ဦးနန္ဒောဘာသ ဘီသွေး ဆက်သွယ်ရန်လိပ်စာ မကွေးတိုင်းဒေသကြီးပေါက်မြို့ နယ် ကမ်းပျို အုပ်စု အင်းယာကျေးရွာ ၀၉၄၂၂၅၄၇၂၆၇

ကျောက်ကပ်လှူရန်ရှိသည်
 ဦးနန္ဒောဘာသ ဘီသွေး
ဆက်သွယ်ရန်လိပ်စာ
မကွေးတိုင်းဒေသကြီးပေါက်မြို့ နယ်
ကမ်းပျို အုပ်စု အင်းယာကျေးရွာ
၀၉၄၂၂၅၄၇၂၆၇


Tuesday 14 January 2014

HWH ဥုံ ဗားရှင်းသစ်များ Download ဆွဲယူရာတွင် အခက်အခဲရှိသူများအတွက် အသိပေးကြေညာချက် နှင့် “ံHWHဥုံ ပေးစာတိုင်စာ၊ရင်ဖွင့်စာကဏ္ဍ” သို့ ပေးပို့သောသတင်းများအား ဗားရှင်းသစ်များတွင်သာ ဖတ်ရူနိုင်တော့မည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားခြင်း



HWH ဥုံဗာရှင်းသစ်များအားလွတ်လပ်ရေးနေ့(၄.၁.၂၀၁၄) ရက်နေ့တွင် စတင်ဖြန့်ချီခဲ့ပါသည်။ Android အတွက် ၃မျိုး Windows Computerများအတွက် ၁မျိုးဖြစ်သည်။ ၎င်းတို့မှာ
ပေါ့ပါးသွက်လက်၍ ပြည့်စုံတိကျသော  Up to Second လျှင်မြန်လှသောသတင်းသီးသန့် ဆိုသူများအတွက် HWH ဥုံ News (v4.4) ဗားရှင်းဒီမှာရယူပါ။ Download ဆွဲနည်းအထူးအသိပေးချက်တွင်ဖတ်ပါ။

(သို့)

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

သုတ၊ရသ၊ကျန်းမာရေး၊နည်းပညာ၊ အလှအပ(18+ Official) အတွက် HWH ဥုံ Feel (v4.4)ဗားရှင်း ဒီမှာရယူပါ Download ဆွဲနည်းအထူးအသိပေးချက်တွင်ဖတ်ပါ။
(သို့)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မြန်မာဖောင့် တလွဲပေါ်တတ်သောဖုန်းများ၊ Userစိတ်ကြိုက် ပြင်ဆင်ဖြည့်စွက်နိုင်သော Sourceများအတွက် HWH ဥုံ U (v3.3) ဗားရှင်းဒီမှာရယူပါ Download ဆွဲနည်းအထူးအသိပေးချက်တွင်ဖတ်ပါ။
(သို့)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Windows Computer XP/7/8များ အတွက်ကတော့ဒီမှာရယူပါ Download ဆွဲနည်း အထူးအသိပေးချက်တွင်ဖတ်ပါ။

အထူးအသိပေးချက်။ 
၁။ Download Link များအားဥုံ Browserဖြင့် မဖွင့်ဘဲသေချာစွာCopyကူးယူပြီးမိမိဖုန်း/Tabletထဲရှိအင်တာနက်ဖွင့်သုံးလေ့ရှိသောBrowser( Browser/ Dolphin Browser/ Mozilla/ One Browser/ Light Browser/ Chrome Browser)တစ်ခုခုသုံး၍ Downloadဆွဲပါက လုံးဝ အဆင်ပြေပါမည်။ ပုံဥပမာကြည့်လိုပါက ဒီနေရာနှိပ်ပါ။
၂။ HWH ဥုံ U (v3.3) ဗားရှင်းသုံးသူများသတင်းများထောင်ချီတတ် တတ်သောကြောင့် သတင်းများဖတ်ပြီးတိုင်းဖုန်း/Tablet အောက်ခြေရှိ ခလုတ်၃ခုမှ option ခလုတ်နှိပ်>>> Delete All ကို နှိပ်ပေးပါ။
၃။ Windows Computer XP/7/8များတွင် Install မလုပ်မီ RAR ဖိုင်ဖြည်ပြီး Read Me First ကိုဖွင့်ပြီး ပြထားသည့် အတိုင်းတိကျစွာလုပ်ဆောင်ပါ။

