Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 21 March 2014

မန္တ​လေးတိုင်း​ဒေသကြီး၊ မြင်းခြံခရိုင်​၊ ငါန်းဇွန်​မြို့နယ်​၊ မင်းကြီးကြပ်​အုပ်​စု၊ ​ညောင်​​လေးပင်​ရွာ၊ မင်းရဲ​ဂေါင်​​ကျောင်းတိုက်​၊ ​အေးကမ္ဘာသာသနာပြုစခန်း၏ သာဓုအနု‌မောဒနာ‌ ဖိတ်ကြားလွှာ




မန္တ ​လေးတိုင်း​ဒေသကြီး၊ မြင်းခြံခရိုင်​၊ ငါန်းဇွန်​မြို့နယ်​၊ မင်းကြီးကြပ်​အုပ်​စု၊ ​ညောင်​​လေးပင်​ရွာ၊ မင်းရဲ​ဂေါင်​​ကျောင်းတိုက်​၊ ​အေးကမ္ဘာသာသနာပြုစခန်း နှစ်​စဉ်​ ကျင်းပမြဲဖြစ်​​သော "ရတနာမာန်အောင်" ကံထပ်​​ဆောင်​ယူ ​အောင်​​တော်​မူ တ​ပေါင်းပွဲ​တော်​မြတ်​ကြီးကို ယခုနှစ်​မှာလည်း တ​ပေါင်းလဆန်း ၁၀ရက်​ ၁၀.၃.၂၀၁၄ မှ တ​ပေါင်းလပြည့်​​ကျော်​ ၁၀ရက်​​ ၂၅.၃.၂၀၁၄ နေ့အထိ အမြို့မြို့အနယ်​နယ်​မှ ပင့်​သံဃာ​တော်​ အပါး၅၀၀တို့အား ၁၆ရက်​ တိုင်​တိုင် ​ပုနောပသပ္မဒ သိက္ခာထပ်​မင်္ဂလာ ဆင်​ယင်​ကျင်းပပူ​ဇော်​ ကုသိုလ်​ ယူကြမည်​ဖြစ်​ပါသည်​။ ၁၃၆၉ ခုနှစ်​မှ စတင်​ကာ ပင့်​သံဃာ​တော် ၁၀၈ပါးတို့အား ပုနောပသပ္မဒ သိက္ခာထပ် ကုသိုလ်​ဆက်​ခဲ့ရာ ယခုနှစ်​တွင်​ သတ္တမ အကြိမ်​​မြောက်​ ​ရောက်​ရှိလာခဲ့ပြီး ပင့်​​လျှောက်​ထား​သော ဆရာ​တော်​ သံဃာ​တော်​ အရှင်​သူမြတ်​တို့အား သိက္ခာထပ်​​ပေးခြင်း၊ လှူဖွယ်​၀တ္ထု နဝကမ္မ အစုစုတို့နှင့် အာရုံဆွမ်း ​နေ့ဆွမ်း ​ဘောဇဉ်​ကပ်​လှူခြင်းဖြင့်​ ဗုဒ္ဓ နွယ်​လာ သာကီဝင်​ ပါရမီရှင်​အ​ပေါင်းတို့အား ဆရာနှင့်​တကာ ညီညာလက်​တွဲကာ ​ကောင်းကျိုးဟူသမျှ ပြည့်​စုံပြီး​မြောက်​ခရီး​ရောက်​​စေရန်​ ဒါန​ကောင်းမှု အ​ကြောင်းပြု ​ပေါင်းစု​ပျော်​ရွှင်​ ကုသိုလ်​ သဘင်​အဖြစ်​ ဆင်​ယင်​ကျင်းပမည်​ ဖြစ်​ပါ​သော​ကြောင့်​ တိုင်းခန်းပြည်​ရွာ ရပ်​နီးရပ်​​ဝေး ကြားသိ ကုသိုလ်​ သာဓု... သာဓု... သာဓု ​ခေါ်ဆိုနိုင်​ကြပါ​စေ.......

အကျိုး​တော်​​ဆောင်​အဖွဲ့





No comments:

Post a Comment