Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 30 July 2013

သတိထားသင့်သော ဉက္ကံမြို့က ကြက်ဉများ...။ နှစ်ပေါင်း(100)ကျော်တည်ထားကိုးကွယ်ခဲ့တ့ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ခြေတော်ရာခိုးယူခြင်းခံခဲ့ရ…။ ပန်းတစ် ပွင့် မကြွေသင့်ဘဲကြွေခဲ့ခြင်း ကိုဖိုးကျော်(သုံးဆယ် ) ….။ ကြို့ပင်ကောက်မြို့ ရွာမတောင်ရပ်ကွက်မှာ ရေမြောင်းများပိတ်ဆို့ နေ၍မိုးဆက်ရွာလျှင်နေအိမ်များ ရေနစ်မြှုပ်ဖွယ်ရှိ….။ ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့တွင် မိုးရွာပြီဟေ့ဆိုတာနဲ့…..။ “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”



သတိထားသင့်သော ဉက္ကံမြို့က ကြက်ဉမျာ့း့ ….
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တိုက်ကြီးမြို့နယ့့်    ဉက္ကံမြိတွင်
            ကြက်ဉများ အတွင်း သွေးကြည်ဉ များ
တန်းလျှက်အနေအထားဖြင့် ၊  ဆိုင်အတော်များများ
နှင့် ဝယ်ယူ ထားသော အချို့အိမ်များ တွင်လည်း
တွေရှိ ခဲ့ ခြင်းများရှိခဲ့ ၍ သက်ဆိုင်ရာမှ လိုက်လံ
သိမ်းဆည်းလျှက်ရှိကြောင်း မြို့ခံတစ်ဉီးထံမှကြားသိ
ခဲ့၍၊  အစားအသောက်များအား၊ သတိပြုစားသုံ
သင့်ကြောင်းတင်ပြလိုက်ပါသည်
                       
ပေးပို့သူ့                 aungnainglin @gmail.com
Taikkyi.  . . . . . . . . . . . . .     
>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
 နှစ်ပေါင်း(100)ကျော် တည်ထားကိုးကွယ်ခဲ့တဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ခြေတော်ရာခိုးယူခြင်းခံခဲ့ရ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဧရာဝတီတိုင်းကြံခင်းမြို့နယ် ဆုံလဲအုပ်စုပေါက်တိုင်းကျေးရွာရှိ တုမရရွှေသာလျောင်းဘုရား ကုန်းတော်မြောက်ဘက် တောင်ဦးစေတီမြောက်ဘက်အဆင်း၌ ရှေးဘိုးဘွားများတ်ာထားခဲ့သော ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ခြေတော်ရာအားတူးဆွ၍ အချပ်လိုက်မယူခိုးသွားခြင်း(24/7/2013)ဗုဒ္ဓဟူးနေ့ည၌ဖြစ်ပေါ်ခဲ့ပါသည်။ ခိုးယူသွားသောတရားခံများအား တာဝန်ရှိသူတို့မှစုံစမ်းဖော်ထုတ်ဆဲဖြစ်ကြောင်းသိရပါသည်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
ပန်းတစ် ပွင့် မကြွေသင့်ဘဲကြွေခဲ့ခြင်း ကိုဖိုးကျော်(သုံးဆယ် )
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နံနက်စောစောအိပ်ယာထချိန်ကြားလိုက်ရတဲ့သတင်းအုံ့မှိုင်းနေတဲ့မိုးရိပ် နဲ့အတူရင် မှာအုံ့မှိုင်းနွမ်းလျခဲ့ပြီ သာယာဝတီခရိုင်သုံးဆယ်မြို့ ပန်းဆွဲလမ်းနေ၂၀၁၂/၁၃ ပညာသင်နှစ်ရဲ့(၅)ဘာသာဂုဏ်ထူးရှင်(အ.ထ.က)သုံးဆယ်မှ မောင်ဇာနည် မျိုးမင်း သွေးလွန်တုတ် ကွေးရောဂါဖြင့် ယနေ့၂၇.၇.၂၀၁၃ ရက်နေ့နံနက် မှာကွယ်လွန်သွားပါတယ်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
ကြို့ပင်​​ကောက်​မြို့ ရွာမ​တောင်​ရပ်​ကွက်​မှာ ​ရေ​မြောင်းများပိတ်​ဆို့ ​နေ၍မိုးဆက်​ရွာလျှင်​​နေအိမ်​များ ​ရေနစ်​မြှုပ်​ဖွယ်​ရှိ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပဲခူးတိုင်း  ကြို့ပင်​​ကောက်​မြို့ ရွာမ​တောင်​ရပ်​ကွက်​   က
အောင်​ဒင်​လမ်း​မြောက်​ဖက်​ခြမ်းနှင့်
ကဝိမင်္ဂလာလမ်း​မြောက်​ဖက်​ခြမ်း​တွေမှာ   ​ရေ​မြောင်းများ
ရေစီး​ရေလာမ​ကောင်းဘဲ ပိတ်​ဆို့​နေကြပါတယ်​     သက်​ဆိုင်​ရာ
ရပ်​ကွက်​လူကြီးကိုတင်​ပြထား​သေည်​လည်း ယ​နေ့တိုင်
ရေ​မြောင်းများပိတ်​ဆို့​နေဆဲပဲရှိ​နေပါတယ်​    မိုးဆက်​တိုက်​ရွာရင်
လူ​နေအိမ်​များ ထဲ ​ရေဝင်​လာပါ​တော့မယ်​    ​ရေများဝပ်​​နေမှု​ကြောင့်
ဆိုင်​ရာ ပတ်​ဝန်းကျင်​ရှိ အများပြည်​သူ​တွေရဲ့
ကျန်းမာ​ရေးကိုထိခိုက်​လာနိုင်​ပါတယ်​    ဒါ​ကြောင့်
သက်​ဆိုင်​ရာတာဝန်​ရှိလူကြီးမင်းများ
အမြန်​ဆုံးကွင်းဆင်းစစ်​​ဆေး​ဆောင်​ရွက်​​ပေး​စေလိုပါတယ်
             ၀၉ ၃၁၃၄၃၉၀၉  
>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့
တွင် မိုးရွာပြီဟေ့ဆိုတာနဲ့ ရေများလမ်း
ပေါ်တွင် တင် ကျန်နေခဲ့သော နေရာဖြစ်
ပါသည်။သာပေါင်းမြို့၏အလယ်လမ်း
မြို့လယ်ခေါင် တွင် အမြဲဖြစ်နေကျဆို
ပေမဲ့ မည်သူ့တွင် တာဝန် ရှိသည်ဆိုတာ
ကိုတော့ မ ပြောချင်တော့ပါ။
ရပ်ကွက်ထဲမှပြည်သူများမှာလည်းစကား
မစရကြပါ။ အဘယ်ကြောင့်ဆိုရ သော်
လမ်းခင်းလို့ပဲဖြစ်ဖြစ် တံတားဆောက်လို့
ပဲဖြစ်ဖြစ် အပြည့်အဝတာဝန်ယူပြီး ပြီးဆုံး
အောင်ဆောင် ရွက်သည်ဆိုသည်မှာ
မရှိသ လောက်ကို ရှားပါသည်။
သေချာပါသည် မရှိပါ။ပြည်သူတဝက်
အစိုးရတဝက်ဆိုတာချဉ်းပါပဲ။လုပ်လိုက်
ပြန် ရင် လဲ တဝက်စီဆိုသည့်နေရာတွင်
စည်ပင် မှခင်းပေးသောတဝက်သည်
တစ်နှစ်မပြည့်ခင် ပျက်ပါသည်။လက်တွေ့
ရှိပါသည်။သာပေါင်းမြို့ရဲ့ကညင်
ချောင်း မြောက်ပိုင်းမှလမ်းကိုလာရောက်
ကြည့်နိုင် ပါသည်
သာပေါင်းရင်းစစ်မှသွားရောက်စစ်ဆေး
မှု့လည်းပြုလုပ်ပါသည်။မည်သည့်အသံ
မှထွက်မလာပါ။ နားလည်မှု့တွေက ဌာန
ဆိုင် ရာအချင်းချင်း မို့လားမသိတော့ပါ
ဆိုင် ရာဆိုင် ရာတွေလုပ်ကြပါအုံး
အ ရေးမယူမစစ်ဆေးရင်တော့ အရင်
အစိုးရတုန်းကလို ကိုက်ပြီးရင်းအကိုက်
ခံနေရအုံးမည်။
mainndai.aung@gmail.com
>>>>>>>>>>>>>>>>>>>>>>>>>>>> 
သတင်း၊သုတ၊ရသများ ပေးပို့လိုပါက >>>hwhforandroid@gmail.com
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

{၃}ပါးလက္ခဏာ စက်လှည့်ရာ....“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


၁။အနိစ္စမထင်လို့ လောဘဝင်ရင် ဒါနလွတ်တတ်သည်။
၂။ဒုက္ခမထင်လို့ ဒေါသဝင်ရင် သီလကွယ်တတ်သည်။
၃။အနတ္တမထင်လို့ မောဟဝင်ရင် ဘာဝနာကွယ်တတ်သည်။
°°°°°°°°°°°°°°°°°°°°°°
၁။အနိစ္စကိုမြင်ရင် လောနည်း၍ ဒါနမြဲမည်။
၂။ဒုက္ခကိုမြင်ရင် ဒေါသနည်း၍ သီလမြဲမည်။
၃။အနတ္တကိုမြင်ရင် မောဟနည်း၍ ဘာဝနာမြဲမည်။
°°°°°°°°°°°°°°°°°°°°°°
၁။အနိစ္စမမြင် ဘောဘအားကြီးရင် အငတ်များသည့် ကပ်ဆိုးဆိုက်မည်။
၂။ဒုက္ခမမြင် ဒေါသအားကြီးရင် အသတ်များသည့် ကပ်ဆိုးဆိုက်မည်။
၃။အနတ္တမမြင် မောဟအားကြီးရင် ရောဂါများ သည့် ကပ်းဆိုးဆိုက်မည်။
°°°°°°°°°°°°°°°°°°°°°°
၁။အနိစ္စမမြင်၍ လောဘနဲ့သေကြရင် ပြိတ္တာဖြစ်မည်။
၂။ဒုက္ခမမြင်၍ ဒေါသနဲ့သေကြရင် ငရဲကြမည်။
၃။အနတ္တမမြင်၍ မောဟနဲ့သေကြရင် တိရစ္ဆာန်ဖြစ်မည်။
°°°°°°°°°°°°°°°°°°°°°°
၁။လောဘကိုနိုင်သည်က ဒါန။
၂။ဒေါသကိုနိုင်သည်က သီလ။
၃။မောဟကိုနိုင်သည်က ဘာဝနာ။
••••••••••••••••••••••
              အောင်ပြည့်ကျော်

>>>>>>>>>>>>>>>>>>>>>>>>>>>
သတင်း၊သုတ၊ရသများ ပေးပို့လိုပါက >>>hwhforandroid@gmail.com
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

မနက်ဖြန်တွေ...ရှိခဲ့ရင်...... မင်းရတု..“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

 အချစ်နယ်လွန်ခဲ့လို့....အချစ်ကျွန်တစ်ယောက်မို့....
      မနက်ဖြန်တွေရှိနေသမျှ......ဆက်ချစ်နေဦးမှာဘဲ........
      မနက်ဖြန်တွေ......မရှိတော့ဘူးဆိုရင်.......
          အဲဒီနေ့က.....ငါသေဆုံးသွားတဲ့..နေ့ပေါ့....
      ခွဲခွါရမှာကို....သေဆုံးခြင်းထက်..ကြောက်လန့်နေလို့....
         ငါ့...အတွက်အမျှမဝေပါနဲ့လား....
       တစ္ဆေတစ်ကောင်ရဲ့......ချစ်ခြင်းကို...
       အိပ်မက်ထဲမှာဘဲ...ပုံဖော်ခဲ့ရလို့......
        ည...မအိပ်တတ်တာကြာလှပေါ့....
    တစ်ပွင့်ပန်ဖို့..တစ်ပင်လုံးလှုပ်ချခဲ့လို့.....
      ခါချည်ကောင်ကိုက်ခဲ့ရင်......
     မင်း..ငါကို...မငြိုငြိင်ပါနဲ့လားကွယ်.....
     အပြုံးတပွင့်က...အမုန်းတခုပြောင်လဲဖို့....
    မင်းနှလုံးသားကို...အရောင်ဆိုးရလိမ့်မယ်.....
    ဟောင်းနွမ်းနေတဲ့...ညနေခင်းကို....
      သံစဉ်ပျောက်တဲ့...တေးသွားတစ်ပုဒ်လို့....
      ဂစ်တာအိုနဲ့...ဆက်တီးရင်...
     နေ၀င်ချိန်ကို...မေ့ထားခဲ့တယ်.....
     လမင်းကြီးထိန်ထိန်သာတော့......
     အချစ်တွေကိုစာဖွဲ့လို့....နေ့သစ်တခုကိုစတင်ဖို့......
    ရောင်နီလာမယ့်လမ်းတွေမှာ......
                    ပန်းခင်းလို့ကြိုနေမယ်....
         မနက်ဖြန်တွေရှိခဲ့ရင်ပေါ့.......
                                        မင်းရတု....
             မြောက်ဒဂုံ..09428039612
>>>>>>>>>>>>>>>>>>>>>>>>>>>>>
သတင်း၊သုတ၊ရသများ ပေးပို့လိုပါက >>>hwhforandroid@gmail.com
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

