Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 17 July 2013

ဆရာ၊ဆရာမများကို လုပ်သက်မကြည့်ဘဲ Performance(လုပ်ရည်ကိုင်ရည်)ကိုကြည့်ပြီးရာထူးတိုးပေးဖို..။ခရိုင်ချင်းဆက်လမ်း၌ဆိုင်ကယ်များအားငွေကောက်ခံခြင်းကိစ္စ..။ကန့်ဘလူအေးသာယာရွာမှာရှင်းနေတာရှုတ်စေတဲ့ဘောကျေးရွာရဲကင်းမှူး..။



**ပညာရေးတက္ကသိုလ်များပိတ်သင့်/မပိတ်သင့်**
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

တလောက ဂျာနယ်တစ်စောင်မှာဖတ်လိုက်ရတဲ့ဆောင်းပါးလေးတစ်ပုဒ်ကြောင့်ဒါလေးကိုရေးဖြစ်တာပါ။
ဆရာ၊ဆရာမများကို လုပ်သက်မကြည့်ဘဲ
Performance(လုပ်ရည်ကိုင်ရည်)ကိုကြည့်ပြီးရာထူးတိုးပေးဖို့ ပါတဲ့။
ဟုတ်ပါပြီ။ လုပ်ရည်ကိုင်ရည်ကိုကြည့်မယ်ဆိုတော့ကောင်းပါတယ်။ ကြိုတ်လည်းကြိုတ်ပါတယ်။
ဒါပေမယ့် လုပ်ရည်ကိုင်ရည်မကောင်းတဲ့သူတွေဘာလို့ ရာထူးတိုးနေကြပါသလဲလို
့မေးစရာရှိလာပါတယ်။
ဥပမာ- SCED တွေကို အထက်တန်းပြအဖြစ်ခန့် အပ်တဲ့ကိစ္စပါ။
ကျွန်မတို့ က M.Ed (Part-1) တက်နေတဲ့ဆရာ၊ ဆရာမတွေပါ။
ရာထူးမတိုးသေးလို့ လူကြီးတစ်ဦးနဲ့ သွားတွေ့ ခဲ့ပါတယ်။ သူကပြောလိုက်ပါတယ်။
အခြေခံပညာကျောင်းတွေမှာ မင်းတို့ ကိုမလိုဘူးတဲ့။ SCED
တွေကတစ်ဘာသာတည်းလုပ်ခဲ့ရတော့မင်းတို့ ထက်ပိုကောင်းပါတယ်တဲ့။
ဒါကသူ့ ရဲ့ အမြင်။
တစ်ကယ့်တစ်ကယ်အခြေခံကျောင်းတွေကိုဆင်းကြည့်ရင်သိပါလိမ့်မယ်။
အတော်များများသော SCED တွေဟာ စာမသင်တတ်လို့ 
အိုးနင်းခွက်နင်းဖြစ်နေတာကိုလေ။ ကျောင်းတစ်ကျောင်းမှာ SCED
ကျောင်းဆင်းဆရာမတစ်ယောက်စာမေးပွဲစစ်ပုံလေးသိအောင်
ပြောပြလိုက်ချင်ပါတယ်။ န၀မတန်းမှာ အင်္ဂလိပ်စာစစ်တော့
ကဗျာတစ်ပုဒ်ပဲရေးခိုင်းတယ်တဲ့။ သူရေးခိုင်းတဲ့ အင်္ဂလိပ်ကဗျာတစ်ပုဒ်
တည်းကို ၂၅ မှတ်ပေးတယ်ဆိုပဲ။ တစ်ကယ်ပါ။ ယုံတောင်မယုံနိုင်ဘူး။ လက်တွေ
့မြင်ရလို့ သာယုံလိုက်တာ။ ဘယ်လိုအမှတ်ပေးစည်းမျဉ်းနဲ့ 
ဘယ်လို များအမှတ်ပေးလိုက်သလဲမသိပါဘူး။ မေးခွန်းထုတ်တဲ့နေရာမှာ စည်းမျဉ်း၊
စည်းကမ်းတွေရှိတယ်ဆိုတာအဲ့ဒီဆရာမ မသိလေသလား၊
မသိချင်ယောင်ပဲဆောင်နေတာလားမပြောတတ်တော့ပါဘူး။
တစ်ခါရှိပါသေးတယ်။
SCED ကျောင်းဆင်းပါပဲ။ ကျောင်းခေါ်ကြိမ်(က) စာရင်းတောင်မရေးတတ်လို
့ပြန်သင်ပေးလိုက်ရပါတယ်။ နေ့ စဉ်မှတ်တမ်းလည်းမရေးတတ်ပါဘူး။
Lesson Plan လည်းမဆွဲတတ်ပါဘူး။ စာသင်တာလည်း ဘယ်ကျောင်းသားမှနားမလည်လို
့ကျူရှင်ပြန်တက်ကြရပါတယ်။ အပြင်ကျူရှင်တစ်ခုနဲ့ 
သူ့ ကျူရှင်တစ်ခု။ ပေါင်းနှစ်ခုတက်ရပါတယ်။ သူ
့ကျူရှင်မတက်တဲ့ကျောင်းသားဆိုရင်စာမေးပွဲကျတယ်လေ။ ဒါတင်မကသေးဘူး
အတန်းထဲမှာလည်း
တော်တော်ကိုချိုးချိုးနှိမ်နှိမ်ပြောပါတယ်။
ကလေးစိတ်ပညာကိုနားမလည်ဘူးလို့ ပဲကောက်ချက်ဆွဲလိုက်ပါတယ်။
ဒါ့ထက်ဆိုးတာရှိသေးတယ်။
ကျောင်းသားကိုပြန်ကြိုတ်တဲ့ဆရာမပါ။ ကျောင်းသူတွေစာမေးရင်မဖြေချင်သလို၊
မသိသလိုလုပ်နေပြီး ကျောင်းသားခပ်ချောချောတွေစာသွားမေးရင်တော့
ဆရာထိုင်တဲ့ထိုင်ခုံသေးသေးလေးမှာ သူနဲ့ အတူထိုင်ခိုင်းတတ်ပြီးစာရှင်းပြလေ့ရှိပါတယ်။
နောက်တော့အဲ့ဒီဆရာမပဲ ကိုယ်ဝန်ဖျက်ချလိုက်ရပါတော့တယ်။
သိက္ခာထိခိုက်မှာစိုးလို့ နာမည်နဲ့ နေရပ်လိပ်စာကိုတော့မပြောတော့ပါဘူးလေ။
ပတ်ဝန်းကျင်ကတော့အားလုံးသိကြပါတယ်။ ဒါပေမယ့်ဆရာမဆိုတော့မသိသလိုနေပေးကြရတာပေါ့။
ကလေးတွေစာနားမလည်တိုင်း အလယ်တန်းပြဖြစ်တဲ့ကျွန်မကိုပဲလာလာမေးကြရပါတော့တယ်။
ရင်ထဲရှိတာတွေကိုသာဖွင့်ပြောရရင်တစ်ကယ်ကိုမကောင်းပါဘူး။
ကျွန်မတို့  M.Ed, B.Ed ကျောင်းဆင်းတွေဟာ ဆရာ၊ဆရာမတွေရဲ
့သွန်သင်ဆုံးမမှုကြောင့် ဆရာ့သိက္ခာ၊ ဆရာ့ဂုဏ်အပြည့်ရှိကြပါတယ်။
SCED တိုင်းမကောင်းဘူးလို့ မပြောပါဘူး။ ကျွန်မတို
့ထဲမှာလည်းအားနည်းတဲ့သူရှိမှာပါပဲ။ ဒါပေမယ့် B.Ed ကျောင်းဆင်းတွေဟာ SCED
တွေ
ထက်တော့မညံ့ပါဘူးဆိုတာကိုသိစေချင်လို့ ပါ။
အရည်အချင်းရှိတဲ့သူ ကို အရည်အချင်းအလိုက်နေရာမပေးလို
့ရင်ထဲမှာတော်တော်ကိုမကောင်းပါဘူး။ ပိုက်ဆံရဖို့ အတွက်နဲ့ တော့ပညာရေး
တက္ကသိုလ်မတက်ခဲ့ပါဘူး။ ၀ါသနာကြောင့်သာတက်ခဲ့ကြတာပါ။ ပိုက်ဆံရချင်ရင်
ကျူရှင်ဆရာလုပ်လည်းဖြစ်ပါတယ်။ ကျူရှင်မသင်ဘဲရတဲ့လစာ
လေးကိုနှစ်သိမ့်ပြီးနေလာတာကြတာပါ။ လစာထဲက လစဉ်ကလေးတွေလိုအပ်တဲ့ စာအုပ်၊
ကျောင်းစိမ်းကျောင်းဖြူ၊ ဖိနပ် စတာတွေကို တတ်နိုင်သမျှ
အမြဲဝယ်လှူနေပါတယ်။
တတ်နိုင်သမျှလုပ်ပေးတာပါ။ ကုသိုလ်ရှာတယ်ဆိုရင်လည်းမမှားပါဘူး။
ဒါပေမယ့် အရည်အချင်းနဲ့ ထိုက်တန်တဲ့နေရာတစ်ခုတော့ရချင်မိပါတယ်။
အထက်တန်းကလေးတွေ စာလာမေးတိုင်း ငါသာတက်သင်လိုက်ချင်တယ်ဆိုတဲ့
အတွေးမျိုးခဏ၊ခဏ တွေးမိပါတယ်။ လစာတိုးချင်လို့ မဟုတ်ပါဘူး။
အလယ်တန်းပြလစာနဲ့ အထက်တန်းပြလစာက ဘယ်လောက်မှလည်းထူးပြီးကွာဟ
မနေပါဘူး။
ထိုက်တန်တဲ့နေရာတစ်ခုရချင်တာတစ်ခုပါပဲ။
ခုတော့လူကြီးတစ်ဦးရဲ
့ပြောစကားကပညာရေးတက္ကသိုလ်ကျောင်းဆင်းတွေကိုမလိုအပ်ဘူးဆိုတော့.........
"ရန်ကုန်ပညာရေးတက္ကသိုလ်နဲ
့မန္တလေးပညာရေးတက္ကသိုလ်(ယခုစစ်ကိုင်းပညာရေးတက္ကသိုလ်) ကိုပိတ်လိုက်ဖို
့သင့်/မသင့်စဉ်းစားစေချင်မိပါတော့တယ်။

