Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 14 February 2014

ကချင်​ပြည်​နယ်​၊ မိုးညှင်းမြို့ စ.ရ.ဖ ရုံးမှ :-) ခြိမ်း​ခြောက်​​ငွေ​တောင်းခံခြင်းအား အ​ရေးယူ​ပေးပါရန်

ကျွန်​​တော်​သည်​ ကချင်​ပြည်​နယ်​၊ မိုးညှင်းမြို့၊ နားခါ​တောင်​ရပ်​ကွက်​တွင်​ စတိုးဆိုင်​ဖွင့်​၍ အသက်​​မွေးဝမ်း​ကျောင်း ပြု​နေသူ တစ်​ဦးဖြစ်​ပါသည်​။ အသက်​၈၃နှစ်​ ရှိပြီဖြစ်​သည်​။
၁၁-၂-၂၀၁၄ ရက်​​နေ့လယ်​ ၁၁နာရီ အချိန်​တွင်​ မိုးညှင်းမြို့ရှိ စ.ရ.ဖ ရုံးမှ ​ခေါ်သဖြင့်​  မိုးညှင်း စ.ရ.ဖရုံးသို့ သွား​ရောက်​ခဲ့ရပါသည်​။ စ.ရ.ဖရုံးမှ  တာဝန်​ရှိသူက ကျွန်​​တော့်​အား KIA သို့ ဆက်​​ကြေး​ပေးရသည်​ဟုဆိုပြီး စစ်​​ဆေး​မေးမြန်းပါသည်​။ ကျွန်​​တော့်​အိမ်​ကို KIAမှ စာ​ရောက်​သည်​ဟု ၀န်​ခံ ခဲ့ရပါသည်​ ။ ထိုသို့စစ်​​ဆေး​မေးမြန်းပြီး စ.ရ.ဖရုံးမှ လူက ​ငွေကျပ်​ သိန်း၂၀ကို ​ပေးရမည်​ဟု ​တောင်းခဲ့ပါသည်​။ ​ငွေကျပ်​သိန်း ၂၀ ​ပေးလျှင်​ ဖိုင်​တွဲ နှင့်​ စစ်​ချက်​ကို ပယ်​ဖျက်​​ပေးပါမည်​။ ​ငွေကျပ်​သိန်း ၂၀ ​ပေးမှ သာလျှင်​ ကျွန်​​တော့်​ကို ရုံးမှ ပြန်​လွှတ်​မည်​ဟု​ပြောပါသည်​။ ထို့​နောက်​စာရွက်​တစ်​ခု​ပေါ်တွင်​ စာများ​ရေးသား၍ ကျွန်​​တော့်​ကို လက်​မှတ်​​ရေးထိုးခိုင်းပါသည်​။ စာရွက်​​ပေါ်တွင်​ မည်​သည့်​စာများ​ရေးထားသည်​​တော့ ကျွန်​​တော်​မသိပါ။ လက်​မှတ်​​ရေးထိုးပြီးသည့်​အခါမှ ကျွန်​​တော့်​အား ပြန်​လွှတ်​​ပေးခဲ့ပါသည်​။ ကျွန်​​တော့်​အား ပြန်​လွှတ်​​သည့်​အချိန်​မှာ ည​နေ ၄း၀၀ နာရီ ဖြစ်​သည်​။
ကျွန်​​တော့်​အား ပြန်​မလွှတ်​မီ ​ငွေကျပ်​သိန်း ၂၀ကို မည်​သူ လာ​ရောက်​ ​ပေးမည်​နည်းဟု ​မေးပါသည်​။ ကျွန်​​တော်​လည်း ကျွန်​​တော့်​သားကို ပို့ခိုင်းမည်​ဟု ​ပြောလိုက်​ပါသည်​။ စ.ရ.ဖ ရုံးမှ လူက ခင်​ဗျား သားကို လူကြီးများနှင့်​ တိုင်​​တောခြင်းမပြုရန်​လည်း ခြိန်း​ခြောက်​ခဲ့ပါသည်​။ ငွေကျပ်​သိန်း ၂၀ကို နာရီဝက်​အတွင်း လာ​ပေးရမည်​ဟုလည်း မှာကြားလိုက်​ပါသည်​။
ကျွန်​​တော်​သည်​ စ.ရ.ဖ ရုံးမှ ​ခေါ်သဖြင့်​ သွား​ရောက်​ခဲ့ရာ နံနက်​စာထမင်းပင်​ မစားရ​သေး၍ စား​နေခိုက်​ ငွေကျပ်​သိန်း ၂၀ကို နာရီဝက်​အတွင်း သွား​ရောက်​​ပေးနိုင်​ခြင်း မရှိ၍ ည​နေ ၅း၀၀နာရီတွင်​ ထပ်​မံ လာ​ခေါ်ပါသည်​။ ရုံးသို့​ရောက်​သည့်​အခါ ကျွန်​​တော့်​အား မြို့မျက်​နှာဖုံးလူကြီး၊ တပ်​မမှူး၊ ဗိုလ်​မှူးကြီးများနှင့်​​ပေါင်းပြီး နံပါတ်​ဖိုး၊ ဘိန်း လုပ်​​နေသည်​ဟု ​ပြောပါသည်​။ စာရွက်​​ပေါ်တွင်​ လည်း ထပ်​မံ၍ လက်​မှတ်​ ​ရေးထိုးခိုင်းပြန်​ပါသည်​။ ကျွန်​​တော်​လည်း လက်​မှတ်​ မထိုးနိုင်​​တော့​ကြောင်း ငြင်းဆိုခဲ့ပါသည်​။ ကျွန်​​တော့်​အား ည ၈း၅၅ နာရီတွင်​ မှ ပြန်​လွှတ်​​ပေးခဲ့ပါသည်​။
ကျွန်​​တော်​သည်​ သမ္မာအာဇီဝနှင့်​ လုပ်​ကိုင်​စား​သောက်​ နေသူတစ်​ဦးဖြစ်​ပြီး အသက်​အရွယ်​ ကြီးသူလည်း ဖြစ်​ပါသည်​။ ယခုကဲ့သို့ မဟုတ်​မမှန်​စစ်​​ဆေးပြီး ခြိမ်း​ခြောက်​​ငွေ​တောင်းခံခြင်းအား သက်​ဆိုင်​ရာ တာဝန်​ရှိသူများ သိရှိ အ​ရေးယူနိုင်​ပါရန်​ ​လေးစားစွာဖြင့်​ တင်​ပြအပ်​ပါသည်​။
လေးစားစွာဖြင့်
ဦးချစ်​​မောင်
၁/မညန(ဧည့်​)၀၀၀၂၄၃
ဟိုးဟိုး-စတိုး၊ ဘူတာ​ရှေ့၊ မိုးညှင်းမြို့၊ ကချင်​ပြည်​နယ်

No comments:

Post a Comment