Wednesday 24 July 2013

24.7.2013 ရက်နေ့အထိ HWH ဥုံ Android Appအား အသုံးများသည့် Android ၄၃မျိုးမှ ၁၃မျိုး နှင့် အသုံးပြုနေသည့် အကြိမ်ပေါင်း စစ်တမ်း


မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်း ခရိုင်အင်ဂျင်နီုယာမှူးနှင့် ကျောက်တင်ဒါသမားများပူးပေါင်းဆောင်ရွက်ခြင်း ။>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ပြည့်သူ့ဆောက်လုပ်ရေးလုပ်ငန်းပိုင် ရေဝေ-သဖန်းချောင်းလမ်းကို ကျောက်တင်ဒါစနစ်ဖြင့်ဆောင်ရွက်ခဲ့ရာ တင်ဒါအောင်မြင်သူမှာ ဦးစစ်သိန်းဖြစ်ပါသည်။ ဦးစစ်သိန်းသည် ကျောက်တင်သွင်းခဲ့ရာတွင် စုစုပေါင်း ကျောက်ကျင်းရေ (၅၃၉၄)ကျင်းရှိရာ ဇွန်လကုန်အထိတင်သွင်းရမည့် ကျောက်အရေအတွက်မှာ ကျောက်ကျင်းအားလုံးပေါင်း၏ ၃၀% (၁၆၁၈)ကျင်းတင်သွင်းရန်ဖြစ်ပါသည်။ (၈-၇-၂၀၁၃)ရက်နေ့တွင် ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းမှ AE.ဦးမြင့်သန်း၊ AE-ဒေါ်ကေဇင်ဝင်းနိုင်နှင့်SAE အဖွဲ့များလာရောက်၍ ကျောက်ကျင်းများတိုင်တာခဲ့ရာ ၃၀%မပြည့်ပဲ ၂၀%ခန့်သာရှိခဲ့ပါသည်။ 1"x 2" ကျောက်များမှာလည်း စက်ခွဲကျောက်များမဟုတ်ပဲ လက်ခွဲကျောက်များသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တင်ဒါစည်းကမ်းအရ ဇွန်လကုန်တွင် ၃၀% မပေးသွင်းနိုင်ပါက ဦးစစ်သန်းအား Black List ကြေညာ၍ ၄င်းတင်သွင်းခဲ့သော Deposit ငွေအား နိုင်ငံတော်ပိုင်ငွေအဖြစ် သိမ်းသွင်းရမည်ဖြစ်ပါသည်။ သို့သော် ရမည်းသင်း ခရိုင်အင်ဂျင်နီယာမှူးမှ တင်ဒါစည်းကမ်းအတိုင်း မဆောင်ရွက်ပဲ တင်ဒါသွင်းသူများနှင့် ပူးပေါင်း၍ ကျောက်များ ဆက်လတ်ချခိုင်းနေပါသည်။ တင်ဒါအောင်သူများမှ ကျောက်သမားများထံမှလည်း ကျောက်ဈေးများအဆမတန်နိမ့်ချဝယ်ယူပြီး ငွေအကြေမပေးသွင်းနိုင်ပါ ရေဝေ-သဖန်းချောင်း မြေသာလုပ်ငန်းဆောက်ရွက်ရာတွင် ယခင်နှစ်များက လယ်ကွက်ပိုင်ရှင်များက ရေကန်တူးရန်ပေးသောမြေများကို ကားဖြင့်သယ်ယူ၍မြေဖို့ခဲ့သော်လည်း ယခုနှစ်တွင် မြေတူးယာဉ်များဖြင့် လမ်းဘေးမှ မြေ များကို ကုတ်ယူတင်ဖို့နေပါသဖြင့် ယခင်လှည်းလမ်းကြောင်းများပျောက်သွားပြီး ယာခင်းများလည်ပျက်စီးကာ လူနေအိမ်များလည်း မလွတ်ကင်းပါသဖြင့် တောင်သူများ စိုးရိမ်ပူပန်းနေပါသည်။

ပေးပို့သူ>>> https://www.facebook.com/aung.zaw.980


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
သတင်း၊သုတ၊ရသများ ပေးပို့လိုပါက >>>hwhforandroid@gmail.com
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)