Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Monday 14 July 2014

"HWH ဥုံ ​ပေးစာ၊တိုင်​စာ၊ရင်​ဖွင့်​စာကဏ္ဍ " နှင့်​ ပတ်​သတ်​၍ Users များ၊ သတင်း​​ပေးပို့သော ပြည်​သူ့သတင်း​ထောက်​များသို့ အသိ​ပေး​ကြေညာခြင်း

"HWH ဥုံ ​ပေးစာ၊တိုင်​စာ၊ရင်​ဖွင့်​စာကဏ္ဍ " သို့ ​ပေးပို့​သော သတင်းများနှင့်​ ပတ်​သတ်​၍  ယခုအခါ ပုံစံ​ပြောင်း တင်​​ပေး​တော့မည်​ ဖြစ်​​ ကြောင်း အသိ​ပေး​ကြေညာ အပ်​ပါသည်​။ ဥုံ  အဆိုပါကဏ္ဍမှ အများပြည်​သူအကျိုး ​ ရှေးရှု၍ userများ​ပေးပို့​သော  သတင်း ၉၀%ခန့်​အား အစဉ်​မပြတ်​ တင်​​ ပေးခဲ့သည်​မှာ အချိန်​အတိုင်းအတာ တစ်​ခုရှိခဲ့ရုံမက ​အောင်​မြင်​ မှု များလည်း ရရှိခဲ့ပြီးဖြစ်​ပါသည်​။ ယခုကဲ့သို့  အ​ပြောင်းအလဲအဖြစ်​  အသွင်​ဖြစ်​​စေသည်​မှာ  သတင်းမီဒီယာ​လောကအား  စိန်​​ခေါ်ကာ မမျှတ​ သော တရားစီရင်​​ရေး​ကြောင့်​ ​ထောင်​ဒဏ်​များစွာ ကျ​ရောက်​ခဲ့ရ​သော ပြည်​ သူ့သတင်း​ထောက်​များအား ​ထောက်​ရှု​သောအားဖြင့်​ များစွာပါဝင်​သည်​။ ယခင်​ က "HWH ဥုံ ​ပေးစာ၊တိုင်​စာ၊ရင်​ဖွင့်​စာကဏ္ဍ " သို့ ​ပေးပို့​သော သတင်းများတွင်​ ပြည်​သူလူထု နစ်​နာမူများကိုသာ ​ဖော်​ပြရုံမက အစိုးရသစ်​လက်​ထက် ​ ဒီမိုက​ရေစီ အ​ပြောင်းအလဲ အားယူ​နေချိန်​တွင်​ အစိုးရအ​ပေါ်ပြည်​ သူလူထု ယုံကြည်​မှုကိုလည်း  ​ထောက်​ရှု​သောအားဖြင့်​  နယ်​ အသီးသီးမှ အစိုးရနှင့်​ ပတ်​သတ်​​သော ဆက်​စပ်​သတင်းများကိုပါ အများပြည်​ သူ သို့ ​ဖော်​ပြသိရှိ​စေကာ အစိုးရနှင့်​ ပြည်​သူအကြား ယုံကြည်​မှုခိုင်​မာ​ စေရန်​ အုတ်​တချပ်​ သဲတပွင့်​အလား ဥုံ  မှ ကူညီ​ပေးခဲ့ပါသည်​။ ယခုကာလတွင်​  ထိုယုံကြည်​မှုကို ရိုက်​ချိုးခဲ့​သော သတင်းမီဒီယာအ​ပေါ် ပြစ်​ဒဏ်​ ခတ်​ မှုအား ဥုံ မှ ​သော်​လည်း​ကောင်း ပြည်​သူလူထု ကိုယ်​စား​သော်​လည်​​ကောင်း  လက်​ရှိအစိုးရအား ယုံကြည်​မှု လုံးဝ ပယ်​ပြတ်​​စေသည့်​အပြင်​ ဆက်​လတ်​ ၍လည်း  ယုံကြည်​မှု လုံးဝမရှိ​တော့ သဖြင့်​  "HWH ဥုံ ​ပေးစာ၊တိုင်​စာ၊ရင်​ ဖွင့်​စာကဏ္ဍ "မှ ယခုအချိန်​ကာလမှ စ၍ အများပြည်​သူနစ်​နာမှု သတင်းများ တရား​ ရေးမဏ္ဍိုင်​ ပြိုလဲ မှု ​နောက်​ဆက်​တွဲ အကျိုးရလဒ်​သတင်းများကိုသာ ​ဖော်​ပြ​ ပေး​တော့မည်​ဖြစ်​​ကြောင်းနှင့်​  တိုင်းနှင့်​ပြည်​နယ်​ အသီးသီးမှ အစိုးရဆက်​စပ်​ အများပြည်​သူဝန်​​ဆောင်​မှုသတင်းများအား လုံးဝ (လုံးဝ) ​ဖော်​ပြ​ပေး​တော့မည်​ မဟုတ်​​တော့​ကြောင်း  အနယ်​ နယ်​အရပ်​ရပ်​မှ ဥုံ User သတင်း​ပေးပို့သူများနှင့်​  သတင်းဖတ်​ ရှု့သူ Users များသို့ အသိ​ပေး​ကြေညာအပ်​ပါသည်​။ 

HWH ဥုံ  Admin

Thursday 3 July 2014

ဆင်းရဲနွမ်းပါး၍ ကလေးငယ်၏ဆေးကုသမှုခံယူရန် အလှူရှင်များလိုအပ်



မကွေး       ဇူလိုင်      


    မကွေးတိုင်းဒေသကြီး  ရေနံချောင်းမြို့နယ်  စမ်းမြိုင်လယ်ကျေးရွာမှ ဦးဝင်းနိုင်-ဒေါ်တင်တင်အေးတို့၏သားဖြစ်သူ
မောင်ဖိုထူး အသက်(၇)နှစ်ရှိသူကလေးငယ်သည် မွေးစအချိန်မှစ၍နှာခေါင်းပေါ်တွင်အဆီအကြိတ်ဘုကြီးပါလာခဲ့ရာယခုအ
ချိန်တွင်၎င်းဘုကြီးတဖြေးဖြေးပိုမိုကြီးထွားလာပြီးနှာခေါင်းပေါက်များနှင့်မျက်စိများပိတ်လုနီးပါးဖြစ်လျှက်ရှိနေသည်။အဆိုပါ
မောင်ဖိုးထူး ကလေး၏ဖခင်ဖြစ်သူဦးဝင်းနိုင်မှာ ကွယ်လွန်သွား၍ဆင်းရဲနွမ်းပါးလွန်သဖြင့်ဆေးကုသမှုခံယူရန်များစွာအခက်အ
ခဲဖြစ်နေကြောင်းသိရသည်။ ယခုအခါ၎င်းကလေးငယ်ကိုမကွေးမြို့ အောင်မြေရတနာစာသင်တိုက်မှဆရာတော်ဦးသာသန ဦး
စီးသော"အလင်းစေတမာန်"ပရဟိတလူ့မှုကူညီရေးအသင်းနှင့်နယ်လှည့်ဆေးကုသရေးအဖွဲ့ဖြင့်ညှိနိုင်းတိုင်ပင်ကာ ရန်ကုန်
တိုင်းဒေသကြီး မင်္ဂလာဒုံစစ်ဆေးရုံကြီးသို့ပို့ဆောင်ပြီးခွဲစိပ်ကုသမှုပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ၊မောင်ဖိုးထူး လေးအတွက်
ဆေးကုသရန်အတွက်အလှူရှင်များပေါ်ပေါက်လာပါကလည်းဝမ်းမြောက်ဝမ်းသာကြိုဆို၍သာဓုခေါ်ဆိုပါကြောင်း၊ဆက်သွယ်လှူ
ဒါန်းလိုပါကဖုန်းနံပါတ် ၀၉ ၃၃၀၇၇၇၁၆ကိုဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းအလင်းစေတမာန်လူ့မှုကူညီရေးအသင်း၏
တာဝန်ရှိသူများထံမှသိရှိရသည်။

 မောင်မေတ္တာမိုး

Wednesday 2 July 2014

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ” သို့ HWH ဥုံ Userများပေးပို့သော ၂.၇.၂၀၁၄ ရက်နေ့ သတင်းများ ဖတ်ရှုနိုင်

*ပြွန်တံဆာ စခန်းမှူး ရဲအုပ် စောလတ်ကို မတရားဖမ်းဆီးချုပ် နှောင်မှုနဲ့ အမှု ဖွင့် ပေးဖို့ တရားရုံးမှာ လျှောက်ထားပြီ* 

 

ဝမ်းတွင်းမြ်ို့မှာ ဆိုင်ကယ်ဘေးချင်းယှဉ် လုယက်မှုကြောင့် အလုခံရသူသေဆုံးမှုဖြစ် 

 

မန္တလေးတိုင်းဒေသကြီး မိထ္ထီလာခရိုင် သာစည်မြို့မှတာဝန်ရှိသူများသိရှိနိုင်ပါရန် နှင့်လိုက်နာဆောင်ရွက်ပေးနိုင်ပါရန် အကြံ ပြုတင်ပြခြင်း

 

မိုးကြိုစပါးများရိတ်သိမ်းချိန်ရောက်ရှိ လာပြီဖြစ်သော်လည်း လယ်ယာလုပ် သားရှားပါးသဖြင့်ချွေလှေ့စက်များ ဌား ရမ်းအသုံးပြုနေရ 

 

ပင်းတယမြို့နယ်အတွင်းရှိ အိမ်ခြံမြေ ဈေးနှုန်းမြင့်တက် 

 

ဖြူးမြို့တွင်(YMBA) အသင်းကြီး၏၃၈-ဖြာမင်္ဂလာနှင့် ဗုဒ္ဓဝင်စာမေးပွဲဆုနှင်းသဘင်ကျင်းပမည် 

 

တာဝန်ကျေပွန်တဲ့ မြန်မာသံရုံး 

 

 ဖော်ပြပါ သတင်းများအား ဖတ်ရှုလိုပါက အင်တာနက်ဖွင့်၍ နှစ်သက်ရာ သတင်းခေါင်းစဉ်ကို နှိပ်ပြီး ဖတ်ရှုနိုင်သကဲ့သို့ www.hwhforusers.blogspot.com တွင်လည်း ဖတ်ရှုနိုင်ပါသည်။
 ၎င်းအပြင် HWH ဥုံ နောက်ဆုံးဗားရှင်းများတွင်လည်း အလိုအလျောက်ဖတ်ရှုနိုင်ပါသည်။ HWH ဥုံ နောက်ဆုံးဗားရှင်းများ ရယူလိုပါက ဒီနေရာနှိပ်ပါ။ ဗားရှင်းအသစ်အဟောင်း အလွယ်ဆုံးခွဲနည်းမှာ
အဟောင်းမှာ အဖြူရောင် အနက်ရောင် အမည်မှာ HWH ဖြစ်ပြီး နောက်ဆုံးဗားရှင်းအသစ်မှာ ရွှေအိုရောင် ကနုတ် အက္ခရာ ဥုံ စာလုံး အမည်မှာ HWH News, HWH Feel, HWH U တို့ဖြစ်ပါသည်။
 အကြံပြု ဆက်သွယ်လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်နိုင်ပါသည်

HWH ဥုံ Admin

 

 

 

 

 

 

 

 

Tuesday 1 July 2014

သို့ နိုင်ငံတော်သမ္မတ နှင့် သာသနာရေးဆိုင်ရာ အကြီးအကဲများ၊ သတင်းမီဒီယာများ သိစေချင်






