Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 10 July 2013

Beauty Wave ဆံပင်တု စက်ရုံ အလုပ်သမားတွေ ပုံမှန်လုပ်ခလစာအပြည့်မရရှိမူ အတွက်ဆန္ဒပြ…။ ရေနံချောင်းမြို့sky net လစဉ်ကြေးများသတ်မှတ်နှုန်းထက်ပိုပေးနေရ…။မွန်ပြည်နယ်သာသနာရေးမှူးက ဝါဆိုစာရင်းနဲ့အတူငွေ၂၀၀၀ိကောက်…။ Ko PhoKyaw -လူ၏တန်ဘိုးအကျိုးရှိစွာအသုံးချ…။မုံရွာမြို့ နယ်ခတက္ကန်(မ)အုပ်စုက စာသင်နှစ်တစ်နှစ်လုံးတွင်စာသင်ရက်တစ်လမပြည့်သောကျောင်းအုပ်ကြီး…။>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”



Beauty Wave - ဆံပင်တု စက်ရုံ အလုပ်သမားတွေ ပုံမှန်လုပ်ခလစာ အပြည့်မရရှိမူ အတွက် ဆန္ဒပြ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့ နယ်၊ ရွှေလင်ပန်းစက်မူ့ဇုံ ၊ မောင်ကျန်သီးလမ်းမှာရှိတဲ့ လှပသောလှိုင်း ကလေးများ (Beauty Wave) - ဆံပင်တု စက်ရုံမှ ပုံမှန်လုပ်ခလစာ အပြည့်မရရှိမူ အတွက် အလုပ်သမားတွေ ဆန္ဒပြ တောင်းဆိုခဲ့ ကြပါတယ်။
၅.၇.၁၃ ရက်နေ့မှာ လစာထုတ်ပေးတဲ့အခါ အရင်လတွေက ရနေကျ ကျပ် ၈ သောင်းနီးပါး မရကြပဲ ၅ သောင်းကျော်ပဲ ရရှိခဲ့ပါတယ်။ ဘာကြောင့်လစာတွေ နည်းသွားသလဲ ဆိုတာ စက်ရုံ တာဝန်ရှိသူတွေက ရှင်းမပြခဲ့တာကြောင်း ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာတာလို့  ပြောပါတယ်။  ဒါ့အပြင် အလုပ်ချိန်ကို မနက် ၈ နာရီမှ ညနေ ၅ နာရီအထိသတ်မှတ်ပေးဖို့၊ အခါကြီးရက်ကြီးတွေ ပိတ်ပေးဖို့၊ OT  ကြေး သတ်မှတ်ပေးဖို့၊ ဖယ်ရီကိုလောက်ငှအောင်စီစဉ်ပေးဖို့ စတဲ့ အချက်တွေ ပါဝင်တဲ့ အချက် (၈)ချက်ကို အလုပ်သမားတွေဘက်က တောင်းဆိုခဲ့ပါတယ်။ အဆိုပါ တောင်းဆိုဆန္ဒပြမူတွင် အလုပ်ရှင်ဘက်မှ အငြင်းပွားမူဖြင့် အလုပ်သမ၁ဦး ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ စက်ရုံဟာ ကိုရီးယား လူမျိုးပိုင် စက်ရုံဖြစ်ပြီး အလုပ်သမာပေါင်း ၈၀၀ ကျော်ရှိပါတယ်။ ဒီနေ့ မှာလှိုင်သာယာ ရုံးရှေ့မှာရှိတဲ့ အလုပ်သမားရုံးမှာ အလုပ်သမား ကိုယ်စားလှယ် (၆)ဦးနဲ့ အလုပ်အလုပ်ရှင်ကိုယ်စားလှယ်တို့ ညှိနှိုင်းကြပေမဲ့ ပြေလည်မူ့ မရရှိသေးပါဘူး။
အဆိုပါ အလုပ်သမား ဆန္ဒပြမှုကို ပြေလည်ရေး အတွက် အလုပ်သမား အချင်းချင်း ရိုင်းပင်ကူညီပေးရေး အဖွဲ့မှ အလုပ်သမားများ ဘက်မှ လိုက်ပါဆောင်ရွက်ပေး လျှက်ရှိတယ်လို့ သိရပါတယ်။
