Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Friday, 2 May 2014
Myanmar Consumers Network (MCN) မြန်မာစားသုံးသူများကွန်ရက် ►"HWH ဥုံ အသင်းအဖွဲ့များ ကဏ္ဍ"
မြန်မာစားသုံးသူများကွန်ရက်
Myanmar Consumers Network (MCN) 
နိဒါန်း
“အာရောဂျံပရမံလာဘံ” ဆိုသည့်အတိုင်းကျန်းမာခြင်းသည် အလွန်အဖိုးထိုက်တန်သည့်လာဘ်ကြီးတစ်ပါးပင်ဖြစ်သည်ဟုဆိုထားရာ
မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းဧ။်ကိုယ်စိတ်နှစ်ပါးကျန်းမာစေရန်အတွက်
 နေ့စဉ်စားသောက်လှုပ်ရှားသွားလာနေထိုင်မှုတို့တွင်ဘေးဥပါဒ်ကင်းရှင်းစွာ
စိုးရိမ်ကြောင့်ကြမှုကင်းစွာဖြင့်ဘဝသက်တမ်းကိုဖြတ်သန်းနိုင်ရေးသည် အရေးကြီးပါသည်။ သို့မှသာကိုယ်စိတ်နှစ်ပါးကျန်းမာပျော်ရွှင်စွာဖြင့် မိမိဝါသနာပါရာယုံကြည်ရာများကို
လုပ်ကိုင်ဆောင်ရွက်ရင်းမိမိအကျိုး၊လောကအကျိုးကိုသယ်ပိုးဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
လူတိုင်းနေ့စဉ်ကြုံတွေ့နေရသည့်စားဝတ်နေရေးနှင့်လူသုံးကုန်ပစ္စည်းများ
(အစားအသောက၊်အ၀တ်အထည်၊နေအိမ်တိုက်ခန်းများအပါအ၀င်)၀န်ဆောင်မှုလုပ်ငန်းများကို
ဝယ်ယူသုံးစွဲရာတွင်မိမိတို့ဝယ်ယူအသုံးပြုသည့်ကုန်ပစ္စည်းများ၊ ၀န်ဆောင်မှုလုပ်ငန်းများဧ။်
 ဘေးဥပါဒ်ကင်းရှင်းမှု၊လုံခြုံစိတ်ချရစေမှုတို့ရရှိနိုင်မှသာလောကတွင်
စိုးရိမ်သောကကင်းစွာနေထိုင်နိုင်မည်ဖြစ်ပါသည်။
မြန်မာစားသုံးသူများကွန်ရက်ပေါ်ပေါက်လာပုံ
ထို့ကြောင့်စားသုံးသူတို့ ရပိုင်ခွင့်၊အခွင့်အရေးများရရှိနိုင်ရန် ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက်
စားသုံးသူအခွင့်အရေးကာကွယ်ရေးနှင့်ပညာပေးရေးလုပ်ငန်းများ
 ဆောင်ရွက်နေကြသောအဖွဲ့အစည်းအချင်းချင်းပိုမိုချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့်
မြန်မာ့စားသုံးသူအရေးကိုထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ၂၀၁၃ ခုနှစ် ဧပြီလတွင်စားသုံးသူကာကွယ်ရေးအသင်း (မြန်မာ) ၊ မြန်မာစားသုံးသူများသမဂ္ဂ၊ စားသုံးသူပညာပေးရေးကွန်ရက် အစရှိသောအဖွဲ့များနှင့် စိတ်ပါဝင်စားသူများစတင်တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ကြပါသည်။ ၂၀၁၃၊စက်တင်ဘာလမှ စတင်ပြီးအပတ်စဉ်စနေနေ့တိုင်းဖွံ့ဖြိုးရေးမဏ္ဍိုင်ရုံးနှင့် Empower ရုံးတို့တွင်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက်