Friday 10 January 2014

မြန်မာဘလော်ဂါများသို့ ဦးညွတ်မိခြင်း

မြန်မာနိုင်ငံမှဘလော်ဂါအများစု(ကျနော်အပါအ၀င်)ဟာ ချမ်းသာချင်လို့ဘလော့ရေးနေကျတာမဟုတ်သလိုချမ်းသာနေလို့ ဘလော့ရေးနေကျတာလဲမဟုတ်ပါဘူး။ အချိန်အခက်အခဲ၊ငွေကြေးအခက်အခဲတွေကိုလစ်လျူရှုဝါသနာကိုအရင်းခံပီးအများမသိသေးတာတွေ၊အများအကျိုးကိုရှေးရှုပီးဒုက္ခခံပေးနေကျတာပါ။ဘလော်ဂါတယောက်ရဲ့အခက်အခဲကိုကိုယ်တိုင်ဘလော့ရေးကြည့်မှသိတာပါ။အထူးသဖြင့်
IT Blogger တွေဆိုရင်သာတောင်ဆိုးပါတယ်။ဆိုးရွားလှတဲ့MPTရဲ့connectionမှာuploadလုပ်ရတာတွေ၊downloadလုပ်ရတာတွေ၊အများကတောင်းဆိုလို့blogအပြင်ဖုန်းနဲ့ပါမေးသမျှကိုစိတ်ရှည်စွာဖြေပေးရတာတွေ၊ဒါလေးရှာပေးပါဦး၊ဟိုဟာလေးရှာပေးပါဦးနဲ့အခမဲ့ဝန်ဆောင်မှုပေးရတာပါ။အင်မတန်စိတ်ရှည်မှအောင်မြင်တဲ့bloggerတစ်ယောက်ဖြစ်နိုင်တာပါ။adflyနဲ့တခြားAdsတွေကနေရတဲ့ငွေကြေးဆိုတာကလဲတကယ့်ကိုမပြောပလောက်တဲ့billဖိုးတောင်မကာမိတဲ့ငွေကြေးပါ။ကျနော်ဆိုရင်20Mbကျော်တဲ့ဖိုင်တစ်ခုကိုကိုယ်ကိုတိုင်uploadလုပ်ဖို့ဆိုတာမစဉ်းစားရဲသလောက်ပါ။farmwareဆိုဝေလာဝေးပေါ့။ကျနော်ဆိုရင်စိတ်မရှည်စွာနဲ့deleteလုပ်ပြစ်ရတဲ့ဘလော့တွေလည်းမနည်းတော့ပါဘူးဗျ။ရေးနေရင်းခနခနလိုင်းကျလို့ကိုယ့်ဖုန်းကိုကိုင်ပေါက်ပလိုက်ချင်စိတ်ကလဲတော်တော်ထိန်းယူရပါတယ်။မြန်မာနိုင်ငံကconnectionဆိုးဝါးကြောင်းကိုဆက်ပြောနေရင်လဲကိုယ့်ပေါင်ကိုလှန်ထောင်းရာပဲကျပါလိမ့်မယ်။browsersတွေလဲစုံနေပါပီ။Chrome,Firefox,Light,Boat,Puffin,Methon,One,Baidu,Dolphinတစ်ခုနဲ့မှအဆင်မပြေသလိုIDM,ADMလဲမကယ်နိုင်။Speed bosterတွေလဲမျက်နှာငယ်လေးနဲ့။ဒါပေမဲ့ဝါသနာပါလွန်းတော့လဲခုလူမသိသူမသိဘလော့လေးတခုကိုပြန်ရေးနေရင်းဒုက္ခတွေကြားမှာဘ၀တူဘလောဂါတွေကိုလေးစားစိတ်၊အားကျစိတ်နဲ့ဂုဏ်ပြုချင်စိတ်ပေါက်လာလို့ခုလိုဦးညွတ်လိုက်ပါတယ်။
ကိုပြည့်(ကျောက်ပန်းတောင်း)
nayzawaung.mtl@gmail.com
shareforandroid@gmail.com

Wednesday 1 January 2014

၂၀၁၃ နှစ်ဟောင်းကုန်ဆုံး၍ ၂၀၁၄ နှစ်သစ်သို့ ကူးပြောင်းတော့မည် ။ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

၂၀၁၃ ခုနှစ် ဟာ လူသားအားလုံးနဲ့ 
သတ္တဝါအားလုံးကိုနှုတ်ဆက်ဖို့ ရက်ပိုင်း
လေးဘဲကျန်တော့သလို ၂၀၁၄ ခုနှစ်
နှစ်သစ်လဲ လူသားအားလုံးနဲ့ သတ္တဝါအား
လုံးကိုကြိုဆိုနှုတ်ဆက်ဖို့ အသင့်စောင့်ကြို
နေပါပြီ။ကဲ ကျနော်တို့ တစ်တွေနှစ်ဟောင်း
မှာဘာတွေလုပ်ခဲ့ကြလဲ ဘာတွေဖြစ်ခဲ့ကြ
လဲ နောင်လာမယ့်နှစ်သစ်မှာကောဘာတွေ
လုပ်ကြမလဲ ဘာတွေဖြစ်မလဲ သုံးသပ်
ကြည့်ရအောင်။
ယခုမကုန်သေးတဲ့နှစ်ဟောင်းမှာ
နိုင်ငံတော်သမ္မတကြီးနဲ့ အစိုးရအဖွဲ့ ဟာ
နိုင်ငံတော်အတွင်းမှီတင်းနေထို
င်ကြတဲ့
တိုင်းရင်းသားနိုင်ငံသူနိုင်ငံသားများအတွက်
ယခင်အစိုးရမင်းများလက်ထက်ကမလုပ်ခဲ့
တဲ့အလုပ်တွေကိုတိုင်ပင်နှီးနှောဆွေးနွေးကြံ
ဆပြီးပြည်သူတွေရဲ့လိုအပ်ချက်တွေအား
လုံးမဟုတ်တောင်မှအထိုက်အလျောက်
ဆောင်ရွက်ပေးနေတာကျနော်အပါအဝင်
ဘယ်ပြည်သူမှငြင်းနိုင်မယ်မထင်ပါ။ဒီနေရာ
မှာအခုရေတွင်းတူး အခုရေကြည်သောက်
ဆိုတာတော့ဘယ်တော့မှမဖြစ်နိုင်ပါ
အပြောလွယ်သလောက်အလုပ်ခက်ပါလိမ့်
မည် လွယ်ပါတယ်ကွာလို့ ပြောတဲ့သူဟာ
မှအတွေ့ အကြုံမရှိတဲ့သူသာဖြစ်ပါလိမ့်မယ်
ကမ္ဘာကျော်ပညာရှင်ကြီးကွန်ဖြူးရှပ်က
" တိုင်းပြည်တစ်ခုကိုအုပ်ချုပ်ဖို့ ထက်မိမိ
မိသားစုကိုအရင်အုပ်ချုပ်ကြည့်ပါ " လို့ မိန့်
ခဲ့ဘူးပါတယ်။မှန်ပါတယ် မိမိရဲ့မိသားစုအ
တွင်းမှာပင်လိုအင်ဆန္ဒတွေပြည့်နိုင်ဖို့ ရာ
မလွယ်နိုင်ပါ တစ်ဦးဦးအတွက်တစ်ခုခုတေါ့
လိုနေမှန်အမှန်ဖြစ်ပါတယ်။ကျနော်ဟာဝန်
ထမ်းတစ်ဦးဖြစ်တဲ့အတွက်ဘယ်ပါတီဝင်မှ
မဟုတ်ပါ ။တိုင်းပြည်အတွက်အမှန်ကိုအမှန်
အတိုင်း အမှားကိုအမှားအတိုင်းတင်ပြသွား
မှာဖြစ်ပါတယ်။မတိုက်ဆိုင်သူများအတွက်
တော့ကြေနပ်မည်မထင်ပါ။နိုင်ငံတော်ရဲ့
အရေးကြီးလှတဲ့ပြည်ထောင်စုလွှတ်တော်
ပြည်သူ့ လွှတ်တော် အမျိုသားလွှတ်တော်
