Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 8 May 2014

ကပ်​​ကျော်​ပညာပါရမီကုသိုလ်ပြုအဖွဲ့(မကွေး) ►"HWH ဥုံ အသင်းအဖွဲ့များ ကဏ္ဍ





ကပ်​​ကျော်​ပညာပါရမီကုသိုလ်ပြုအဖွဲ့
ရည်ရွယ်ချက်
၁။ကလေးတို့ရဲ့ မွေးရာပါ အခွင့်အရေးတွေနှင့် စရိုက်ကိုကြည့်ပြီးလူသားစွမ်းရည်မြင့်တက်လာအောင်ဘာသာရပ်တို့ကိုသင်ကြား ပေးရင်း တန်ဖိုးမြင့် လူသားတွေ မွေးထုတ်ပေးရေး။    

၂။ ကလေးတို့ရဲ့ ကာယ၊ ဥာဏစွမ်းရည်၊ စာရိတ္တနှင့် အသိဥာဏ်တွေ အစွမ်းကုန်ဖွံ့ဖြိုးလာအောင်    သူတို့ကိုယ်တိုင် လေ့ကျင့်စေရေး။                                                                             

 ၃။ ကျောင်းနေအရွယ်များနှင့်လုပ်ငန်းခွင် ထဲမှ မျိုးဆက်သစ်လူငယ်များ စာတတ်မြောက်စေရေးနှင့် အသက်မွေး ၀မ်းကျောင်းပညာများတတ်မြောက်စေရေး။                                                          

  ၄။ စာပေအသိမှတဆင့် မိမိပတ်ဝန်းကျင်နှင့် ကမ္ဘာကြီးကို ကြည့်တတ်၊မြင်တတ်ပြီ                 ဘ၀ထဲတွင် အသုံးချတတ်စေနိုင်ရေး။ 

 ၅။ ပျော်ရွှင်ငြိမ်းချမ်းသောဘ၀ကို လူတိုင်းတည်ဆောက်နိုင်ရေး စသောရည်ရွယ်ချက်တို့ဖြင့်       ပညာပါရမီကုသိုလ်ပြုလုပ်ငန်းကြီးကို ပြုလုပ်ခြင်းဖြစ်ပါသည်။


လုပ်​​ဆောင်​ချက်​။ ။ ကပ်ကျော်ကမ္ဘာအေးဝိပဿနာဓမ္မရိပ်သာ သည် ၂၀၀၅-မှ- ၂၀၁၃ ယနေ့အထိလူကြီးများအတွက် မိုးကုတ်ဝိပဿနာ တရားစခန်းပွဲများနှစ်စဉ်ဖွင့်လှစ်ခဲ့ခြင်း၊
က​လေးများအတွက်​ ယဉ်ကျေးလိမ္မာသင်တန်း(၈)ကြိမ် ဖွင့်ခဲ့ပါသည်။
ထို့နောက် ကပ်ကျော်ပညာပါရမီကုသိုလ်ပြုအဖွဲ့ သည် ၂၀၁၀/၂၀၁၁ ပညာသင်​နှစ်​မှ
၂၀၁၃/၂၀၁၄ပညာသင်နှစ်အထိ နှစ်​စဉ်​ ကျောင်းသား/သူ (၁၅၀)ကျော်တို့ကို
ဆရာ/မ (၆၂)တို့ကမေတ္တာ၊စေတနာ အပြည့်အ၀တို့ဖြင့်ပညာဒါနပြုနိုင်​ ခဲ့ကြပါသည်။
ယခုအခါ အဖွဲ့ဝင်ပေါင်း (၅၀၄)ယောက်တို့ဖြင့် ဖွဲ့စည်းထား​သော ပညာပါရမီကုသိုလ်ပြုအဖွဲ့သည် ပညာဒါနပြုလုပ်နေသည့် အပြင်​ မျိုးဆက်​သစ်​လူငယ်​တို့ကို ယဉ်​​ကျေးလိမ္မာ သင်​တန်းများ ပန်းချီသင်​တန်းများ အဂ်​လိပ်​စာ အ​ခြေခံမှ အဆင့်​မြင့်​ထိ သင်​တန်းများ ကွန်ပျူတာသင်တန်းကိုအခမဲ့ သင်ကြားပေးခြင်း ချို့တဲ့ ကျောင်းများကိုလည်းတတ်နိုင်သလောက် လှူဒါန်းလျှက်ရှိပါသည်။
ထို့ပြင်​  လူငယ်​(၂၆)​ယောက်​တို့နှင့်​ (၄၄)​ယောက်​​သောဆရာ၊ဆရာမများ၏ ပညာရည်​များတိုးတက်​​စေရန်​လည်း Reading and Writing For Critical Thainking (RWCT)သင်​တန်းကိုလည်း ဖွင့်​နိုင်​ခဲ့ပါသည်​။

ပညာပါရမီကုသိုလ်ပြုအဖွဲ့
ပညာပါရမီကုသိုလ်ပြုကျောင်း ကပ်ကျော်ကမ္ဘာအေးဝိပဿနာဓမ္မရိပ်သာ
မကွေး-တောင်တွင်းလမ်း
ပညာရေးကောလိပ်အနီး
အောင်ဇေယျာရပ်ကွက် ၊မကွေးမြို့ ။
thitzana.mgy@gmail.com
www.carpkyaw.blogspot.com
ph: 09401557922 

>>>>>>>>>>>>>>>>>>>>>>>>>>
"HWH ဥုံ အသင်းအဖွဲ့များ ကဏ္ဍ" သို့ မိမိအသင်းအဖွဲ့၏ အများပြည်သူကို ဖော်ပြလိုသည် 
သိရှိစေလိုသည် အားလုံးကို  hwhforandroid@gmail.com သို့  ဆက်သွယ်​​ပေးပို့နိုင်ပါသည်။ 
မိမိ အသင်းအဖွဲ့ ၏ အဓိက လုပ်​​ ဆောင်သည့် အရာ၊ လုပ်​​ဆောင်သည့် ရည်ရွယ်ချက်၊ ဆက်သွယ်ရန်လိပ်စာ အပြည့်အစုံ စသည့် အချက်အလက်များ အဓိက ပါစေလိုပါသည်။အသင်းအဖွဲ့  ဟူသည် နိုင်ငံရေးပါတီများမှ အပ လူပုဂ္ဂိုလ် ၅ ဦးနှင့် အထက် ဖွဲ့စည်သော အသင်းအဖွဲ့အားလုံး ကို ဆိုလိုသည်။ စဉ်ဆက်မပြတ် ပညာပေး
လုပ်ငန်းများ  င်တန်းများပို့ချခြင်းများ ဆောင်ရွက်လိုပါက  အပိုင်းခွဲ၍ ပေးပို့နိုင်ပါသည်။ အများပြည်သူများမှလည်း မိမိဝန်းကျင်ရှိ အများပြည်သူအကျိုး အမှန်တကယ်​​ဆောင်ရွက်​​နေသော အသင်းအဖွဲ့  များအား ဤကဏ္ဍတွင် ဖော်ပြစေလိုပါက သက်ဆိုင်ရာ အသင်းအဖွဲ့  ၏ ဖုန်းနံပါတ် (သို့) Facebook စာမျက်နှာ၊ Websiteလိပစာအား ​ပေးပို့ပါက HWH ဥုံ မှ ဆက်သွယ်​​ဖော်ပြပေးသွားပါမည်။ ဤကဏ္ဍတွင် အသင်းအဖွဲ့များ၏ သက်ဆိုင်ရာလုပ်ငန်ဆောင်တာ ရည်ရွယ်ချက်များ၊ ဆက်သွယ်ရန် လိပ်စာများ​​​​အား HWH ဥုံ မှ မှတ်တမ်းတင်ထားရှိကာ နိုင်ငံတော် မှ သော်လည်ကောင်း၊ ပြည်တွင်း ပြည်ပ NGO, INGO, CSO အဖွဲ့အစည်းကြီးများမှသော်လည်ကောင်း ၊ အများပြည်သူ များမှသော်လည်ကောင်း လိုအပ်လျှင် လိုအပ်သလို ချိတ်ဆက်​​ပေးသွားပါမည်။ မြန်မာတစ်နိုင်ငံလုံးရှိ နေရာဒေသ အသီးသီးမှအသင်းအဖွဲ့များ၏ လိုအပ်ချက်များဖြစ်​​သော အဖွဲ့Fund ငွေများ လှူဒါန်းနိုင်ရန် နှိုးဆော်​​ပေးခြင်း၊ အဖွဲ့ဝင်အင်အားတောင့်တင်းလာစေရန်၊ အဖွဲ့၏ လှုပ်ရှားမှု Activitiesများ ကြေညာချက် ကြော်ငြာချက်များအား အများပြည်သူသိရှိစေရန် ဖော်ပြပေးခြင်း၊ တစ်နိုင်ငံလုံးရှိ အသင်းအဖွဲ့များ လှုမှုအကျိုးသယ်ပိုးရာ၌ လက်တွဲ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်း စသဖြင့် အများပြည်သူအကျိုး သယ်ပိုးဆောင်ရွက်မည့် အသင်းအဖွဲ့များအား  "HWH ဥုံ အသင်းအဖွဲ့များ ကဏ္ဍ" မှ နွေးထွေးစွာကြိုဆိုလျက်ရှကြောင်း အသိပေးတင်ပြအပ်ပါသည်

No comments:

Post a Comment