ဒီသာသနာတော်ရဲ့ခေါင်းဆောင်ပိုင်းများကို
ပြန်လည်စစ်ဆေးကြည့်ဖို့တော့လိုနေပြီလို့အကြံပြုချင်ပါတယ်
ဒီသာသနာတော်ရဲ့ခေါင်းဆောင်တွေဟာလူတွေရဲ့
လေးစားမှူဆိုတာထက် လက်ရှိရဟန်းသံဃာငါးသိန်းရဲ့ ယုံကြည်အားကိုးချင်းအားထားချင်
လေးစားကြည်ညိုချင်းတွေရောရှိရဲ့လားဆိုတာပါပဲ
ဒါကိုမဲပေးစနစ်နဲ့တာပေးခိုင်းမယ်ဆိုရင်တော့ ဆယ်ပုံမှာကိုးပုံတောင်မရှီနိုင်ပါဘူး
မယုံရင်ရင်သံဃာထုထည်းမှာထဲထည်းဝင်ပြီး စစ်တမ်းကောက်ကြည့်ပါ
နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မကောင်းကြောင်းနဲ့
သာသနာရေးဝန်ကြီးဌာနကောင်းကြောင်း လဒ်စားတဲ့အကြောင်းနားမဆန့်အောင်ကြားကြရပါလိပ်မယ်
ဒီစကားဘာ့ကြောင့် ပြောရသလဲဆိုတာကိုမရုံရင်တရားပွဲ(ဒါမှမဟုတ်)အမှူအခင်း(ဒါ)ကျောင်းနက်ပတ်သက်တဲ့ပြသနာများဖြစ်ကြည့်လိုက်ပါ
ငွေမပေးပဲချောချောမောမော ဘာစာရွက်တစ်ဆောင်တောင်တောင်းလို့မရပါဘူး
အဲ့ဒီအခါကြမှဖွတ်ထွက် မှတောင်ပို့မှန်းသိရလိပ်မယ်
ယခုအခါမှာအစိုးရဌာနဆိုင်ရာတွေနဲ့လုပ်ရတဲ့ စာရွက်စာတမ်းတွေငွေပေးစရာမလိုပေမဲ့
သာသနာရေးရာဌာနတွေမှာသိအောင်တစ်မျိုးမသိအောင်တစ်မျိုးစားပွဲပေါ်က
သူတို့ရဲ့စာဖိုင်အောက်မှာညပ်ထားပေးခဲ့ရတယ်
အဲ့ဒီလိုမှအလိုက်သိမှူမရှီဘူးဆိုရင်နောက်တစ်ခေါက်အကျိုးအကြောင်းသိချင်လို့
ရုံးပေါ်ကိုပြန်တက်လာပြီဆိုရင်တော့ဘုန်းကြီးကိုလူလိုဆက်ဆံတယ်ရိုင်းရိုင်းစိုင်းစိုင်းပြောတယ်
အဲ့ဒီရုံးမှာစာရေးလုပ်နေတဲ့မိန်းမတွေလဲငရိုင်းစိုင်းမတွေပဲဘာသာမရှိတဲ့မိန်းမတွေနဲ့တူတယ်
ဘုန်းကြီးထိုင်တဲ့ထိုင်ခုံမှာသာသနာရေးဦးစီးမှူးကဘေးချင်းကပ်ပြီး
ဝင်ထိုင်တယ်ရိုသေမှူလုံးဝမရှိတဲ့ကောင်တွေ ဘုန်းကြီးတွေကသနားလို့သူတို့လခနည်းလို့ဆိုပြီး
ဒကာဒကာမလူ့တဲ့ထဲကပေးပါတယ်ဒါကိုဒီကောင်တွေကသူတို့ရဲ့နဂိုရပိုင်ခွင့်လို့ထင်နေကြတယ်
သာသနာရေးဝန်ထမ်းအားလုံးနီးပါး ဘုန်းကြီးတွေဆရာတော်တွေကိုမလေးစားကြဘူး
အခူမှပဲတွေ့တွေ့ဘယ်အချိန်တွေ့တွေ့ရိုသေလေးစားတန်ဘိုးထားရမှန်းမသိဘူး
ဘုန်းကြီးတွေသူတို့ပြောတဲ့အတိုင့်လမ်းကြောင်းချပေးတဲ့ အတိုင်းရေးဆွဲပေးကြတယ် လူလိုပြောရရင်တော့ကြိုးကိုင်တာပေါ့
 ကြိုးကိုင်ခံတံဘုန်းကြီးတွေပဲသံဃာ့နာယကအဖွဲမှာအသက်ရှည်မြဲကြတယ် အဲ့ဒါ့ဘာ့ကြောင့်လဲစဉ်းစား
ကြည့်ပါအုံး ဒါ့ကြောင့်ရဟန်းသံဃာအများစုဆိုတာထက်တစ်ကမ္ဘာလုံးမှာရှီတဲ့သံဃာထုအလုံးက
သံဃာ့နာယကအဖွဲနဲ့မပတ်သက်လိုကြဘူး သံဃာ့နာယကအသစ်ဖွဲလို့အဖွဲပြောင်းသွားပင်မဲ့လဲ
နောက်လူဘယ်လောက်ကောင်းပြီးတော်နေသော်လည်းအဖွဲ့အစည်းကအစဉ်အဆက်နံမည်ပျက်နေခဲ့တဲ့အတွက်ကြောင့်တက်လာတဲ့အဖွဲ့တိုင်းကို
ယုံကြည်မှူကင်းမဲ့နေကြပြီဖြစ်တယ်
ဒီးသာသနာမှာရဟန်းကောင်းရဟန်းမြတ်တွေအများကြီးရှိပါတယ်အဲ့ဒီရဟန်းသံဃာအများစုကအာဏာပါဝါမလိုချင်ကြလို့
နံမည်စိုးနဲ့နံမည်ပျက်အကျင့်ပျက်ချစားနေတဲ့ဒီသံဃာ့အဖွဲ့အစည်းကိုဝင်ရောက်မှာမဟုတ်ပါဘူး
ဘာဖြစ်လို့လဲဆိုတော့အာနာပါဝါပေးပြီးသူတစ်ပါးစိတ်ဆင်းရဲအောင်လုပ်တဲ့အလုပ်ဟာသူတော်ကောင်းတွေရဲ့အလုပ်မဟုတ်ဘူး
လူမိုက်တွေရဲ့အလုပ်သာဖြစ်တယ်ဘယ်လိုမှဝင်ရောက်ကုစားလို့မရတဲ့အတွက်ကြောင့်
သူတော်ကောင်းရဟန်းကောင်းရဟန်းမြတ်တွေဟာမျက်စိကမြင်သော်လည်းမမြင်သကဲ့သို့
နားကကြားသော်လည်းမကြားသကဲ့တော့မိမိကျောင်းမှာပဲတိတ်ဆိတ်စွာနေထိုင်ကြပါတယ်
ဒီသာသနာမှာ သူတော်ကောင်းရဟန်းတွေရှေ့ထွက်မလာတော့ဘူးဆိုရင်
သူ့မိုက်နဲ့တူတဲ့လူစိတ်ထက်ကြောက်စရာကောင်းတဲ့ရဟန်းတွေရှေ့ရောက်လာမယ်
ကော့သလျမင်းအိမ့်မက်တစ်ဆယ့်ခြောက်ချက်ထဲကအတိုင်းဖြစ်ရွေဖြစ်ရွေလာနေပြီ
တရားပွဲခွင့်ပြုချက်ယူပြီးမှတရားဟောခွင့်ရတယ် ခွင့်ပြုချက်တောင်းပြန်တော့လဲတရားဟောခွင့်ပိတ်ပြန်တယ်
နိုက်ကလပ် အရက်ဆိုင် စတိတ်ရှိုးပွဲခွင့်ပြုချက်ရသော်လည်းသုတန် ဝိနည်း အဘိဓမာ နဲ့အညီခန်ဓာဥဏ်ရောက်ဝိပသနာတရားများဟောကြားခွင့်ပေးပါလို့ခွင့်ပြုချက်
တောင်းတာကြတော့ခွင့်ပြုချက်မပေးနိုင်တာဟာဘုရားရှင်မျက်နှာလည်းဂရုမစိုက်တဲ့လူမိုက်သာ
သာသနာဖြစ်မှန်းမသိဖြစ်နေပါပြီမြတ်စွာဘုရားလို့လျှောက်ထားလိုက်ချင်စမ်းပါဘိ

ဆက်သွယ်မေးမြန်းနိုင်
၀၉၄၂၀၁၇၇၀၈၂