တွေကလဲပြည်သူတွေအတွက် နိုင်ငံတော်
အတွက်မလိုအပ်တဲ့ဥပဒေဟောင်းတွေကိ
ပြင်ဆင်ဖျက်တန်တာဖျက် အစားထိုးတန်
အစားထိုး လုပ်နေကြတာပြည်သူတွေအသိ
ပါ ဝန်ထမ်းတွေလစာတွေနှစ်စဉ်အဆင့်ဆင့်
တိုးမြှင့်ခံစားရအောင် ပင်စင်စားကြီးတွေ
အတွက်မမျှော်လင့်ရဲတဲ့ပင်စင်လစာတိုးမြှင့်
ခံစားခွင့်ပြုခဲ့တာတွေ ဆင်းရဲနွမ်းပါးမှုလျှော့
ချရေးအစီအစဉ်တွေဆွဲပြီးအဆင်ပြေအေါင်
ဆောင်ရွက်နေတာတွေအပြင် အခုနိင်ငံ
အမြန်ဆုံးဖွံ့ဖြိုးတိးုတက်ရေးအတွက်လွှတ်
တော်ကိုယ်စားလှယ်များမိမိမြို့ နယ် မြို့ 
ရပ်ကွက် ကျေးရွာများဖွံ့ ဖြိုးရေးရန်ပုံငွေ
သိန်းတစ်ထောင်စီမံကိန်းကိုလဲယခု၂၀၁၃
-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်
ဖို့ လဲလုပ်နေပါပြီ။ တစ်ဖက်ကလဲမြေယာ
သိမ်းမှုပြဿနာတွေဖြေရှင်းနေရ လက်ပံ
တောင်ကြေးနီစီမံကိန်းမှာအရင်အစိုးရက
ခိုင်ခိုင်မာမာစာချုပ်တွေနဲ့ ချုပ်ဆိုခဲ့တါ
တောင်မှပြည်သူတွေနစ်နာမှုမှမရှိစေရေး
အတွက်သက်ဆိုင်ရာကုမ္ပဏီတွေနဲ့ညှိနှိုင်း
ဆောင်ရွက်ပေးနေတာတွေဟာနိုင်ငံတော်
ရဲ့စေတနာတွေပါ။ တစ်ဖက်မှာလဲ ၂၀၁၅
ခုနှစ်မှာနိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်မှုကိုလက်
ခံလာကြတဲ့မိတ်ဖက်နိုင်ငံများ အိမ်နီးချင်း
အာရှ အာဆီယံနိုင်ငံများရဲ့ထောက်ခံမှုအရ
အာဆီယံဥက္ကဌရာထူကိုလဲဂုဏ်ယူဝင့်ကြွား
စွာနဲ့ တာဝန်စတင်ယူနေပြီလဲဖြစ်ပါတယ်။
ဒါ့အပြင်ကျနော်တို့ နိုင်ငံကိုအမြဲအထင်အ
မြင်သေးခဲ့တဲ့နိင်ငံတွေရှိမှာပါ။ဘာလို့ လဲဆို
တော့အခု ၂၀၁၃ ဆိုတာကျနော်တို့ ဂုဏ်
ယူရမယ့်နှစ်ပါ။ကြည့်ပါ ၂၀၁၃ ခုနှစ်မှာ
အရှေ့တောင်အာရှအားကစားပွဲSEA GAME
ကိုတာဝန်ယူရတော့ ဒီနိုင်ငံမလုပ်နိင်ပါဘူး
ကွာဆိုပြီးအထင်သေးမှာပါ။ဘာလို့ လဲဆို
တော့အရင်ကအစိုးရကောပြည်သူပါညီညာ
မှုမရှိညီညွတ်မှမရှိဘဲ။အခုဆီးဂိမ်းကြီးက
အစိုးရနဲ့ ပြည်သူတွေဘယ်လောက်ညီညွတ်
သလဲ အစိုးရကလဲပြည်သူအားမပါဘဲမရ
သလို ပြည်သူကလဲအစိုးရမပါလို့ မဖြစ်ဖူး
ဆိုတာပြလိုက်တာဘဲ။ဆီးဂိမ်းဖွင့်ပွဲဆိုမဖြစ်
