Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 18 July 2013

၁၉ရက်နေ့(အာဇာနည်နေ့) နံနက် (၁၀) နာရီ (၃၇) မိနစ်တွင် ထွက်ရှိမည့် HWH ဥုံ Version သစ် အလန်းများအား အကြို မိတ်ဆက်ခြင်း


ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန် ဇူလိုင်လ (၁၉) ရက်နေ့  နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် လွမ်းဆွတ်အောက်မေ့မှုအထိမ်းအမှတ်အနေနဲ့ HWH ဥုံ Version သစ်များကို စတင် ဖြန့်ချီ Downloadဆွဲနိုင်မှာ ဖြစ်ပါတယ်။
Version ၃မျိုးထွက်မှာ ဖြစ်ပါတယ်။ Android Version ၂မျိုး Windows Computer များအတွက် Version၁မျိုးဖြစ်ပါတယ်။ Android Version ၂မျိုးကတော့ ယခင် Version v3.0.19(အဖြုရောင်ဥုံ) နှင့် v2.2(အနက်ရောင်ဥုံ)တို့အား Upgradeလုပ်ထားခြင်းဖြစ်ပါတယ်။ အထူးခြားဆုံး Feature Updateများကတော့ အားကစားသတင်းများပါဝင်လာမူနဲ့ RFA, BBC, VOA, NHKနေ့စဉ် Radio အစီအစဉ်များအား Onlineဖြင့် တိုက်ရိုက်(သို့) Downloadဆွဲပြီး နားဆင်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သတင်းအပြည့်ဖတ်မရသော သတင်းဌာများ ပြင်ဆင်/ဖြည့်စွက်ခြင်း ဓါတ်ပုံများအား သိသာစွာ ကြည့်ရူ့လာနိုင်ခြင်း စသော Featureများ ပြင်ဆင်ထားပါတယ်။
Android Version ၂မျိုးထုတ်ရခြင်းမှာ အသုံးပြုသူUsersများ အဆင်ပြေစေရန် Version၂ခု၏ အားသာချက် အားနည်းချက်များ ရှိခြင်းကြောင့် ဖြစ်ပါသည်။ v2.2(အနက်ရောင်ဥုံ)က User Editor Versionဖြစ်ပါတယ်။ သတင်းများပြားခြင်းကို ကိုယ်တိုင်ပြုပြင်နိုင်မယ့် သတင်းဌာန Sourceတွေကို ဖြုတ်နိုင်/သွင်းနိုင်မှာ ဖြစ်ပါတယ်။ မြန်မာဖောင့် မမှန်တာတွေ လုံးဝ မဖြစ်ပါဘူး။ သို့ပေမဲ့ အင်တာနက်လိုင်း အလွန်ဆွဲခြင်း၊ ဓါတ်ပုံများ ကောင်းမွန်စွာ မမြင်ရခြင်း၊ သတင်းရယူနူန်း နှေးကွေးခြင်း၊ စသည်တို့ အားနည်းချက်များစွာ ရှိနေပါတယ်။ Version v3.0.26 (အဖြုရောင်ဥုံ) က အချို့သော ဖုန်းများမှာ မြန်မာဖောင့် အဆင်မပြေမူ အနည်းငယ် ရှိနိုင်ပါတယ်။ ကျန် Featureတွေကတော့ V2ထက် များစွာ သာလွန်ပါတယ်။ Version v3.0.26(အဖြုရောင်ဥုံ)မှာ Installပြီးသည်နှင့် “အသုံးပြုနည်းလမ်းညွှန်” အလိုအလျောက်ပါပြီးသားဖြစ်၍ အသုံးပြုသူUsersများအနေနဲ့ အခက်အခဲမရှိ လွယ်ကူစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Windows Computer Versionက ပထမဆုံး စတင်ပြုလုပ်ခြင်းဖြစ်လို့ အခက်အခဲ အနည်းငယ် ကြုံတွေ့နိုင်ပါတယ်။ HWH ဥုံ၏ သတင်းဌာန Sourceနှင့် Developer၁ဦး၏ Frameအား ပေါင်းစပ်ထားခြင်းကြောင့် စတင် installပြုလုပ်ချိန်တွင် Instruction(Read Me First.pdf)စာအုပ်ကို သေချာစွာဖတ်ပြီး ပြုလုပ်ပါက အဆင်ပြေမှာ ဖြစ်ပါတယ်။ WindowsXP/7/8 အကုန် Supportလုပ်ပါတယ်။ ကြုံတွေ့လာနိုင်မယ့် အခက်အခဲ ပြဿနာများကိုလည်း Instruction(Read Me First.pdf)စာအုပ်မှာ အသေးစိတ်ရှင်းပြထားပါတယ်။ ကျတော်တို့ တော်တော်များများက Computer Software၁ခုကို Installရင် Next, Skip, OK ကို လွယ်ကူစွာနှိပ်တတ်ကြသဖြင့် ဒီSoftwareကို Installမလုပ်ခင် Instruction(Read Me First.pdf)စာအုပ်ကို ကြည့်ရူ့၍ Installပါရန် အထူးကြိုတင် အသိပေးအပ်ပါတယ်။ စာအုပ်မကြည့်ဘဲ Installနိုင်သော်လည်း နောက်ပိုင်းတွင် အခက်အခဲ ကြုံတွေ့နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။
“အကောင်းဆုံးဆိုတဲ့ အရာတစ်ခုကို သင့်လက်ထဲ ပေးပို့ ကျွန်ုပ်တို့ အဆင်သင့်ဖြစ်နေပါပြီ။ အဲဒီ အကောင်းဆုံး ဆိုတာ သင့်လက်ထဲ သာမက သင့်ပတ်ဝန်းကျင်ကို မျှဝေခြင်းဖြင့် ကျွန်ုပ်တို့အားလုံးရဲ့ မနက်ဖန်ကို အတူတကွ ဖြတ်သန်းကြဖို့ မျှော်လင့်ရင်း …….။”
HWH ဥုံ Admin

No comments:

Post a Comment