Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 12 May 2015

စစ်မှန်သည့် ရွေးကောက်ပွဲများသည် ဒီမိုကရေစီ၏ အရင်းအမြစ် Android Apk

"Myanmar Election" စစ်မှန်သည့် ရွေးကောက်ပွဲများသည် ဒီမိုကရေစီ၏ အရင်းအမြစ်များပင်ဖြစ်သည်။ ရွေးကောက်ပွဲတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ပါဝင်ဆောင်ရွက်မှုသည် မရှိမဖြစ်အရေးပါသည်။ အထူးသဖြင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ အုပ်စုများသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၏ ဂုဏ်သိက္ခာရှိမှုကို မြင့်တင်နိုင်ပြီး၊ ရွေးကောက်ပွဲ မဲမသမာမှုပြုလုပ်ရန် ကြိုးပမ်းမှုများကို တားမြစ်နိုင်သည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ် အစအဆုံးယုံကြည်မှုကို တည်ဆောက်ပေးနိုင်ပြီး ရွေးကောက်ပွဲ စီမံကျင်းပသူများ၊ နိုင်ငံရေးပါတီများ၊ မီဒီယာများ အပါအ၀င် အခြားသက်ဆိုင်သူများ၏ လုပ်ဆောင်ချက်များကို သိရှိရနိုင်ပြီး ရွေးကောက်ပွဲဖြစ်စဉ်ကြီး တစ်ရပ်လုံးနှင့် ပတ်သက်၍ ရရှိထားသော အချက်အလက်များပေါ် အခြေခံသည့်အမြင်ရှုထောင့်များကို ထောက်ပံပေးနိုင်စေသည်။ စောင့်ကြည့်လေ့လာသူများ၏ ဘက်မလိုက်ဘဲ ကြားနေမှုကို သိသာထင်ရှားစေနိုင်ရန်အတွက် ပါတီစွဲ၊ ပါတီ ဘက်လိုက်ခြင်းကင်းသည့် အပြုအမူများကို ကျင့်သုံးစောင့်ထိန်းမည်ဖြစ်ကြောင်း ကျင့်ဝတ်စည်းကမ်း သတ်မှတ်ချက်ကို လိုက်နာပါမည်ဟု ၀န်ခံကတိပြုနိုင်ရန် လိုအပ်သည်။ ၂၀၁၅ မြန်မာနိုင်ငံ ရွေးကောက်ပွဲအတွက် အများပြည်သူ သိရှိလေ့လာနိုင်ရန် Android Appတစ်ခု ISchool Myanmarမှ မျှဝေပါသည်






No comments:

Post a Comment