နိုင်ဘူးဆိုတဲ့သူတွေတောင်အံ့သြရတဲ့အထိ
ကိုဖြစ်ကုန်တာမို့ လား။ဒါနိုင်ငံ့အောင်ပွဲ
ပြည်သူ့ အောင်ပွဲလေ ဘယ်လောက်ကျက်
သရေရှိလိုက်လဲ ကမ္ဘာ့နိုင်ငံခေါင်းဆောင်
တွေဆိုကျနော်တို့ မြန်မာနိုင်ငံတော်ကိုအ
ထင်ကြီးသွားကြတာလေ။ဒီကြားထဲမျှော်
မှန်းမထားတဲ့ရွှေဆု တွေကလဲနိုင်ငံအလိုက်
ဒုတိယလိုက်တဲ့အဆင့်ကိုရောက်တော့တာ
ဘဲ။အခုလဲကျနော်တို့ ပြည်သူတွေ ၂၀၁၅
မှာအာဆီယံဥက္ကဌတာဝန်ယူရပြန်ပြီနော်။
ကျနော်တို့ အောင်ပွဲလာပြန်ပြီ ပြည်သူတွေ
ညီညွတ်ဖို့ လိုပြန်ပြီနော်။ နိုင်ငံတော်အစိုး
ရနဲ့ အတူအားကြိုးမာန်တက်လက်တွဲဆေါင်
ရွက်ရလိမ့်မယ်နော်။နိုင်ငံတော်သမ္မတကြီး
ဆို ပြည်သူတွေအတွက်နိုင်ငံတကာအကြီး
တွေထံမှာဒူးမထောက်တာဘဲရှိတော့တယ်
ရှိတဲ့ကြွေးမြီတွေလျှော်တန်တာလျှော် ဆပ်
ဖို့ နောက်ဆုတ်သင့်တာဆုတ်လုပ်ခဲ့တာ
ဘယ်အစိုးရမင်းများဒီလိုလုပ်ခဲ့လို့ လဲ။အခု
ပြည်သူကရွေူးကောက်တင်မြှောက်တဲ့အစိုး
ရသုံးတာမဟုတ်ဖူးနော်။အခုလဲပြည်သူတွေ
အလုပ်အကိုင်အခွင့်အလမ်းတွေပွင့်ဖို့ ဖြေ
လျှော့မှုတွေလုပ်လို့ အခုဆိုနိုင်ငံတကာရင်း
နှီးမြှုပ်နှံမှုတွေ နည်းပညာကူညီပံ့ပိုးမှုတွေ
ဝင်လာနေကြပြီ။ဘယ်လောက်ဝမ်းသာစရာ
ကောင်းသလဲ။လူငယ်တွေအနေနဲ့ အိုင်တီ
ပညာတွေအံ့မခန်းတိုးတက် ဗျာ။
အချို့ ပုဂ္ဂိုလ်တွေများကျတော့လဲ
တိုင်းပြည်အတွက်ဘာမှမလုပ်ဘေးထိုင်
ဘုပြော ဘေးကပ်နဲ့ အချိန်သာကုန်အသက်
တွေသာကြီးလာတယ် ကိုယ်အရင်တုံးက
တိုင်းပြည်မှာဘာတွေလုပ်လာခဲ့လဲဆိုတာ
ပြည်သူတွေမသိအောင်ဖုန်းကွယ် သမ္မတ
ကြီးပြောသလိုမင်းသားကြီးမလုပ်ရတော့
ပတ်မကြီးထိုးဖောက်ဆိုတာတွေလုပ်ေ
တော့ကျနော်တို့ ပြည်သူတွေဟာ ၁၉၈၈
ခုနှစ်ကလိုခါးသီးတဲ့အဖြစ်မျိုးတွေနောက်
ထပ်မခံစားလိုတော့ပါ။အေးချမ်းစွာဘဲနေ
ချင်ကြပါတယ်။နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံ
ဥပဒေကိုလက်ခံပါတယ်ဆိုပြီးကတိသစ္စာ
တွေဆိုပြီးအရွေးခံလွှတ်တော်ထဲရောက်ခါမှ
