"HWH ဥုံ အသင်းအဖွဲ့များ ကဏ္ဍ" အား မေလ ၁ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဤကဏ္ဍတွင် မြန်မာတစ်နိုင်ငံလုံးရှိ နေရာဒေသ အသီးသီးမှ အသင်းအဖွဲ့များ အား HWH ဥုံ တွင် ဖော်ပြပေးသွားကာ
အသင်းအဖွဲ့များ၏ လိုအပ်ချက်များဖြစ်သော အဖွဲ့Fund ငွေများ လှူဒါန်းနိုင်ရန် နှိုးဆော်ပေးခြင်း၊ အဖွဲ့ဝင်အင်အားတောင့်တင်းလာစေရန်
၊ အဖွဲ့၏ လှုပ်ရှားမှု Activities များ ကြေညာချက် ကြော်ငြာချက်များအား
အများပြည်သူသိရှိစေရန် ဖော်ပြပေးခြင်း၊ တစ်နိုင်ငံလုံးရှိ အသင်
းအဖွဲ့များ လှုမှုအကျိုးသယ်ပိုးရာ၌ လက်တွဲ ဆောင်ရွက်နိုင်ရန် ရည်ရွယ်
ခြင်း စသဖြင့် အများပြည်သူအကျိုး သယ်ပိုးဆောင်ရွက်မည့် အသင်
းအဖွဲ့များအား "HWH ဥုံ အသင်းအဖွဲ့များ ကဏ္ဍ" မှ နွေးထွေးစွာကြိုဆိုလျက်
ရှိကြောင်း အသိပေးတင်ပြအပ်ပါသည်။
အောက်ပါ အချက်အလက်များ နှင့် ပြည့်စုံပါက "HWH ဥုံ အသင်းအဖွဲ့များ ကဏ္ဍ" တွင် ဖော်ပြပေးသွားပါမည်။
၁) အသင်းအဖွဲ့  ဟူသည် နိုင်ငံရေးပါတီများမှ အပ လူပုဂ္ဂိုလ် ၅ ဦးနှင့် အထက် ဖွဲ့စည်းသော အသင်းအဖွဲ့အားလုံး ကို ဆိုလိုသည်။ ပြည်တွင်း ပြည် ပ မှ အများပြည်သူ အကျိုးရှိစေမည့် လုပ်ငန်းများလုပ်ဆောင်ပေးသော မည် သည့် အသင်းအဖွဲ့မဆို လက်ခံပါသည်။
၂) မိမိအသင်းအဖွဲ့၏ အများပြည်သူကို ဖော်ပြလိုသည် သိရှိစေလိုသည် အားလုံးကို ဖော်ပြနိုင် ပါသည်။ ဥပမာ အားဖြင့် လူထုပညာပေး အစီအစဉ် များကို စဉ်ဆက်မပျက် ဖော်ပြစေလိုသည်များ၊ မိမိအသင်းအဖွဲ့ မိတ်ဆက်ခြင်းမှ အစ အဖွဲ့ဝင်အင် အား တိုးမြှင့်ခြင်း ၊လှုပ်ရှားမှု Activities များ အစဉ်မပြတ် ဖော် ပြပေးခြင်း စသဖြင့် ဆိုလိုသည်။
၃) "HWH ဥုံ အသင်းအဖွဲ့များ ကဏ္ဍ" တွင် ဖော်ပြမည့် အသင်းအဖွဲ့များ၏ သက်ဆိုင်ရာ လုပ်ငန်းဆောင် တာ ရည်ရွယ်ချက်များ၊ ဆက်သွယ်ရန် လိပ်စာများအား HWH ဥုံ မှ မှတ်တမ်းတင်ထားရှိကာ နိုင်ငံတော် မှ သော်လည်းကောင်း၊ ပြည်တွင်း ပြည်ပ NGO, INGO, CSO အဖွဲ့အစည်းကြီးများမှ သော်လည်းကောင်း ၊ အများပြည်သူ များမှသော်လည်းကောင်း လိုအပ်လျှင် လိုအပ်သလို ချိတ်ဆက် ပေးသွားပါမည်။
"HWH ဥုံ အသင်းအဖွဲ့များ ကဏ္ဍ" သို့ ဆက်သွယ် ပေးပို့ရမည့် အစီအစဉ်
၁) hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။ မိမိ အသင်းအဖွဲ့ ၏ အဓိက လုပ်ဆောင်သည့် အရာ၊ လုပ်ဆောင်သည့် ရည်ရွယ်ချက်၊ ဆက်သွယ်ရန် လိပ်စာ အပြည့်အစုံ စသည့် အချက်အလက်များ အဓိက ပါ စေလိုပါသည်။
၂) စဉ်ဆက်မပြတ် ပညာပေး လုပ်ငန်းများ သင်တန်းများပို့ချခြင်းများ ဆောင်ရွက်လိုပါက အပိုင်းခွဲ၍ ပေးပို့နိုင်ပါသည်။
၃) အများပြည်သူများမှလည်း မိမိဝန်းကျင်ရှိ အများပြည်သူ အကျိုး အမှန် တကယ်ဆောင်ရွက်နေသော အသင်းအဖွဲ့  များအား ဤကဏ္ဍတွင် ဖော်ပြ စေလိုပါက သက်ဆိုင်ရာ အသင်းအဖွဲ့  ၏ ဖုန်းနံပါတ် (သို့) Facebook စာမျက်နှာ၊ Website လိပ်စာအား ပေးပို့ပါက HWH ဥုံ မှ ဆက်သွယ်ဖော်ပြ ပေးသွားပါမည်။
HWH ဥုံ Admin

No comments:
Post a Comment