စားသုံးသူအခွင့်အရေးကိုလှုပ်ရှားဆောင်ရွက်နေကြသည့်အစိုးရဋ္ဌာနများ ၊ သုသေသနအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ပညာရှင်များနှင့် စားသုံးသူများပါဝင်သည့် မြန်မာ့စားသုံးသူများကွန်ယက် ကိုဖွဲ့စည်းရန်သဘောတူညီခဲ့ကြပါသည်။
ထို့နောက် မြန်မာပြည်တွင်းရှိအစိုးရဌာနဆိုင်ရာနှင့်အဖွဲ့အစည်းအသီးသီးတို့မှ
စားသုံးသူကာကွယ်ရေး၊အစားအသောက်ဘေးကင်းလြုံခုံရေးဆိုင်ရာလှုပ်ရှားမှုများကို
အချင်းချင်းနားလည်သဘောပေါက်ပြီးပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်စေရန်
 နှင့်မြန်မာ့စားသုံးသူများကွန်ရက်ကိုပိုမိုပီပြင်စွာဖွဲ့စည်းပြီးဖြစ်စေရန်ရည်ရွယ်ပြီး
 မြန်မာစားသုံးသူများကွန်ရက် ပဏာမအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၃ခုနှစ် ဒီဇင်ဘာ(၁၂)ရက်နေ့တွင် Summit Parkview Hotel တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။အလုပ်ရုံဆွေးနွေးပွဲကို အစိုးရဌာနဆိုင်ရာမှတာဝန်ရှိသူများ၊စားသုံးသူအခွင့်အရေးကာကွယ်ရေး၊ ပညာပေးရေးအတွက်လှုပ်ရှားဆောင်ရွက်နေကြသည့်အဖွဲ့စည်းများမှ ပုဂ္ဂိုလ်များ၊ဥပဒေပညာရှင်များ၊စီးပွားရေးလုပ်ငန်းရှင်များ၊ တက္ကသိုလ်ဆရာများအသင်းနှင့်ကျောင်းသားအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနိုင်ငံတကာအဖွဲ့အစည်းများနှင့်လူမှုရေးအဖွဲ့အစည်းများမှပုဂ္ဂိုလ်များ၊ စာရေးဆရာများသတင်းစာဆရာများနှင့်ပညာရှင်များတက်ရောက်ကြပါသည်။
ဆွေးနွေးပွဲတွင်စားသုံးသူကာကွယ်ရေးအတွက်လှုပ်ရှားဆောင်ရွက်နေသော
အဖွဲ့အစည်းများဧ။်ရည်ရွယ်ချက်၊အဓိကလုပ်ငန်းစဉ်များ၊
အစားအသောက်ဘေးကင်းလုံခြုံရေးဆိုင်ရာဆောင်ရွက်မှုများ၊အောင်မြင်မှုများ၊ အားသာချက်အားနည်းချက်များနှင့်ကြုံတွေ့နေရသောစိန်ခေါ်မှုများအကြောင်းကို
တင်ပြဆွေနွေးကြပါသည်။ဆွေးနွေးပွဲရလဒ်အနေဖြင့် မြန်မာစာသုံးသူများကွန်ရက်ကိုအစိုရဌာနများ အပါအ၀င်စားသုံးသူအကာကွယ်ပေးရေး၊ပညာပေးလုပ်ဆောင်နေကြသည့်အဖွဲ့အစည်းများ၊
လုပ်ငန်းရှင်များနှင့်အခြားလူမှုရေးအဖွဲ့အစည်းများအား
အသိပေးချိတ်ဆက်နိုင်ခဲ့ပြီး မြန်မာစားသုံးသူများကွန်ရက်ကိုဖွဲ့စည်းမှုအားကောင်းစေခဲ့ပါသည်။
 မြန်မာစားသုံသူများကွန်ရက်အနေဖြင့် အမျိုးသားလွှတ်တော်တွင်တင်သွင်းဆွေနွေးခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေမူကြမ်း နှင့်ပတ်သက်ပြီးဥပဒေပညာရှင်များကို
ဖိတ်ခေါ်ပြီးတိုင်ပင်ဆွေးနွေးကာ မြန်မာပြည်သူလူထုအတွက်အကျိုးရှိစေမည့်
ဥပဒေပြင်ဆင်ချက်များထည့်သွင်းနိုင်ရန်ကြိုးစားအားထုတ်ခဲ့ပါသည်။
ဆက်လက်ပြီးမြန်မာပြည်သူပြည်သားများဧ။် စားသုံးသူရပိုင်ခွင့်များအကာအကွယ်ပေးရေးအတွက် မြန်မာစားသုံးသူကွန်ရက်အနေဖြင့်
အစိုးရဌာနများဧ။်ထိရောက်သောပူးပေါင်းပါဝင်ဆောင်ရွက်မှု၊
 ပြည်ထောင်စုလွှတ်တော်တွင်စားသုံးသူများကိုအမှန်တကယ်အကာအကွယ်ပေးနိုင်သည့်
ထိရောက်သောဥပဒေပြဌာန်းပြီးအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်သက်ဆိုင်ရာဝန်ကြီးဌာနမှ ပုဂ္ဂိုလ်များ၊လွှတ်တော်ကိုယ်စားလှယ်များနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး
ကုန်ပစ္စည်းထုတ်လုပ်တင်သွင်းရောင်းချသူများ၊၀န်ဆောင်မှုပေးသည့်လုပ်ငန်းများ၊ကုမ္ပဏီပိုင်ရှင်များမှ စားသုံးသူအခွင့်အရေးများနှင့်ပတ်သက်သည့်ဥပဒေ၊
စည်းမျဉ်းစည်းကမ်းများကိုလိုက်နာ ဆောင်ရွက်လာကြစေရန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့်
အားလုံးလက်တွဲပူးပေါင်းဆောင်ရွက်ကြပါရန်လေးစားစွာဖြင့်အသိပေးကြေငြာအပ်ပါသည်။
ရည်ရွယ်ချက်
မြန်မာပြည်တွင်းရှိစားသုံးသူရေးရာကိစ္စများလှုပ်ရှားဆောင်ရွက်နေကြသူ
အဖွဲ့အစည်းအသီးသီးပိုမိုချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့်
 မြန်မာ့စားသုံးသူအရေးကိုထိထိရောက်ရောက်ဆောင်ရွက်လာနိုင်စေရန်။
Vision
ကွန်ယက်အတွင်းမှ အဖွဲ့ဝင် အဖွဲ့အစည်းများလှုပ်ရှားမှုအားကောင်းလာပြီး ပြည်သူလူထုကြား Food Security နှင့် စားသုံးသူ Right အကြောင်းပိုမိုကျယ်ပြန့်စွာနားလည်လာစေရန်။
အဓိကလုပ်ငန်းစဉ်များ
MCN ၏အဓိကလုပ်ငန်းစဉ်များမှာသတင်းအချက်အလက် အရင်းအမြစ်များ ဖြန့်ဝေပေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပပေးခြင်း၊ နှီးနှောဖလှယ်ပွဲများ ပြုလုပ်ပေးခြင်း၊ သုသေသနလုပ်ငန်းများတွင် ပြည်တွင်းပြည်ပလုပ်ငန်းဆီလျော်ရာအခြားကွန်ယက်များနှင့် ချိတ်ဆက်ခြင်းစသည်တို့ကိုလုပ်ဆောင်သွားမည်ဖြစ်ပါသည်။
ဆက်သွယ်ရန်
၂၀၁၄ မေလတွင်ပြုလုပ်မည့် အဖွဲ့ဝင်များ၏ ရွေးကောက်တင်မြောက်မှုဖြင့် ဦးဆောင်ကော်မတီမဖွဲ့စည်းမီလက်ရှိအချိန်တွင် အဖွဲ့ဝင် ၉ ဦးပါဝင်သောယာယီကော်မတီမှ ဦးစီးဆောင်ရွက်လျှက်ရှိပါသည်။ ယာယီကော်မတီဝင်များသို့ အောက်ပါအတိုင်းဆက်သွယ်နိုင်ပါသည်။
၁။ ဦးစိုးထွန်း၊ ( ညှိနှိုင်းရေးတာဝန်ခံ၊ ၀၉၇၃၄၉၄၃၆၇၊ email: lorkahita@gmail.com )
၂။ ဦးမောင်မောင်၊ ( အဖွဲ့ဝင်၊ ၀၉၇၃၂၃၅၄၆၇၊ email: mgmghis.care@gmail.com )
