Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 2 October 2013

မိတ္ထီလာမြို့နယ်ညောင်ကိုင်းတိုက်နယ် ကျေးရွာအုပ်ချုပ်ရေးမှုးကိုလိုအပ်သည့်အရေးယူမှု့များပြုလုပ်နိုင်ရန်...။ ဉက္ကံမြို့မှသုံးမရသော ရပ်ကွက်နိုင်ငံရေးမူးအားဖြုတ်ချစေလို>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မိတ္ထီလာမြို့နယ်ညောင်ကိုင်းတိုက်နယ်ကျေးရွာအုပ်ချုပ်ရေးမှုးမှလယ်ယာလုပ်စားပိုင်ခွင့်ကဒ်များကိုနိုင်ငံတော်မှသတ်မှတ်ထားသောငွေကျပ်၅၀၀ကောက်ခံရမည့်အစားကျွန်တော်တို့၏ညောင်မြင့်
စံပြကျေးရွာတွင်ဦးပိုင်တကွက်လျှင်ငွေ၁၀၀၀ကျပ်ဖြင့်ကောက်ခံနေပါသည်။
ထိုသို့အဂတိလိုက်စားမှု့များရှိနေခြင်းကြောင့်ဆင်းရဲမွဲတေမှု့များမပပျောက်နိုင်ပါ။
  မြို့နယ်အုပ်ချုပ်ရေးမှုးညွှန်ကြားချက်ဖြင့်ကောက်ယူသည်ဟုသိရပါသည်။တောင်သူများအား
သနားငဲ့ညှာသောအားဖြင့်နိုင်ငံတော်မှသတ်မှတ်ထားသောနှုံးထားအတိုင်းကောက်ခံ
ပေးပါရန်မေတ္တာရပ်ခံပါသည်။
                        သူကြီး
              ညောင်မြင့်စံပြကျေးရွာ
                   မိတ္ထီလာမြိုံ့နယ်
                    ၄၃၀၁၇၂၁၆

>>>>>>>>>>>>>>>>>>>>>

  ဉက္ကံမြို့မှသုံးမရသော ရပ်ကွက်နိုင်ငံရေးမူးအားဖြုတ်ချစေလို

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဉက္ကံမြို့၊   ဗိုလ်ချုပ်အောင်ဆန်းရပ်ကွက်တွင်း(ပြည်ခိုင်ဖြိုး) ပါတီ၏ ၊နိုင်ရေးမူး   တာဝန်ရယူထား
သော ၊ဉီကျော်သောင်း မှာ  အသက်အရွယ်အားဖြင့်ကြီးရင့်လာပြီး ၊ပါတီ၏စည်းရုံရေးလုပ်ငန်းများအပြင်
ရပ်ကွက်ပြည်သူ တို့၏ အကျိုးစီးပွားဖြစ်ထွန်းစေရန်မည်သည့် နေရာကမှ အသုံးပြု၍မရခဲ့ပေ ၊ ထို့ပြင်
ရပ်ကွက်နေပြည်သူများ ၏  ကြည်ညိုလေးစားမူများလည်းမဲ့နေပါ၍ ထိုသူ၏  လုပ်ငန်းစဉ်များမှာ ပါတီ၏
ဂုဏ်သိက္ခာနှင့် စည်းရုံးရေးတို့တွင်   အားပျော့လျော့ကျလာခဲ့ပါသည်။   ရပ်ကွက်နိုင်ငံရေးမူးတာဝန်အား
ရယူထားသော်လည်း ၊ ပါတီ၏ ရည်ရွယ်ချက် ရည်မှန်းချက် နှင့် ၊စည်းမျဉ်းစည်ကမ်းများ   လမ်းစဉ်များ
ကိုပင် သိရှိလေ့လာထားမူ့မရှိသလို ၊အများပြည်သူအားနားလည်သဘော ပေါက်စေရန်ချပြ စည်းရုံးနိုင်
စွမ်းလည်းမရှိပါ ထိုသို့ ရပ်ကွက်နိုင်ငံရေးမူး တစ်ဉီးအဘို့ အထင်ကြီး လေးစားခံရမူ့မရှိသူအား ထိုတာ
ဝန်မှအနားပေး သင့် ပါကြောင်း ပြည်ခိုင်ဖြိုး   ပါတီဗဟို အဆင့် အကြီးအကဲလူကြီးမင်းများမှ အစပြု၍
ဉက္ကံဒေသ ပြည်ခိုင်ဖြိုးပါတီမှ    လူကြီးမင်းများသိရှိနိုင်ပါရန် ရေးသားတင်ပြလိုက်ပါသည်။      ။

ပေးပို့သူ ။ ။ ။ ။ရပ်ကွက်ပါတီဝင်(၃ ) ဉီး

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)  

No comments:

Post a Comment