Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Tuesday 22 October 2013
မူဆယ်မြို့မှ အနိုင်ကျင့်ခံရသောယာဉ်ပိုင်၊ ယာဉ်မောင်း နှင့်စပါယ်ယာများ မိသားစု ၃၃ စုတို့အား သနားငဲ့ညှာသောအားဖြင့် ကူညီဖြေရှင်းပေးပါရန် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
 အဖြစ်မှန်နှင့် အမှန်တရားအတိုင်း ဆောင်ရွက်ပေးပါ
       သက်ဆိုင်ရာအထက် ကာစတန်ညွှန်ချုပ်နှင့်  နိုင်ငံတော်အကြီးအကဲများ ၊ တရားဥပဒေစိုးမိုးရေးလူကြီးမင်း
များ သိသာနိုင်စေရန်နှင့်  သနားငဲ့ညှာတာနိုင်ရန်အတွက်  အနိုင်ကျင့်ခံရသော  ကား  ၁၁စီးကို မှီခို စားသောက်နေရသောယာဉ်ပိုင်၊ ယာဉ်မောင်း နှင့်စပါယ်ယာများ မိသားစု  ၃၃  စုတို့အား သနားငဲ့ညှာသောအားဖြင့် ကူညီဖြေရှင်းပေးနိုင်ပါရန် လေးစားစွာတင်ပြပါသည်။
     ဖြစ်စဉ်မှာ 21-8-2013  ရက်နေ့ကမူဆယ်မြို့နှင့်  ၁၀၅ မိုင်ကုန်သွယ်ရေးဇုံအကြား ၊ ၁၀၅  မိုင်စစ်ဆေးရေးကွင်းသို့ မရောက်ခင်  ''တုန်ခံကျေးရွာ''တွင်မြေဆီတင်ဆောင်လာသော   ကား  ၁၁ စီးအား ဖမ်းဆီး၍ အကောက်ခွန်ဥပဒေ ပုဒ်မ (၈) ဖြင့် တရားစွဲဆိုပြီး  မူဆယ်မြို့နယ်တရားရုံးမှ  ချုပ်ရက်(၅၅)  ရက်မှပြစ်ဒါဏ် တစ်လနှင့်  ဒါဏ်ငွေ  ကျပ်  တစ်သိန်း(၁၀၀၀၀၀)ကျပ်  ပြစ်ဒါဏ်ချမှတ်လိုက်ပြီး   ကားများကို ပြန်မပေးသေးသော အမှုဖြစ်ပါသည်။
          ဖြစ်စဉ်အမှန်မှာ မူဆယ်မြို့ ''စွန်စော်  (၁) လမ်း''တွင်ရှိသော ဇာမဏီကုန်တင်ဂိတ်တွင် နေထိုင်သူကျော်မျိုး  (ခ)ကျော်ဇေယျာလင်း  ဆိုသူက ခေါ်တင်၍ ကားခ (တစ် ပိဿာလျှင်  (၇၂)ကျပ်၊ ဂိတ်ကြေး(၈)ကျပ် ) ပေါင်း   ၈၀  ကျပ်ဖြင့်   တစ်ဖက်နိုင်ငံ ကျယ်ကောင်မြို့ ဖရဲသီးကွင်းတွင်  ကား  ၁၁စီး မြေဆီ  ၄၀  kg  ဝင်အိတ်ပေါင်း   ၅၀၀၀  အိတ် တင်ဆောင်လာကြပြီး  ဌင်းနေ့  ညနေ   ၄  နာရီခန့်တွင် တစ်ဖက်နိုင်ငံ ကျယ်ကောင် နှင့် မြန်မာနိုင်ငံ မူဆယ်မြို့နယ်စပ် တရားဝင်            ဝင်ထွက်ခွင့်ပြုထားသော ''မန်ဝိန်းဂိတ်ပေါက်'' မှ ထွက်ခွါလာကြပါသည်။
       အာမခံနှင့်ထွက်လာသူ စပါယ်ယာများ ပြောပြချက်အရ  ည  ၁၀  ခန့်တွင် အဖွဲ့စုံမှ တာဝန်ရှိသူများက   ၁၀၅   မိုင် ကုန်စစ်ကွင်းအတွင်းသို့ မောင်းဝင်ခိုင်း၍ မောင်းဝင်ခဲ့ကြသည် ။ မောင်းဝင်ပြီးနောက်  ကားဒရိုင်ဘာ နှင့် စပါယ်ယာများအား   အခြားကားငယ်လေးများဖြင့် ခေါ်ဆောင်ခဲ့ကြသည်။ ထို ည  ၁၁  နာရီခန့်တွင် မူဆယ်ရဲစခန်းသို့ ရောက်ပြီး လွှတ်လပ်စွာ နေခွင့်ရခဲ့ကြပါသည်။
22.8.2013 နေ့ အကုန်  23.8.2013  သောကြာနေ့ မနက် ၀း၀၀နာရီ နှင့် ၁း၀၀နာရီ ကြားတွင် ဒရိုင်ဘာ(ယာဉ်မောင်း)များကို အချုပ်ခန်းအတွင်းသို့  ထည့်လိုက်ကြပါသည်။(ဘာ့ကြောင့် နာရီပေါင်း ၃၀ခန့် လွှတ်ပေးထားပါသလဲ,,?)
၎င်းနေ့တွင်ပင် မြို့နယ်တရားရုံးသို့ ခေါ်သွား၍ ရမန်ကြီး(၁)ပတ်ပေး၍  6.9.2013နေ့တွင်  တရားရုံးတင်မည်ဖြစ်ကြောင်း သိရပါသည်။
    မည်သည့်အကြောင်းနှင့် ဖမ်း၍ မည်သည့် ပုဒ်မဖြင့်  တရားစွဲဆိုမည့်အကြောင်း မသိခဲ့ရပါ။
     ကားများနှင့် ကားဆရာများသည်  ရိုးသားစွာ  သာမန်ကားခဖြင့်သာ တင်ဆောင်ကြပြီး  သွားနေကြလမ်းအတိုင်း သွားခြင်းဖြစ်ပါသည်။
    အကယ်၍ ကုန်ပစ္စည်းများ မှန်ကန်မှုမရှိခြင်း၊  အခွန်မဆောင်ခဲ့ခြင်းများ ဖြစ်ခဲ့လျှင်လဲ ကားနှင့် ကားဆရာများများ၌  တာဝန်မရှိပါ ။  အဘယ့်ကြောင့်ဆိုသော်-
(၁) ကားနှင့် ကားဆရာသည်  ပုံမှန်ကုန်သွယ်ရေး လမ်းကြောင်းအတိုင်း  ၁၀၅မိုင် ကုန်စစ်ကွင်း သို့ မောင်းသွားနေခြင်း။
(၂)ကုန်ပစ္စည်း အခွန်ဆောင်မှု ၊မဆောင်မှုမှာ ကုန်သည်နှင့် တင်ဆောင်ပေးသော ဂိတ်၏တာဝန်သာ ဖြစ်ဖြင်း။
(၃)၁၀၅မိုင် စစ်ဆေးရေးဂိတ်ကို ကျော်သွားခြင်း မရှိသေးသည် သာမက ဂိတ်မဝင်ခင် ဖမ်းဆီးခေါ်ဆောင်ခံရခြင်း ။
(၄)ဂျုတီစာရွက် စာတမ်းများ ဆိုသည်မှာ ယာဉ်ကိုစစ်ဆေးပြီး အခွန်ဆောင် ရွက်ပြီးနောက် တရားဝင် ထွက် ခွင့် ရ မှသာ
 ဂျုတီ စာရွက်များကို တာဝန် ရှိ အေးဂျင့်များ လာပေးမှသာ ရယူ၍ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် မှ ထွက်ခွာခွင့် ရှိပါသည်။
(၅)  ၁၀၅မိုင် အ၀င် ကတ္တားစာရွက် မရှိခြင်းမှာ ဖမ်းဆီးမောင်းဝင် ခိုင်း၍ မလွန်ဆန် နိုင်သောကြောင့်ကတ္တား မတက်ခဲ့ရပါ။
(၆)ကားဆရာ နှင့် ကားများသည် ၁၀၅မိုင် စစ်ဆေးရေးဇုံ အ၀င် မောင်းတံဂိတ် ၌ တာဝန် နှင့် မောင်းပြန်သေနတ်လက်နက်များ ကိုင်ဆောင် စောင့်ကြပ်နေကြ သော ၀ါးတန်းဂိတ် အား ယခု ကဲ့ သို့  ည အခါမဆို ထားနှင့် နေ့ အခါ တွင် သော်မှ ခွင့်ပြု ချက် မရလျှင် မ၀င် ရဲ ကြပါ ။ သို့ ဖြစ်ပါ၍ ကား နှင့် ကားဆရာ များ အား အပြစ်မရှိပါ လျှက်နှင့် အဘယ်ကြောင့် . . .
    ၁- ကားဆရာ များအား ဖမ်းဆီး တရားစွဲ၍ ပြစ်ဒဏ် ချ ဒါဏ်ငွေ တစ်သိန်းရိုက်ရပါ
သ လဲ  ?
  ၂- ကားဆိုသည်မှာ မောင်းသူရှိမှ သွားနိုင် ပါသည် ။ မောင်းသူ မရှိ လျှင် နေရာ မ ရွှေ့  နိုင် ပါ။ ကားဆရာများသည်လဲ ဤကား ကို မောင်းသောကြောင့်သာ ယခု လို အဖမ်းခံအပြစ်ပေးခံရခြင်း ဖြစ်ပါလျှက် အဘယ်ကြောင့် ကား နှင့် ကားဆရာ ကို ခွဲခြား၍ အ ရေးယူ ရပါသလဲ။
  ၃-တရားမ၀င် ကုန်ပစ္စည်းများကို ဖမ်းဆီး သည် မှာ မှန်ကန်နိုင် ပါသော်လည်း အပြစ် မရှိ သော ကားဆရာ နှင့် ကားများကို လွတ်မ ပေးပဲ ခွဲ၍ဖမ်းထားပါသလဲ ။ပစ္စည်းတာဝန်ခံ သယ်ဆောင် သူ ပိုင် ရှင် ငြိမ်းချမ်းရေးလက်မှတ် ကိုင်ဆောင် သူ ဦးကျော်စိုးဝင်း နှင့် ၄င်း စီးနင်းသည့် ၂ခ/၇၂၈၈  မက်ခ်တူး ကား ကိုလည်း ဖမ်းဆီးထားရပြီးဖြစ်သည်။
   ၄-ကားများကို တာဝန်ခံ တင်ဆောင်ပေးသူ ကျော်မျိုး(ခ) ကျော်ဇေယျာလင်း လည်း ရှိနေပါလျှက် ခေါ်ယူ စစ်ဆေးခြင်း  ကုန်သည် အမှန် ဖော်ထုတ် ခြင်းများမလုပ်ပါပဲ အပြစ်မဲ့ ရိုးသားသူ ကားနှင့် ကားဆရာ များအား ဖမ်းဆီး တရားစွဲဆို အပြစ်ပေးခြင်းမှာ နိုင် ငံတော် တရားဥပ ဒေ စိုးမိုးရေး နှင့် လူ့  အခွင့်အ ရေး များကို စာနာခြင်း ကင်းမဲ့စွာ အနိုင် ကျင့်နေ ခြင်းသာဖြစ်သည်။ လုပ်ပိုင် ခွင့် များ ကို အလွဲသုံးစား လုပ်ခြင်းကြောင့်  တိုင်းသူပြည်သားများ နိုင် ငံတော် အစိုး ရ၏ တရားဥပ ဒေစိုးမိုးရေး အ ပေါ် အကြည်ညို ပျက်အောင် လုပ်ဆောင်နေသကဲ့ သို့  ဖြစ်နေပါသည်။
  ထို့ ကြောင့် သက်ဆိုင် ရာ လူကြီးမင်း များအဆင့်ဆင့် မှ တာဝန် ရှိသူများ အား အနိုင် ကျင့် ခံနေရ သော ကားဆရာ နှင့်  ၄င်းတို့ကို မှီခိုနေရ သော မိသားစု (၃၃)စု တို့ ၏ အားကိုးရာ ကားများ အားပြန်မ ပေးသေးပဲ သိမ်းဆည်းထားခြင်း ကို အမြန်စစ်ဆေးပေးပြီး အမှန်တရားအတိုင်း ဆောင် ရွက်ပေးစေလိုကြောင်း အသ နားခံ တင်ပြ အပ်ပါသည်။
  ဦးစိုင်းသိန်းလွင်
  ၀၉-၄၀၂၆၁၂၅၈၇
 >>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 
No comments:
Post a Comment