၃။ နော်အေးမြငြိမ်း၊ ( ဆက်သွယ်ရေးတာဝန်ခံ၊ email: mcn.communication@gmail.com )
၎။ မထူးထူးအောင်၊ ( စီမံရေးရာတာဝန်ခံ၊ email: mcn.memberservice@gmail.com
>>>>>>>>>>>>>>>>>>>>>>>>>>
သိရှိစေလိုသည်​ အားလုံးကို  hwhforandroid@gmail.com သို့  ဆက်​သွယ်​​ပေးပို့နိုင်​ပါသည်​။ 
မိမိ အသင်းအဖွဲ့ ၏ အဓိက လုပ်​​ ဆောင်​သည့်​ အရာ၊ လုပ်​​ဆောင်​သည့်​ ရည်​ရွယ်​ချက်​၊ ဆက်​သွယ်​ရန်​လိပ်​စာ အပြည့်​အစုံ စသည့်​ အချက်​အလက်​များ အဓိက ပါ​စေလိုပါသည်​။အသင်းအဖွဲ့  ဟူသည်​ နိုင်​ငံ​ရေးပါတီများမှ အပ လူပုဂ္ဂိုလ်​ ၅ ဦးနှင့်​ အထက်​ ဖွဲ့စည်း​သော အသင်းအဖွဲ့အားလုံး ကို ဆိုလိုသည်​။ စဉ်​ဆက်​မပြတ်​ ပညာ​ပေး
လုပ်​ငန်းများ  ​သ​င်​တန်းများပို့ချခြင်းများ ဆောင်​ရွက်​လိုပါက  အပိုင်းခွဲ၍ ​ပေးပို့နိုင်​ပါသည်​။ အများပြည်​သူများမှလည်း မိမိဝန်းကျင်​ရှိ အများပြည်​သူအကျိုး အမှန်​တကယ်​​ဆောင်​ရွက်​​နေ​သော အသင်းအဖွဲ့  များအား ဤကဏ္ဍတွင်​ ​ဖော်​ပြ​စေလိုပါက သက်​ဆိုင်​ရာ အသင်းအဖွဲ့  ၏ ဖုန်းနံပါတ်​ (သို့) Facebook စာမျက်​နှာ၊ Websiteလိပ်စာအား ​ပေးပို့ပါက HWH ဥုံ မှ ဆက်​သွယ်​​ဖော်​ပြ​ပေးသွားပါမည်​။ ဤကဏ္ဍတွင်​ အသင်းအဖွဲ့များ၏ သက်​ဆိုင်​ရာလုပ်​ငန်း​ဆောင်​တာ ရည်​ရွယ်​ချက်​များ၊ ဆက်သွယ်ရန် လိပ်​စာများ​​​​အား HWH ဥုံ မှ မှတ်​တမ်းတင်ထားရှိကာ နိုင်​ငံ​တော်​ မှ ​သော်​လည်း​ကောင်း၊ ပြည်​တွင်း ပြည်​ပ NGO, INGO, CSO အဖွဲ့အစည်းကြီးများမှသော်​လည်း​ကောင်း ၊ အများပြည်​သူ များမှ​သော်​လည်း​ကောင်း လိုအပ်​လျှင်​ လိုအပ်​သလို ချိတ်​ဆက်​​ပေးသွားပါမည်​။ မြန်​မာတစ်​နိုင်​ငံလုံးရှိ ​နေရာ​ဒေသ အသီးသီးမှအသင်းအဖွဲ့များ၏ လိုအပ်​ချက်​များဖြစ်​​သော အဖွဲ့Fun​d ငွေများ လှူဒါန်းနိုင်​ရန်​ နှိုး​ဆော်​​ပေးခြင်း၊ အဖွဲ့ဝင်​အင်​အား​တောင့်​တင်းလာ​စေရန်​၊ အဖွဲ့၏ လှုပ်​ရှားမှု Activitiesများ ​ကြေညာချက်​ ​ကြော်​ငြာချက်​များအား အများပြည်​သူသိရှိ​စေရန်​ ​ဖော်​ပြ​ပေးခြင်း၊ တစ်​နိုင်​ငံလုံးရှိ အသင်းအဖွဲ့များ လှုမှုအကျိုးသယ်​ပိုးရာ၌ လက်​တွဲ ​ဆောင်​ရွက်​နိုင်​ရန်​ ရည်​ရွယ်​ခြင်း စသဖြင့်​ အများပြည်​သူအကျိုး သယ်​ပိုး​ဆောင်​ရွက်​မည့်​ အသင်းအဖွဲ့များအား  "HWH ဥုံ အသင်းအဖွဲ့များ ကဏ္ဍ" မှ ​နွေး​ထွေးစွာကြိုဆိုလျက်​ရှိ​ကြောင်း အသိ​ပေးတင်​ပြအပ်​ပါသည်​။
No comments:
Post a Comment