                             ထိုက်တန်သောနေရာတစ်ခုကိုမျှော်လင့်နေသူများ
မေးမြန်းစုံစမ်းလိုပါက.. septemberqueen.mtme@gmail.com သို့မေးမြန်းစုံစမ်းနိုင်ပါတယ်…
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 

မြစ်သားမြို့နယ် မိုင်းမောကျေးရွာအနီး၌ ဆိုင်ကယ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မြစ်သားမြို့နယ် မိုင်းမောကျေးရွာအနီး၌ ဆိုင်ကယ်များအား ကောက်ခံသူလက်မှတ်နှင့်ရုံးတံဆိပ်မပါရှိသောပြေစာများကိုအသုံးပြု၍အတင်းအဓမ္မငွေကောက်ခနေပါသဖြင့်တရားဝင်ဟုတ်မဟုတ်သက်ဆိုင်ရာမှစိစစ်ပေးစေလိုပါသည်။
မေးမြန်းစုံစမ်းလိုပါက.. kophyo6688@gmail.comမေးမြန်းစုံစမ်းနိုင်ပါတယ်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 

ကန့်ဘလူအေးသာယာရွာမှာရှင်းနေတာရှုပ်စေတဲ့ဘောကျေးရွာရဲကင်းမှူး။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
                          စစ်ကိုင်းတိုင်းဒေသကြီး၊ကန်ဘလူမြို့နယ်အေးသာယာကျေးရွာတွင်
ဦးမျိုးတင့်နှင့်ဇနီးဒေါ်စန်းယုတို့မှနေအိမ်တဖက်လမ်းပေါ်တွင်ရှိနေသောသောက်သုံးရေတွင်း
အားမည်သူမှလာရောက်မသုံးရစေရန်ခြံခတ်ထားရှိပါတယ်။အေးသာယာရွာသား/သူတွေမှာရေ
အခက်အခဲဖြစ်ပေါ်နေခဲ့ပါတယ်။ဇင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကိုတိုင်ကြားခဲ့ပါတယ်။
ဦးမျိုးတင့်အားရေတွင်းခြံခတ်ထားခြင်းဖယ်ရှားပေးရန်အမိန့်စာကိုဦးသန်းထွန်း(၄၅နှစ်)ဘ-ဦးစိန်ဘူးမှသွားရောက်ပေးခဲ့ပါတယ်မဖယ်ရှားပေခဲ့ပါဖူး။မြ၀တီဆရာတော်(စက်မှုဇုန်မန်း)နှင့်
နယ်ခံဆရာတော်ဦးခေမာဝံသတိုထံလာရောက်လျှောက်ထားလို့ညှိနှိုင်းဆောင်ရွက်ပေးရာအဆင်ပြေခဲ့ပါတယ်။
                                    အများနှင့်သက်ဆိုင်သောသောက်သုံးရေတွင်းပိတ်ဆို့ထားခြင်းမှာ
ပြစ်မှုဥပဒေညှိစွန်းပေမဲ့ဆရာတော်တို့နှင့်ရွာသား/သူတွေကအမှုမဖွင့်ပဲကျေအေးခဲ့ပါတယ်။
ဘောကျေးရွာအခြေစိုက်ရဲကင်းမှုးတပ်ကြပ်ကြီးထိန်ဝင်းမှသေးသောအမှုကြီးလိုသောဆန္ဒနဲ့
သတင်းရေးလိုက်လို့မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့အဖွဲ့ကွင်းဆင်းလာခဲ့ရပါတယ်။ရဲကင်းမှူးအနေနဲ့
ဦးမျိုးတင့်မပိုင်တာကိုပိုင်ပါတယ်ရေးတင်တယ်လို့သိရှိရပါတယ်။ရေတွင်းဟာဦးမျိုးတင့်အိမ်၏
လမ်တဖက်ပေ၃၀ကျယ်လမ်းတဖက်မှာတည်ရှိပါတယ်။၎င်းရေတွင်းမှာ၂၀၁၁ခုနှစ်တွင်ဦးချစ်ငြိမ်း
ဦးဆောင်ပြီးကျေးရွာသား/သူများစုပေါင်းတုးဖေါ်ထားတယ်လိုသိရှိရပါတယ်။
                                               ဘောကျေးရွာရဲကင်းမှူးကြောင့်ရှင်းနေတာရှုတ်စေခဲ့ပါ
တယ်။ယခုအချိန်မှာတော့အေးသာယာရွာမှာဆရာတော်များရဲ့ကျေးဇူးကြောင့်သောက်သုံးရေ
သုံးနေရပြီလို့သတင်းရရှိပါတယ်။
မြ၀တီဆရာတော်(စက်မှုဇုန်မန်း)-၀၉-၉၁၀၄၁၀၄၆။၀၉-၃၃၁၁၅၅၀၉ မှာစုံစမ်းမေးမြန်းနိုင်ပါတယ်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့သတင်းများပေးပို့လိုပါက..hwhforandroid@gmail.comသို့ပေးပို့နိုင်ပါတယ်..

No comments:

Post a Comment