"HWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာကဏ္ဍ " သို့ ပေးပို့သော သတင်
းများနှင့် ပတ်သတ်၍ ယခုအခါ ပုံစံပြောင်း တင်ပေးတော့မည် ဖြစ်
ကြောင်း အသိပေးကြေညာ အပ်ပါသည်။ ဥုံ အဆိုပါကဏ္ဍမှ အများပြည်သူအကျိုး
ရှေးရှု၍ userများပေးပို့သော သတင်း ၉၀%ခန့်အား အစဉ်မပြတ် တင်
ပေးခဲ့သည်မှာ အချိန်အတိုင်းအတာ တစ်ခုရှိခဲ့ရုံမက အောင်မြင်
မှု များလည်း ရရှိခဲ့ပြီးဖြစ်ပါသည်။ ယခုကဲ့သို့ အပြောင်းအလဲအဖြစ်
အသွင်ဖြစ်စေသည်မှာ သတင်းမီဒီယာလောကအား စိန်ခေါ်ကာ မမျှတ
သော တရားစီရင်ရေးကြောင့် ထောင်ဒဏ်များစွာ ကျရောက်ခဲ့ရသော ပြည်
သူ့သတင်းထောက်များအား ထောက်ရှုသောအားဖြင့် များစွာပါဝင်သည်။ ယခင်
က "HWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာကဏ္ဍ " သို့ ပေးပို့သော သတင်
းများတွင် ပြည်သူလူထု နစ်နာမူများကိုသာ ဖော်ပြရုံမက အစိုးရသစ်လက်ထက်
ဒီမိုကရေစီ အပြောင်းအလဲ အားယူနေချိန်တွင် အစိုးရအပေါ်ပြည်
သူလူထု ယုံကြည်မှုကိုလည်း ထောက်ရှုသောအားဖြင့် နယ်
အသီးသီးမှ အစိုးရနှင့် ပတ်သတ်သော ဆက်စပ်သတင်းများကိုပါ အများပြည်
သူ သို့ ဖော်ပြသိရှိစေကာ အစိုးရနှင့် ပြည်သူအကြား ယုံကြည်မှုခိုင်မာ
စေရန် အုတ်တချပ် သဲတပွင့်အလား ဥုံ မှ ကူညီပေးခဲ့ပါသည်။ ယခုကာလတွင်
ထိုယုံကြည်မှုကို ရိုက်ချိုးခဲ့သော သတင်းမီဒီယာအပေါ် ပြစ်ဒဏ် ခတ်
မှုအား ဥုံ မှ သော်လည်းကောင်း ပြည်သူလူထု ကိုယ်စားသော်လည်ကောင်
း လက်ရှိအစိုးရအား ယုံကြည်မှု လုံးဝ ပယ်ပြတ်စေသည့်အပြင် ဆက်လတ်
၍လည်း ယုံကြည်မှု လုံးဝမရှိတော့ သဖြင့် "HWH ဥုံ ပေးစာ၊တိုင်စာ၊ရင်
ဖွင့်စာကဏ္ဍ "မှ ယခုအချိန်ကာလမှ စ၍ အများပြည်သူနစ်နာမှု သတင်းများ တရား
ရေးမဏ္ဍိုင် ပြိုလဲ မှု နောက်ဆက်တွဲ အကျိုးရလဒ်သတင်းများကိုသာ ဖော်ပြ
ပေးတော့မည်ဖြစ်ကြောင်းနှင့် တိုင်းနှင့်ပြည်နယ်
အသီးသီးမှ အစိုးရဆက်စပ် အများပြည်သူဝန်ဆောင်မှုသတင်
းများအား လုံးဝ (လုံးဝ) ဖော်ပြပေးတော့မည် မဟုတ်တော့ကြောင်း အနယ်
နယ်အရပ်ရပ်မှ ဥုံ User သတင်းပေးပို့သူများနှင့် သတင်းဖတ်
ရှု့သူ Users များသို့ အသိပေးကြေညာအပ်ပါသည်။
HWH ဥုံ Admin
HWH ဥုံ Admin
No comments:
Post a Comment