ပြည်သူ့ အကျိုးအတွက်မငဲ့ကွက်ဘဲကိုယ်
သာအာဏာရမှပြည်သူတွေအတွက်လုပ်
မယ်ဆိုတာမဟုတ်သေးပါ။ကျရာကဏ္ဍက
နေပြီးဆောင်ရွက်နေကြသူတွေအများကြီး
ပါ။နောက်ကနေသူတွေကလဲကိုယ်အမြင်
စောင်းနေတာနဲ့ မြှောက်ပင့်ပေး။ဒါမလုပ်
သင့်မလုပ်ထိုက်တာတွေလုပ်နေတာပါ။
၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်နိုင်ငံ့ကောင်း
ကျိုးလုပ် ပြည်သူကမှတ်တမ်းတင်ခံရ
နောက်ရွေးကောက်ပွဲမှာကိုယ်ရည်မှန်းထား
တဲ့အတိုင်းအနိုင်ရရင် အဲဒီကျမှပြင်ချင်ပြင်
ပေါ့။အခုအချိန်မှာပြည်သူတွေလိုလားနေ
တာအေးချမ်းစွာနေထိုင်လိုမှု စားဝတ်နေ
ရေးပြေလည်လိုမှုများပါ။ဒါ့ကြောင့်အခု
အစိုးရဘာလုပ်လုပ်ကန့် လန့် တိုက်နေတဲ့
ူသူတွေရောကျနော်အပါအဝင်ပြည်သူတွေ
ပါ ၂၀၁၃ နှစ်ဟောင်းကအာကာတတွေ
အညှိုးအတေးတွေ မကောင်းတဲ့စိတ်တွေ
အားနဲချက်တွေကိုနှစ်ဟောင်းမှာထားခဲ့ပြီး
နှစ်ဟောင်းကကောင်းမွန်တဲ့အကြံကောင်း
တွေ အသိစိတ်ဓာတ်တွေ အားသားချက်
တွေကို ၂၀၁၄ ဆိုတဲ့မင်္ဂလာရှိလှတဲ့နှစ်သစ်
ကြီးမှာအစိုးရနဲ့ ပြည်သူအတူလက်တွဲပြီး
တာဝန်ယူရပြီဖြစ်တဲ့အာဆီယံဥက္ကဌတာဝန်
ကိုဘယ်လိုထမ်းဆောင်ကြမလဲ ။အာဆီယံ
ဥက္ကဌဆိုတာသမ္မတကြီးဦးသိန်းစိန်ကိုပေး
တာမဟုတ်ဖူးနော် ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်သူနိုင်ငံသားတွေကိုပေး
တာပါ အဲဒါကိုတော့သိထားဖို့ လိုပါလိမ့်
မယ်။ဒါ့ကြောင့်ကျနော်တို့ တစ်တွေမငြိမ်း
ချမ်းသေးတဲ့ညီနောင်ဖွားတိုင်းရင်းသားညီ
အကိုတွေငြိမ်းငြိမ်းချမ်းချမ်းနေနိုင်အောင်
တိုင်းပြည်လဲဟိုး အရင်ကလိုနိုင်ငံခြားတိုင်း
ပြည်များကအတုခိုးလောက်တဲ့အထိပြန်
ရောက်အောင် စစ်မှန်တဲ့ဒီမိုကရေစီအသီး
အပွင့်တွေမြန်မြန်ခံစားရအောင် ဒီလာမယ့်
၂၀၁၄ ခုနှစ်ကစပြီးကျိုးစားရင်ကမ္ဘာမြန်မာ
လို့  SEA GAME မှာအော်သလို " မြန်မာ
မြန်မာ မြန်မာ မြန်မာ " လို့ အားစိုက်ခွန်
စိုက်အလုပ်လုပ်ရင်းဘယ်သူ့ မှအပြစ်မ
ပြောဘဲသည်းခံခွင့်လွှတ်ခြင်းနဲ့ အတူတွဲပြီး
လျှောက်လှမ်းကြရအောင်လားဗျာ ။

မြင့်လွင် ( ပညာရေး ')
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

ဆားလင်း ကြီးမြို့နယ်အတွင်းခြားနားယူနစ်(ဘတ်မီတာ)ကြေးများ တောင်းခံခြင်းမှရပ်ဆိုင်းပေးပါရန်တင်ပြ ခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

သို့/နိုင်ငံတော်သမ္မတရုံးဝန်ကြီ
းဌာန
ခြားနားယူနစ်(ဘတ်မီတာ)ကြေးများ
တောင်းခံခြင်းမှရပ်ဆိုင်းပေးပါရန်တင်ပြ
ခြင်း
အထက်ပါကိစ္စနှင့်ပတ်သက်၍ဆားလင်း
ကြီးမြို့နယ်အတွင်းရှိနေကြသောကျေးရွာ
များတွင်ခြားနားယူနစ်(ဘတ်မီတာ)ကြေးများကိုလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ခွင့်
့ပြုမိန့်တစုံတရာမပါရှိပဲကောက်ခံခဲ့သည်
မှော
နှစ်ချီပြီးကြာမြင့်နေခဲ့ပါပြီ။၎င်းကိစ္စကိုနိုင်
ူငံတော်အဆင့်တာဝန်ရှိအကြီးအကဲများ
ထံတင်ပြအသနားခံခဲ့သော်လည်းတာဝန်ရှိပုဂ္ဂိုလ်မျာမှပြန်လည်ဆောင်ရွက်ပေးခဲ့
ဲ့ခြင်းမရှိပါ။
နိုင်ငံတော်အစိုးရအနေဖြင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးများဆောင်ရွက်နေစဉ်မှာယခုကဲ့သို့ခြားနားယူနစ်ကြေးများတောင်းခံနေခြင်းမှာမလိုလားအပ်သောတောင်းခံမှုများ
ဖြစ်နေပါသောကြောင့်ကျေးရွာနေပြည်သူ
အများအားငဲ့ညှာသောအားဖြင့်နိုင်ငံတော်သမ္မတကြီးနှင့်သက်ဆိုင်ရာတာဝန်ရှိဝန်
်ကြီးဌာနတို့မှခြားနားယူနစ်ကြေးများတ
ရားမဝင်ကောက်ခံနေခြင်းအားအမြန်ဆုံးရပ်ဆိုင်းပေးပါရန်လေးစားစွာအသနားခံတင်ပြအပ်ပါသည်။
(၁၂.၂.၂၀၁၃)နေ့တွင်ဆားလင်းကြီးမြို
့နယ်
နှင့်ခရိုင်မှလျှပ်စစ်ဝန်ထမ်းများကခြားနားယူနစ်ကြေးများပေးဆောင်ခြင်းမရှိသော
ပြည်သူများအားလျှပ်စစ်မီးမလင်းရန်မီး
တိုင်မှသွယ်တန်းထားသောဝါယာကြိုးများကိုလာရောက်ဖြုတ်ချနေပါသဖြင့်အမြန်ဆုံးတားမြစ်ရပ်ဆိုင်းပေးပါရန်တင်ပြအပ်
်ပါသည်။
ဒေသခံပြည်သူတစ်ယောက်ု

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။