ပေပို့သူ>>>ကိုဖိုးဇော် (09420085732) အလုပ်သမားများဘက်မှကူညီပေးနေသူ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
ရေနံချောင်းမြို့sky net လစဉ်ကြေးများသတ်မှတ်နှုန်းထက်ပိုပေးနေရ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရေနံချောင်းမြို့ sky net  RSPယူထားသော ဟိန်းအီလက်ထရောနစ်တွင် လစဉ်ကြေးသက်တမ်းတိုးရာတွင်သတ်မှတ်နှုန်းထား ၁၂၅၀၀ ကျပ်ပေးဆောင်ရမည့်အစား ၁၄၀၀၀ ကျပ်ပေးသွင်းနေရပါသည်။အခြားမြို့ RSP များထံစုံစမ်းရာတွင်ပုံမှန်နှုန်း၁၂၅၀၀ကျပ်သာပေးသွင်းရပါသည်။sky net မှတာဝန်ရှိသူများသိရှိပြီး ပြင်ဆင်ပေးစေလိုပါသည်။
ပေပို့သူ>>>yan J lay <yanj.lay6@gmail.com>
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
မွန်ပြည်နယ်သာသနာရေးမှူးကမြို့နယ်၁၀ခုကဝါဆိုစာရင်းနဲ့အတူငွေ၂၀၀၀ိကောက်တယ်၊မြို့နယ်သာသနာရေးမှူးတွေကဝါဆိုစာရင်းပြုခ၁၀၀၀ိတောင်းတယ်၂နှစ်ဆက်တိုက်ပဲဘီးလင်းမြို့နယ်မှာဝါဆိုကျောင်းစာရင်း၅၀၀ကျော်တယ်၊၁၀မြို့နယ်ဆိုတွက်ကြည့်ပါ၊သံဃလောကမှာလည်းဖြစ်နေပုံတွေသိအောင်ပါ၊ဦးစာရိတ္တ
ရွှေကျွန်းဦးကျောင်း
ဇုတ်သုတ်ရွာ၊ဘီးလင်းမြို့နယ်
မွန်ပြည်နယ်
ဖုံး၀၉၄၂၀၀၈၉၇၁၁၊၊
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
Ko PhoKyaw -လူ၏တန်ဘိုးအကျိုးရှိစွာအသုံးချ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
လူ၏တန်ဘိုးအကျိုးရှိစွာအသုံးချရန်
အရွယ်ကိုအချိန်(Time) ဖြင့်
မလဲပါနှင့် လုပ်သင့်လုပ်ထိုက်
သောအရွယ်တွင် လုပ်သင့်လုပ်ထိုက်သောအလုပ်ကိုလုပ်ပါ
       အနာဂါတ်ကောင်းခြင်း
ဆိုးခြင်းဟာ သင်တို့လက်ထဲမှာပါ။
Ko PhoKyaw <kophokyaw531@gmail.com>
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
စာသင်နှစ်တစ်နှစ်လုံးတွင်စာသင်ရက်တစ်လမပြည့်သောကျောင်းအုပ်ကြီး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
   အ.မ.က(၁၂၁)သည် မုံရွာမြို့ နယ်ခတက္ကန်(မ)အုပ်စု မဟာဗောဓိတစ်ထောင်အရှေ့ ဘက်(၇)
မိုင်အကွာညောင်ပင်သာရွာတွင်တည်ရှိပါ
သည်။တာဝန်ကျကျောင်းအုပ်ဆရာမှာ
ဦးပြည့်ဖြိုးအောင်ဖြစ်ပြီးလက်ထောက်မှာဦးချစ်ဝင်းဖြစ်ပါသည်။လက်ထောက်ဆရာမတစ်ယောက်လစ်လပ်နေသည်မှာတစ်နှစ်ခန့် ရှိပြီဖြစ်ပါသည်။
      လက်ရှိကျောင်းဆရာများမှာပုံမှန်
ကျောင်းမတက်ကြပါ။အထူးသဖြင့်ကျောင်းအုပ်မှာမုံရွာမြို့ တွင်သာနေပါသည်။
ကျောင်းအုပ်ဆရာကျောင်းတက်ရက်မှာ
(၂၀၁၀-၂၀၁၁)ပညာသင်နှစ်တွင်ရက်
(၂၀)ခန့် (၂၀၁၁-၂၀၁၂)တွင်တစ်လခန့် 
နှင့်ယခုနှစ်တွင်ယနေ့ အထိသုံးရက်သာ
ရှိပါသည်။ဦးဖိုးတာ၊ဦးမြင့်စိုးစသောကျောင်းသားမိဘများကတိတိကျကျမှတ်သား
ထားခြင်ဖြစ်ပါသည်။
     ဤသို့ ကျောင်းဆရာ၊မများစည်းကမ်း
ပျက်နေခဲ့ကြသည်မှာကျောင်းအုပ်သုံး
ဆက်(၁၀)နှစ်ခန့် ပင်ရှိခဲ့ပါပြီ။အထက်အ
ဆင့်သို့ အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း
တစ်ကြိမ်တစ်ခါမျှအရေးယူဆောင်ရွက်ပေးခြင်းမရှိခဲ့ပါ။
     အချို့ မိဘများမှာမိမိတို့ သားသမီး
များကိုဗောဓိတစ်ထောင်၊မုံရွေးကြေးမုံ
စသည့်ရွာများသို့ သွားရောက်ကျောင်း
ထားကြရသည်။ရွာတွင်ကျောင်းရှိပါ
လျက်စာမသင်သောကြောင့်ကလေးများ
မှာငယ်ငယ်ရွယ်ရွယ်နှင့်မိဝေးဖဝေးနေကြ
ရပြီးဒုက္ခများလှပါသည်။
    ကျောင်းမဖွင့်စာမသင်သောကြောင့်
အများစုသောကလေးများမှအရွယ်မတိုင်
မီဆိတ်ကျောင်းနွားကျောင်းသားဘဝ
ရောက်ကြရတော့သည်။
      နိုင်ငံတော်ကပညာရေးစနစ်အဆင့်မြှင့်
တင်ရေးကြိုပမ်းနေချိန်တွင်ညောင်ပင်
သာရွာမှကလေးများမှာကျောင်းပင်
မတက်ကြရပါ။ဆင်းရဲလွန်းသောကြောင့်
မဟုတ်ပါ။ကျောင်းဆရာမလာစာမသင်
သောကြောင့်ဖြစ်ပါသည်။
    ရွာသူရွာသားများမှာလွန်စွာမှရိုးကြ
အ,ကြ၊န,ကြပါသည်။မိဘဆရာအသင်း
ဖွဲ့ ၊၀ိုင်းဝန်းလက်မှတ်ထိုကာအထက်သို့ 
တင်ပြကြရန်စည်ဝေးသောအခါ"ထောင်
ကျမည်စိုးသည်"ဆိုကာအသင်းဝင်ခိုင်း
မရသူများပင်ရှိပါသည်။
       ကျွန်ုပ်တို့ ရွာမှာဝေးလံခေါင်သီအ
ရပ်မဟုတ်ပါ။သွားရေးလာရေးခက်ခဲ
သောအရပ်လည်းမဟုတ်ပါ။မုံရွာမြို့ နှင့်နေ့ ချင်းအသွားအပြန်နှစ်ခေါက်ပင်သွားနိုင်
သောခရီးမျှသာဖြစ်ပါသည်။
        ဤသို့ ကျောင်းဆရာများစည်း
ကမ်းပျက်ချင်တိုင်းပျက်နေကြသည်ကို
သက်ဆိုင်ရာမှထိရောက်စွာအရေးယူ
ပေးပါရန်လေးစားစွာတင်ပြအပ်ပါသည်။
             ကိုဇော်လင်း
            ၀၉-၄၄၂၀၇၅၂၂၅
           ၅/မရန(နိုင်)၁၅၀၁၂၁
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
သတင်း၊သုတ၊ရသများ ပေးပို့လိုပါက >>>hwhforandroid@gmail.com
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment