Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 25 October 2013

ဧရာဝတီတိုင်းဒေသကြီးပုသိမ် ခရိုင်ကန်ကြီးထောင့်မြို့နယ်တွင် တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် ဆင်းကဒ်ကြောင့်ကျေးရွာအုပ်ချုပ်ရေး မှုးတစ်ဦးထွက်စာတင်ခဲ့...။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် ထဲကရွာတွေကို ဆက်သွယ်ရေးကောင်းမွန်အောင်ပြုလုပ်ပေးစေလို >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဧရာဝတီတိုင်းဒေသကြီးပုသိမ် ခရိုင်ကန်ကြီးထောင့်မြို့နယ်တွင်  တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် ဆင်းကဒ်ကြောင့်ကျေးရွာအုပ်ချုပ်ရေး မှုးတစ်ဦးထွက်စာတင်ခဲ့

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

  တန်ဘိုးနည်း ၁၅၀၀ ကျပ်တန်ဆင်းကဒ်ကြောင့်ကျေးရွာအုပ်ချုပ်ရေး
မှုးတစ်ဦးနှုတ်ထွက်စာတင်ကြောင်းသိရသည်။ဧရာဝတီတိုင်းဒေသကြီးပုသိမ်
ခရိုင်ကန်ကြီးထောင့်မြို့နယ် မိချောင်းတစ်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုး
ဦးအောင်ချမ်းသည်စက်တင်ဘာလအတွက်  ရရှိသည့်ကျေးရွာခွဲတမ်းဆင်း
ကဒ် ၁၂ ကဒ်မှ ၁၀ ကဒ်အားကျေးရွာပြည်သူ့စစ်အဖွဲ့ဝင်လိုသူများအားစည်း
ရုံးပေးဆောင်ခဲ့သဖြင့် မြို့နယ်NLDအဖွဲ့၏ဖိအားပေးမှုအပေါ်တွင်မြို့နယ်အ
ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့နှုတ်ထွက်စာပေးပို့ခဲ့ကြောင်းသိရသည်။
         အဆိုပါကိစ္စနင့်ပတ်သတ်၍ဦးအောင်ချမ်းမှ   နိင်ငံတော်ရဲ့မူဝါဒ
တွေကိုငါတို့ကပိုသိတာပေါ့ကွာ ပြည်သူကိုဗဟိုပြုပြီးလုပ်ကိုင်ဆောင်ရွက်ဖို့
တစ်အိမ်ထောင်ဖုန်းတစ်လုံးရဖို့ဆိုတာတွေကအောက်ခြေအဆင့်မှာငါတို့က
လုပ်ကိုင်ဆောင်ရွက်ပေးရတယ်။ပြည်သူစစ်အဖွဲ့ဝင်လိုသူတွေကိုပေးတယ်
ဆိုတာကလည်းအခုချိန်ကစပါးပေါ်မယ့်ကောက်ရိတ်ချိန်ရောက်နေပြီတစ်
နေ့ကို ၁၅၀၀ ၂၀၀၀ လောက်ရနေတော့စားဝတ်နေရေးအတွက်ဝင်လို
သူမရှိသေးဘူးဖြစ်နေတယ် ဆင်းရဲမွဲတေမှုလျော့ချမယ်ဆိုပြည်သူတွေအ
လုပ်အကိုင်ရှိမှဖြစ်မှာပေါ့ ငါတို့နဲ့ပတ်သတ်လို့က ၂၁ ရက်နေ့တည်းကစာ
ထွက်ပြီးသားပါ အုပ်ချုပ်ရေးမှုးတွေကတိုက်ရိုက်ကိုင်တွယ်ရောင်းလို့မရဘူး
ရပ်မိရပ်ဖနဲ့အထောက်အကူပြုအဖွဲ့တွေပဲရောင်းရမယ်ဆိုတာ အခုကိစ္စမှာ
လည်းကျေးရွာမှာကာကွယ်ရေးအင်အားလေးတစ်ခုဖြစ်စေချင်တဲ့စေတ
ကြောင့်ရပ်မိရပ်ဖတွေနဲ့ကျေးရွာအထောက်အကူပြုအဖွဲ့တွေရဲ့သဘောထား 
အပေါ်မှာပြည်သူတွေကလည်းလက်ခံခဲ့တဲ့အတွက်ဆောင်ရွက်ခဲ့တာ
ပါ ဒါကိုလုပ်ထုံးလုပ်နည်းနဲ့မညီဘူးဆိုပြီးတိုင်တာပါ ကိုယ်ကျိုးသုံးတာမဟုတ်
တဲ့အတွက်ငါကတော့လိပ်ပြာသန့်တယ် လူမှုရေးအသင်းတွေ ဘာသာ
ရေးအဖွဲ့တွေနဲ့ပါတီအဖွဲ့အစည်းတွေတောင်ခွဲတမ်းနဲ့ရနေတဲ့အပေါ်မှာ ငါတို့
နဲ့အတူရပ်ရွာအေးချမ်းသာယာဖို့တရား
ဥပဒေစိုးမိုးရေးလုပ်ငန်းတွေကိုလက်တွဲလုပ်နေရတဲ့ ထောက်ကူတွေရာ
အိမ်မှုးဆယ်အိမ်မှုးတွေမီးသတ်ပြည်သူစစ်အဖွဲ့တွေကိုမပေးရဘူးဆိုရင်
တော့အုပ်ချုပ်/စီမံလုပ်ငန်းတွေမှာသူများဆယ်လှမ်းဒို့တစ်လှမ်းဖြစ်ပြီပေါ့ကွာ။ဒါကလည်း
ပြည်သူကျေနပ်မှပေးဖို့ပြောတာပါ လုပ်ချင်တိုင်းလုပ်ဖို့မဟုတ်ဘူး။
ဘာကြောင့်ငါထွက်စာတင်လဲဆိုရင်အုပ်ချုပ်ရေးအဖွဲ့မှာငါတာဝန်အရှိ
ဆုံးမို့တာဝန်ယူလိုက်တာအရေးကြီးဆုံးကတော့နောင်မှာလဲငါတို့နဲ့အတူ
အနစ်နာခံဆောင်ရွက်မဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကိုဘာသာရေး လူမှုရေး
အသင်းအဖွဲ့တွေနဲ့နိင်ငံရေးပါတီတွေကပုဂ္ဂိုလ်တွေလောက်တောင်ငါမ
ဆောင်ရွက်ပေးနိင်တာကိုတွေးပြီးငါမျက်နှာပူလို့ပါ     ဟုပြောကြားခဲ့သည်
       အဆိုပါအုပ်ချုပ်ရေးမှုးသည် ၂၀၀၈ခုနစ်ကတည်းကအုပ်ချုပ်ရေးမှုး
တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးအစိုးရသစ်လက်ထက်၌လည်းပြည်သူများမှ
ပြန်လည်ရွေးချယ်ပေးခဲ့ကြောင်းနှင့်ဦးအောင်ချမ်းမှ( ၇.၁၀.၂၀၁၃)ရက်နေ့
ကပေးပို့ခဲ့သည့်နှုတ်ထွက်စာနှင့်ပတ်သတ်၍ကန်ကြီးထောင့်မြို့နယ်အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာနမှမည်သည့်သဘောထားမှတ်ချက်မှမပေးသေး
ကြောင်းလဲသိရသည်။
 
ဘုန်းဆက်လင်း
မြို့လယ်လမ်း
အမှတ် ၂ ရပ်ကွက်
ကန်ကြီးထောင့်မြို့
၄၉၇၄၀၅၇၆
 
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
 
 စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် ထဲကရွာတွေကို ဆက်သွယ်ရေးကောင်းမွန်အောင်ပြုလုပ်ပေးစေလို
 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် ထဲကရွာတွေကို ဆက်သွယ်ရေးကောင်းမွန်အောင်ပြုလုပ်ပေးစေလိုပါသည်။ သမ္မတရဲ့၁၅၀၀ တန်ဖုန်းတွေပေါ်နေပေမယ့် ပျဉ်းကိုင်းရွာလို မုံရွာ:ကလေးဝ ကားလမ်းူပေါ်ကရွာတွေမှာ ဖုန်းကို ၁မိနစ် ၂၀၀ကျပ်ပေးနေရတုန်းပါ။ ဆက်သွယ်ရေးဌာနကပြောသလို ၈၅ ရာနှုန်းလွှမ်းခြုံထားတဲ့ကွန်ယက်ထဲမှာမပါဝင်တာကတော့ အတော်ဝမ်းနည်းဖို့ကောင်းလှပါတယ် တန့်ဆည်မြို့နယ် ကံထူးမရွာရဲ့အနောက်ဖက် ၂၄ ၂၅မြိင်လောက်ကတည်းက မမိတဲ့ဖုန်းလိုင်း ကလေးဝမြို့မိုင်တိုင်၁၀၄ ၁၀၅  နားထိအောင်ပါ  ဆက်သွယ်အဆင်ပြေအောင်အမြန်ပြုလုပ်ပေးစေလိုကြောင်း ပြောကြားအပ်ပါတယ်

Zynne Way 09 401563513်

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment