Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 5 February 2015

NewLookNewLife အဖွဲ့မှ မွေးရာပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးလျှက်ရှိရာ စေတနာရှင်ပြည်သူများအနေဖြင့် အဖက်ဖက် မှပံ့ပိုး ကူညီနိုင်ပါကြောင်း အသိပေး နှိုးဆော်လွှာ

မြန်မာနိုင်ငံတွင် စာရင်းများအရ ခန့်မှန်းတစ်နှစ်လျှင် မွေးရာပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဝေဒနာရှင်ပေါင်း ၆၀၀၀ ခန့် မွေးဖွားလျှက်ရှိပါသည်။ ယင်းလူနာများသည် မွေးရာပါ ချို့ ယွင်းချက်များကြောင့် ၎င်းတို့ရှင်သန် နေထိုင် ရာ ပတ်ဝန်းကျင်တွင် အပစ်ပယ် ခံရခြင်း ပညာသင်ကြားခွင့်မရခြင်း ကျောင်းများသူငယ်ချင်းများကြားတွင် လှောင်ပြောင်စရာ ပြရုပ်တစ်ခုအဖြစ် အားငယ်စွာ ရှင်သန်ရခြင်း လူမှု အသိုင်းအဝိုင်းများတွင် မဝင်ဆံ့နိုင်ခြင်း စီးပွားဝန်းကျင်တွင်
ရပ်တည်ရှင်သန်ရန်ခက်ခဲခြင်း စသည့် မဆုံးနိုင်သောအခက်အခဲ ပေါင်းများ စွာကို ဘဝ နှင့်မမျှ အသက်အရွယ် နှင့်မမျှအောင် ခံစားကြရပါသည်။ ဝေဒနာရှင်အများစုသည် ဆေကုသမှုခံယူရန်ခက်ခဲသော
 ဝေးလံသည့်အရပ်ဒေသများတွင် နေထိုင်လျှက် ရှိပါသည်။
စီးပွားရေး လူမှုရေး ဆိုင်ရာ များစွာသော အခက်အခဲများ ကြောင့် ဝေဒနာရှင် များစွာတို့သည် ဆေးကုသမှု ခံယူနိုင်ရန် အလှမ်းဝေးကွာ လျှက်ရှိပါသည်။
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီး ဌာနမှလဲ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း နှင့်ပူးပေါင်း၍်စီမံချက်များဖြင့် ထိရောက်သော ကုသမှုများ ပေးလျှက်ရှိပါသည်။
သို့ရာတွင် များစွာသောအခက်အခဲ များကြောင့် ဝေဒနာရှင်များစွာ သည် ကုသမှု ခံယူနိုင်ရန် ကျန်ရှိနေ သေးပါသည်။
မြန်မာနိုင်ငံတွင် ကျန်ရှိနေသေးသော နှုတ်ခမ်းကွဲ အာခေါင်ကွဲ လူနာများကို ကူညီနိုင်ရန် NewLookNewLife အဖွဲ့ကို အငြိမ်းစား မျက်နှာ မေးရိုးနှင့်ခံတွင်း ခွဲစိတ် အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ကိုကိုမောင် ဦးဆောင်လျှက် စေတနာရှင်ဆရာဝန် တစ်စုက ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ တည်ထောင်ပြီးချိန်မှစ၍ ယနေ့ ထိလူနာပေါင်း ၉၀၀ကျော် ကို အခမဲ့ခွဲစိတ်ကုသ ပေးနိုင်ခဲ့ပါသည်။ ယင်းဝေဒနာရှင်များ၏ ခွဲစိတ် ကုသမှုနှင့်ဆေးဝါးကုသမှုဆိုင်ရာ အခက် အခဲ များ ကို အဖက်ဖက် မှဖြည့်ဆည်း ပေးနိုင် ရန် ကြိုးပမ်းလျှက်ရှိပါသည်။ စေတနာရှင်ပြည်သူများအနေဖြင့် ဝေဒနာရှင် များအတွက် အဖက်ဖက် မှပံ့ပိုး ကူညီနိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။ မိမိ၏ပတ်ဝန်းကျင် တွင် ထိုသို့သော ဝေဒနာရှင် များတွေ့ရှိပါက NewLookNewLife အဖွဲ့သို့ဆက်သွယ် ညွန်းပို့နိုင် ပါသည။်
ဆက်သွယ်လှုဒါန်းရန် -
ပင်လုံအထူးကုဆေးရုံကြီး
ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ရန်ကုန်။
ရွှေဗဟိုအထူးကုဆေးရုံကြီး
တာမွေမြို့နယ် ရန်ကုန်။
ဖုန်း- ၀၉ ၅၀၄၉၁၃၅
၀၉ ၇၃၀၃၈၁၅၆
၀၉ ၇၃၀၀၅၆၁၈



>>>>>>>>>>>>>>>>>>>>>>>>>>>>


"အပဲ့ကြီး"
သမီးနာမည်က "ချုးချုး" ပါ။
နှစ်တန်းတက်မှာ။
သူငယ်ချင်းတွေကသမီးကို အပဲ့ကြီး ။ နင်ကငါတို့နဲ့မတူဘူး ဆိုပြီးစကြတယ်။
မိခင်ဖြစ်သူက-
သမီးလေးကကျောင်းက ပြန်လာရင်အမြဲတမ်းငိုငိုလာတယ်။သူ့သူငယ်ချင်းတွေက အပဲ့ကြီး လို့စကြလို့။
အမေဆိုတော့စိတ်မ ကောင်းဘူးပေါ့။ သမီးကစာတော်တယ်။ သူကြီးလာရင်ဆရာဝန်မ ကြီးလုပ်မယ်လို့အမြဲပြောတယ်။ကျမ တို့က ကချင်ပြည်နယ် ဖားကန့်ကပါ။
ဦးကျော်သူတို့(နာရေးကူညီမှူအဖွဲ့) အဖွဲ့က နယ့်လှည့်ရင်းတွေ့လို့ခေါ်လာပေးတာပါ။
---------------------
ကျွန်တော်တို့New Look New Life အဖွဲ့ မှ ယနေ့ ညပဲ ချုးချုး ကိုခွဲစိတ်ပေး ခဲ့ပါသည်။
မည်သူမဆို ခွဲစိတ်ခန်းဝင်ရမည်ဆို လျှင်ကြောက်ရွံ့ကြပါသည်။ကလေးငယ်များဆိုလျှင်သာ၍ပင်ကြော က်ရွံ့ ကြပါသည်။ သို့သော် ချုးချုး ကား ရှေ့ဆုးံမှ ဝင်သွားရာ ဆရာမများက နောက်မှ လိုက်ကြရသည်။ သူမ မည်မျှစိတ်အားထက်သန်နေသည်ကိုသိနိုင်ပါသည်။ှ ထိုသို့သော ကလေးငယ်များမြန်မာ ပြည်တွင်မည်မျှ ကျန်သေးသနည်း။
အပဲ့လေးများ မည်မျှကျန်နေ သေးသနည်း။
---------------------
ကျွန်တော်တို့ အားလုံး သည် ကောင်းကင်မှ ကြယ်တွေ ကို တစ်ခုချင်း ရေတွက်နေ ခြင်းသာ ဖြစ် ပါသည်။ချုးချုး ဆိုသော ကြယ်ကလေး ကောင်းကင်တွင် လင်းလက်ခဲ့ပါပြီ။
အပဲ့ကြီး ဇာတ်လမ်း ကို ကြိုးစားအဆုံး သတ်နိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ ဟူသောစကားရပ်သည် လူ သားဆန်သော လူ
သား အားလုံး ကို ကိုယ်စားပြု ခြင်းဖြစ်ပါသည်။ (ဦးကျော်သူ ။ နာရေးကူညီမှူအသင်း။ စေတနာဆရာဝန်များ။နိုင်ငံအနှံ့။ပြည်နယ်အနှံ့ ထိုကဲ့သို့ ခွဲစိတ်ပေးနေသောဆရာဝန်ကြီးများ။ လူမှူရေးအသင်းအဖွဲ့များ။အလှူရှင်များ) ကိုဆိုလိုပါသည်။ဲ
---------------------
ဤ post သည် လူသိစေလို၍တင် သော် ကြော်ငြာ စာမ ဟုတ်ပါ။
ဤ post ကိုဖတ်ခြင်း ဖြင့် ထိုသို့သော ကလေးငယ်များ အပေါ် ဂရုဏာ သက်ဝင်ကာ အကျိုးကျေးဇူး တစ်စုံတစ်ရာ အနည်းငယ်မျှ ဖြစ်ထွန်းခဲ့လျှင် အတိုင်းထက်အလွန်ဖြစ် ပါသည်။
---------------------
ကျွန်တော်တို့အားလုံး
ဓါးနှင့်ခွဲစိတ်ခြင်း မဟုတ်ပါ။နှလုံးသားနှင့် ခွဲစိတ် ခြင်းသာ ဖြစ်ပါသည်။
NewLookNewLife.





~~~~~~~~~~~~~~~~~~~~~~~~~~~~~~

New Look New Life အဖွဲ့နှင့်အတူ
ပါဝင် ဖြည့်ဆည်းကူညီ ကြပါစို့။
>>>
မွေးရာပါ နုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေး ငယ်များအား New Look New Life အဖွဲ့မှ နေ့ညမရွေး ခွဲစိတ်ကုသ ပေးလျက် ရှိပါသည်။နွမ်းပါးလှသော ကလေးငယ်များနှင့် မိသားစုများ၏ ခွဲစိတ်ကုသမှုဆိုင်ရာ လိုအပ်ချက်များကို ပြည်တွင်းပြည်ပ စေတနာရှင် အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ အတတ်နိုင်ဆုံးဖြည့်ဆည်း ကူညီ ပေးလျက် ရှိပါသည်။ ခွဲစိတ်ကုသမှု ခံယူသော ကလေးငယ်များ အန္တရာယ် ကင်းရှင်းစွာ ခွဲစိတ်ကုသမှု ခံယူနိုင်ရေးနှင့် စိတ်ချမ်းမြေ့ စွာကုသမှုခံယူနိုင်ရေး သည်ကျွန်တော်တို့အဖွဲ့၏ အမြင့်ဆုံး ရည်မှန်းချက်ဖြစ်ပါသည်။
ကလေးငယ်များသည် ဘဝပေးကံ အကြောင်း တခုခုကြောင့် မွေးရာပါ ချွတ်ယွင်းချက်များ ခံစား ခဲ့ရပါသည်။ ထိုချို့ယွင်းချက်များနှင့် ဆက်နွယ်၍ မိသားစု ဆွေမျိုးများ နှင့် သင်ကြား နေထိုင်ရာ ပတ်ဝင်းကျင်များတွင် စိတ်ဒဏ်ရာ များစွာနှင့် ဖြတ်သန်းကြရ မည်မှာ ဧကန်ဖြစ်ပါသည်။ ကျွန်တော်တို့ အဖွဲ့အနေဖြင့် ကလေးငယ်များ စိတ်ချမ်းမြေ့စွာ ကုသမှု ခံယူနိုင်ရေး အတွက် ရည်မှန်းချက်ထားကာ ဘက်ပေါင်းစုံမှ စဉ်းစားဖြည့်ဆည်းပေးရန် ကြိုးပမ်းလျက် ရှိပါ သည်။ ဝေဒနာရှင် ကလေးများ၏ ကွက်လပ်များကို အကောင်းဆုံးဖြည့်ဆည်းပေးရန်မှာ ကျွန်တော်တို့၏ ရည်မှန်းချက် ဖြစ်ပါသည်။
သို့ပါသောကြောင့် စေတနာရှင် အလှုရှင်များအနေဖြင့် လက်တွေ့ ကျသော ကူညီပံ့ပိုးမှုများကို ဖိတ်ခေါ် အပ်ပါသည်။ မိမိတို့ဘဝ ရုန်းကန် လှုပ်ရှားရင်းဖြင့် ပင်ပန်းစွာရှာဖွေခဲ့ရသော ချွေးနဲစာ များကို အမှန်တကယ် အကူအညီ လိုအပ်နေသော လူ စတင် ဖြစ်သည်နှင့် ဘဝကို လိုအပ်ချက်များစွာ ဖြင့်စတင်ရသောသနားစဖွယ် မွေးရာပါ နတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ် များကို တနိုင်တပိုင် ကူညီ ခြင်းဖြင့် တစ်သက်စာ ကျေနပ်မှုပီတိတရာ့းများကို မျှဝေယူကြပါစို့ဟု တိုက်တွန်း အပ်ပါသည်။ဘဝ တွင်မိမိ၏ လှုဒါန်းမှု ကြောင့် ကလေးတစ်ယောက်၏ ဘဝ ချက်ချင်းပြောင်းလဲ ကောင်းမွန် သွားသည်ကို မိမိ၏ မျက်စိရှေ့၌ပင် တွေ့မြင်ဝမ်းသာ ဂုဏ်ယူ နိုင်ပါသည်။ ထိုသို့သော ပီ တိမျိုး ကိုသင့်ဘဝ တစ်သက်တာ တွင် ယခုပင် စတင်လှုဒါန်းခြင်းဖြင့် ကြည်နူးသဒ္ဒါ ပွား ကြပါစို့ ဟု တိုက်တွန်းအပ်ပါသည်။
နုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေး တစ်ယောက် ခွဲစိတ်မှု လိုအပ်ချက်များ ပြီးပြည့်စုံစွာ ဖြည့်ဆည်း ပေးနိုင် ရန်အတွက် လူနာတစ်ဦးလျှင် - ၅၀၀၀၀ ငါးသောင်းကျပ် နှုန်းဖြင့် ပံ့ပိုး ကူညီ နိုင်ပါကြောင်း အသိပေးအပ်ပါသည်။
ပီတိကုသိုလ် အကျိုးတရားများနှင့်အတူ မိမိပါဝင်ကူညီခဲ့သော ကလေးငယ်နှင့် တစ်သက်တာ ကြည်နူးပျော်ရွှင် နိုင်မည့် အမှတ်တရ များစွာကို သင်ထွေးပွေ့ နိုင်ပါလိမ့်မည်။
လှုဒါန်းကူညီနိုင် မည့်လိပ်စာများ-
ဒေါက်တာ သိမ့်သိမ့်သန်းဝေ- Ph:09 5054620
ဒေါက်တာသီဟမြင့်ဝေ
Ph:09 5049135
ပင်လုံဆေး ရုံ သွားဆေးခန်း-09 73038156 သို့လဲ ဆက်သွယ်လှုဒါန်း နိုင်ပါသည်။

New Look New Life
Charity Cleft Foundation
Pinlon Hospital,
North Dagon, Yangon.,
Myanmar




https://www.facebook.com/newlooknewlife.mm

https://www.facebook.com/groups/371994692959388/ 

ခွဲစိတ်လိုသည့်လူနာများ အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။
၀၉ ၅၀၄ ၉၁၃၅
၀၉ ၇၃၀၀ ၅၆၁၈
၀၉ ၇၃၀ ၃၈၁၅၆
NewLookNewLife အဖွဲ့ မှ 2014 ခုနှစ် စက်တင်တင်ဘာလအတွင်း မေွးရာပါနှုတ်ခမ်းကွဲ အာခေါင်ကွဲ လူနာ ၃၀ ဦးအားအခမဲ့ ခွဲစိတ်ကုသ ပေးခဲ့ပါသည်။  သို့ပါသောကြောင့် လှုဒါန်းအမှု ကုသိုလ်ပြု လိုသူများ သူများ ကုသိုလ်ပါဝင်လိုသူ များ ဆက်သွယ်လှုဒါန်းနိုင်ပါသည့်အကြောင်း NewLookNewLife အဖွဲ့မှ နှိုးဆော်အပ်ပါသည်။
ခွဲစိတ်လိုသူ မွေးရာပါနှုတ်ခမ်းကွဲ အာခေါင် ကွဲလူနာများလဲ ဆက်သွယ်နိုင် ပါသည်။
==========================
ပွင့်သောပန်းတိုင်း လန်းကြပါစေ။
From - NewLookNewLife

No comments:

Post a Comment