Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 5 September 2013

မြန်မာပြည်အလယ်ပိုင်းက ဒုစရိုက်လုပ်ငန်းများ ကင်းစင်သော မကွေးမြို့ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

လူ့အလို နတ်မလိုက်နိုင်ဟု ဆိုရိုးစကားရှိကြသည် မှန်ပါသည် လူတို့သည် စီးပွားရေး ၊လူမှုရေး အဆင်မပြေလျှင် စိတ်ပိုင်းဆိုင်ရာ ခံပြင်းမှုလေးတွေ ဖြစ်ပေါ်လာလေ့ရှိကြသည်။ မည်သူ့ကို အပြစ်ရှာရမည်လဲ၊ မည်သူ့ကို လက်ညှိုးထိုးရမည်လဲ စဉ်းစားတော့သည်။ အလားတူ ကျွန်တော်တို့ မကွေးတိုင်းမှ အလွှာပေါင်းစုံက လူတန်းစားပေါင်းစုံတို့သည်လည်း အဆင်ပြေမှု၊ မပြေမှု၊ အောင်မြင်မှု၊ ကျရှုံးမှုတို့ကိုနိစ်စဒူဝ ရင်ဆိုင်ကြုံတွေ့နေရသကဲသို့ အထူးသဖြင့် စီးပွားရေး အဆင်မပြေလျှင် ဒုစရိုက်လုပ်ငန်းများတည်ရှိနေမှုကို လက်ညှိုးထိုးပြလေ့ ရှိကြပါသည်။ လူသားတွေဖြစ်သောကြောင့် အပြစ်မပြောလိုပါ။ ပွင့်လင်းမြင်သာသော ဒီမိုကရေစီရေစီးကြောင်းတွင် လူသားတိုင်း လွတ်လပ်စွာ ပြောဆိုဝေဖန်ထောက်ပြရန် အခွင့်အရေးအပြည့်အ၀ရှိပါသည်။ ပြောလိုသည်မှာ ကျွန်တော်သည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ကာ မြန်မာပြည်၏ မြို့ကြီးအတော်များများကို ရောက်ဘူးပါသည်။ တရားဝင်/မ၀င်စီးပွားရေးလုပ်ငန်းမျိုးစုံကိုလည်း ရေကြည်ရာ မြက်နုရာ လုပ်ကိုင်နေပါသည်။ သို့ရာတွင် မကွေးတိုင်းသို့ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က စတင်ရောက်ရှိခဲ့သည်မှာ ယနေ့အထိဖြစ်ပါသည်။ မကွေးမြို့တွင် ကျွန်တော်ဝါသနာအလျှောက် နှစ်လုံးထီ/ချဲထီထိုးချင်သောကြောင့် နှစ်လုံးရောင်းသူ လိုက်ရှာရာ မတွေ့ခဲ့ရပါ။ မျက်နှာစိမ်းတစ်ယောက်အနေဖြင့် မူးယစ်ဆေးဝါး ၀ယ်ယူဘို့ ရှာရသလောက်ပင် ခက်ခဲပါသည်။ အဘယ့်ကြောင့်ဆိုသော် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းရဲမင်းကြီးတို့က ပြင်းပြင်းထန်ထန် နှိပ်ကွပ်ထားသောကြောင့်ဟု သိရပါသည်။ ကျွန်တော်ရောက်ခဲ့သော မြို့များတွင် နှစ်လုံး၊သုံးလုံး ထိုးလိုသလား၊ သိပ်ကို လွယ်ကူခဲ့ပါသည်။ ဖုံးမနိုင်၊ဖိမရသည့်အချိန်တွင် နေ့လည် 12နာရီနှင့် ညနေ 4နာခွဲနှစ်လုံးထွက်ချိန်များ ဖြစ်ပါသည်။ လက်ဖက်ရည်ဆိုင်၊ လမ်းကြို၊လမ်းကြား၊ ဈေးသူဈေးသား၊ ၀န်ထမ်းများပါမကျန် ပေါက်လား၊ မပေါက်ဘူးလား၊ ဘာထွက်လည်းစသည့်အသံတွေ ဆူညံသွားလေ့ရှိပါသည်။ ယနေ့မကွေးမြို့ကြီးတွင် ထိုအသံများကို မကြားရသလောက်ပင် ရှိပါသည်။ စိတ်ပါဝင်စားသောကြောင့် လေ့လာလိုက်စားသောသူများ အတွက် အကြိုအကြား အစွန်အဖြား နေရာလေးတွေမှာတော့ ရှိကောင်းရှိနေနိုင်ပါသည်။ နောက်ထပ်ရှားပါသည့် အရာတစ်ခုမှာ ခရီးသွားလာရေးလုပ်ငန်းတွင် မရှိမဖြစ် လိုအပ်သည်ဟု နိုင်ငံနှင့် မြို့ကြီးအများစုမှ လက်ခံထားသော အနှိပ်ခန်းများ မကွေးတိုင်းတွင် မရှိခြင်းဖြစ်ပါသည်။ ဒီအကြောင်းအရာကိုလည်း စုံစမ်းကြည့်တော့ အောက်ခြေ၀န်ထမ်းအချို့က အနည်းအကျဉ်းခွင့်ပြုလိုသော်လည်း ၀န်ကြီးချုပ်က ခွင့်မပြုတော့ မလုပ်ရဲကြဘူးဟု ပြောကြပါသည်။ ဒါလည်း အချို့အစွန်အဖြား နေရာလေးတွေမှာတော့ ရှိကောင်းရှိနေနိုင်ပါသည်။ ကျွန်တော်မသိလို့လည်း ဖြစ်ပါလိမ့်မည်။ ဒီအကြောင်းတွေရေးနေလို့ အုပ်ချုပ်သူဘက်က အသားပေးရေးသည်ဟု မထင်စေလိုပါ။ မြန်မာပြည်အနှံ့ တိုင်းနှင့်ပြည်နယ် မြို့ကြီးအတော်များများနှင့် နယ်စပ်မြို့များ၏အခြေအနေနှင့် နှိုင်းယှဉ်ပါက မြန်မာပြည်အလယ်ပိုင်း ဘာသာရေးတိုင်းမြို့တော် မကွေးမြို့မှာ အထိုက်အလျှောက် ဖြူစင်သန့်ရှင်းမှုရှိကြောင်းကိုတော့ လက်ခံရပေမည်။

 >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment