Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 14 July 2013

မကွေးတိုင်း။ ဆင်ပေါင်ဝဲမြို့နယ်။ကုန်းဘိုအုပ်စုအတွင်းအောင်မင်္ဂလာရွာမှာ အခက်ခဲတွေနဲ့ ရင် ဆိုင်နေရသော…။ရတနာပုံတက္ကသိုလ်အဆင့်မြှင့်မားစေရန်နှင့် အကျင့်ပျက်ချစားနေသော အကျင့်များပပျောက်စေရန်ရည်ရွည်လျှက်…။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အလုံဘူတာ၏ မီးရထားပိုင်မြေပေါ်တွင် စည်းကမ်းမဲ့ ကျူးကျော်ဆိုင်ခန်း…။"သန်၊တော၊ဓမ်၊သ၊စေတီယျ ဗုဒ္ဓဝါဆိုလ"… >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”



မကွေးတိုင်း။ ဆင်ပေါင်ဝဲမြို့နယ်။ကုန်းဘိုအုပ်စုအတွင်းအောင်မင်္ဂလာရွာမှာ အခက်ခ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မကွေးတိုင်း။ ဆင်ပေါင်ဝဲမြို့နယ်။ကုန်းဘိုအုပ်စုအတွင်းအောင်မင်္ဂလာရွာမှာ အခက်ခဲတွေနဲ့ ရင်
ဆိုင်နေရသော တောင်သူများမှ လူကြီးမင်းများသိစေလိုပါတယ်။သစ်တောရေးရာဝန်ကြီးအဖွဲ့က
ရွာသစ်တည်ထောင်ပေးမယ်လို့ ပြောသွားပါတယ်။ အဲဒီလိုပြောပြီးတော့ သာသနာ့နယ်မြေ၊ စာသင်ကျောင်း၊ ဆေးပေးခန်နဲ့၊အိမ်ရာကွက် အခမဲ့ချပေးမယ်လို့ ပြောသွားပါတယ်။အခုတော့ အိမ်ရာကွက်ဈေး အတောင်ငါးဆယ်ပတ်လည်ကိုငွေရှစ်သောင်းပေးမှ နေရမှာဖြစ်နေပါတယ်။ ကျွန်တော်တို့လို မရှိဆင်းရဲသားတွေအဖို့တော့ ငွေရှစ်သောင်းဆိုတာမလွယ်ပါဘူး။
နောက်ပြီးအိမ်ရာကွက် လာမှတ်တုံးကလည်း ဓါက်ဆီဖိုးဆိုပြီး ငွေနှစ်သောင်းပေးရပါတယ်  ။ လူကြီးမင်းများခင်ဗျာ သက်သာစွာ စဉ်းစားပေးလိုပါတယ်ခင်ဗျာ။
ပေးပို့သူ >>>
09401630286
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>


ရတနာပုံတက္ကသိုလ်အဆင့်မြှင့်မားစေရန်နှင့် အကျင့်ပျက်ချစားနေသော အကျင့်များပပျောက်စေရန်ရည်ရွည်လျှက်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာကတော့အခုလက်ရှိဖြစ်နေတဲ့ကိစ္စလေးပါကျွန်တော်တို့ဆိုင်ကယ်stand လက်မှတ်ဖြတ်ပိုင်းမှာဝန်ထမ်းသက်သာလို့ရေးထားပါတယ်ခင်ဗျာ ဒါပေမယ့်ကျောင်းသား/သူတွေနဲ့ဆရာ/မ တွေအတွက်ကတော့ဘာအကြိုးမှခံစားခွင့်မရှိပါဘူး ဆိုင်ကယ်အစီးအရေကတစ်ရက်ကိုတစ်သောင်းကျော်ရှိပါတယ်တစ်စီးကိုတစ်ရာကျပ်နဲ့တွက်ကြည့်ရင်တစ်ရက်ဝင်ငွေဟာဆယ်သိနိးရှိပါတယ်အဲ့ဒီပိုက်ဆံတွေကဘယ်နေမှာမှလဲသုံးတာမပြပါဘူးပါမောက္ခချုပ်ကသူတစ်ယောက်ဘဲချမ်းသာချင်တာဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့စကားပုံအတိုင်းဘဲဗျာ
နောက်ပြီးတော့ကျန်ပါသေးတယ်မဂ္ဂဇင်းစာအုပ်တစ်အုပ်ကိုနှစ်ထောင်ကျပ်နဲ့ရောင်းပါတယ်ကျွန်တော်တို့ကျောင်းအပ်တဲ့ ချလန်ဖြတ်ပိုင်းထဲမှာလဲ မဂ္ဂဇင်း
လို့ဘဲရိုက်လိုက်တာတန်ဖိုးထည့်မရေးဘူးဒါပေမယ့်မဂ္ဂဇင်းစာအုပ်တန်ဖိုးနှစ်ထောင်ကိုပါထည့်တောင်းတယ်ဗျာစာအုပ်ထွက်လာတော့နောက်တစ်ခါမဂ္ဂဇင်းဖိုးဆိုပြီးတော့နှစ်ထောင်ထပ်ပေးရတယ် ဒီလိုပါဘဲ အဝေးသင်ကကျောင်းသားတွေကိုမေးလိုက်တော့သူတို့လဲနှစ်ခါပေးရတာဘဲတဲ့အဲဒါမှစာအုပ်ပေးတာတဲ့ဗျာမဖြစ်သင့်ဘူးဗျာ အဲဒါထက်ပိုဆိုးတာက သူတို့ထုပ်တဲ့စာအုပ်အရေအတွက်ဆိုပြီးရေးထားတာကအုပ်ရေနှစ်ထောင်တဲ့
တွက်ကြည့်မယ်ဗျာ ဒေးကျောင်းသားက နှစ်သောင်းဗျာ
အဝေးသင်ကျောင်းသားက
နှစ်သောင်းသုံးထောင်ဗျာ
တန်ဖိုးကိုတွက်ကြည့်မယ်ဆိုရင်
သိန်းထောင်ကျော်ကိုပျောက်နေတယ်
အဲ့ဒီပိုက်ဆံက ပါမောက္ခချုပ်မရဘယ်သူရမှာလဲ
ငွေစာရင်းဌာနကိုမေးတော့လည်းမသိဘဲပြောကြပါတယ် တစ်ကယ်တော့နစ်နာတာကကျောင်းသား/သူတွေရဲ့မိဘတွေပါဆင်းရဲပင်ပန်းစွာနဲ့ရှာလို့ရတဲ့ပိုက်ဆံတွေကို ဒီလိုအကြီးကဲဖြစ်တဲ့သူကသုံးနေတာကိုဒီအတိုင်းဘဲကြည့်နေကျတော့မှာလားဗျာမပြုပြင်ပေးကြတော့ဘူး ပြုပြင်ပေးကြပို့မေတ္တာရပ်ခံပါတယ်လူကြီးမင်းအပေါင်းတို့

             ပုံ/ကျောင်းသားလူငယ်အသင်း
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အလုံဘူတာ၏ မီးရထားပိုင်မြေပေါ်တွင် စည်းကမ်းမဲ့ ကျူးကျော်ဆိုင်ခန်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အလုံဘူတာ၏ မီးရထားပိုင်မြေပေါ်တွင် စည်းကမ်းမဲ့ ကျူးကျော်ဆိုင်ခန်းများ လူနေအိမ်များဖြင့် ရှုပ်ပွနေပါသည်။ ထိုကျူးကျော်ဆိုင်များသည် ယခင်က ချင်းတွင်းမြစ်ကမ်း ဘေးတွင် တည်ရှိခဲ့သည်ဟုသိရပါသည်။ ချင်းတွင်းမြစ်ရေတက်ချိန်တွင် မီးရထားပိုင်မြေပေါ်သို့ ရေဘေးဒုက္ခသည် ဟု အမည်ခံကာခေတ္တ ယာယီ တဲများဆောက်၍ စီးပွားရှာ နေထိုင်ကြသည်ဟု သိရသည်။ ယခုနောက်ပိုင်းတွင် မြစ်ရေကျသွားသော်လည်း ပြန်လည်ပြောင်းရွှေ့ခြင်း မရှိသည်မှာ ၄ ၅ နှစ်ခန့် ရှိခဲ့ပြီဟု သိရပါသည်။ ယခုအခါတွင် စည်းကမ်းမဲ့စွာ ဆောက်လုပ်ထားသော ဆိုင်ခန်းများ ဝါးပွဲရုံများ လူနေအိမ်များဖြင့် ရှုပ်ပွနေပေပြီဖြစ်သည်။ ထို့ပြင် ဝါးပွဲရုံများမှ ဝါးခုတ်သူများ ဝန်းထရံကပ် ရက်သူများသည် ဘူတာနှင့် အနီးတဝိုက် လုပ်ကိုင်နေခြင်းကြောင့် ရထားစီးခရီးသည်များကို စိတ်အနှောင့်အယှက် ဖြစ်စေသည့်ပြင် ဘူတာရုံ၏ ဥပဓိရုပ်ကို ထိခိုက်စေပြီး ဘူတာသန့်ရှင်း သပ်ရပ်ရေးကိုလည်း ဖျက်စီးစေသည့်ပြင် စည်းကမ်းမဲ့ ဆောက်လုပ်ထားသော ကျူးကျော်တဲများကြောင့် ယာဉ်ဝင် ထွက် ရပ်နားရာ နေရာမရှိခြင်းတို့အပြင် မီးဘေးအန္တရာယ်ကို စိုးရိမ်ရသည့်အတွက် ခရီးသည်များ စိတ်ချမ်းမြေ့ အဆင်ပြေရေး အတွက် ပြုပြင်ပေးစေလိုပါသည်။
ပေးပို့သူ မောင်ဝဏ္ဏ (မုံရွာ)
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
"သန်၊တော၊ဓမ်၊သ၊စေတီယျ ဗုဒ္ဓဝါဆိုလ"
••••••••••••••••••••••
'သန်'ဆိုသည်မှာ ဘုရားလောင်းပဋိသန္ဓေနေသောနေ့  ၊
'တော'ဆိုသည်မှာ ဘုရားလောင်းတောထွက်တော်မူသောနေ့ ၊
'ဓမ်'ဆိုသည်မှာ ဓမ္မာစကြာ တရားဦးဟောတော်မူသောနေ့ ၊
'သ'ဆိုသည်မှာ ဃဋိကာရဗြဟ္မာ၏ ကြာသင်္ကန်းကပ်လှူခြင်းကို အလှူခံယူတော်မူသောနေ့ ထိုနေ့ထူးနေ့မြတ်အခါသမယသည် "ဝါဆိုလပြည့်"နေ့များ ဖြစ်ခြင်း နှင့် 'စေတီယျ'ဆိုသည်မှာ 'ဓာတုစေတီ၊ဓမ္မစေတီ၊ဥဒိဿစေတီ၊ပရိဘောဂစေတီ'စသော စေတီလေးမျိုးကို ဝါဆိုပန်းကပ် ကုသိုလ်ယူခြင်း၊ ဆရာတော် သံဃာတော် အရှင်သူမြတ် အပေါင်းတို့ အား ဝါဆိုသင်္ကန်း ကပ်လှူပူဇော် ကုသိုလ်တော်ယူသောနေ့သည်လည်း "ဝါဆိုလပြည့်"နေ့ဖြစ်ခြင်းကြောင့် သာသနာဝင် သူတော်စင်များ သာသနာတံခွန်စိုက် အောင်ပွဲပိုက်နိုင်ကြပါစေရန် ရည်စိတ်သန်၍ "သမ္မာသမ္ဗုဒ္ဓဘုရားရှင်"၏ နေ့ထူးနေ့မြတ် ဖြစ်တော်မူသော "ဝါဆိုလပြည့်နေ့"မှာ မေတ္တာပွား အဓိဌာန်ဝင်ကာ ဘာဝနာစီးဖြန်း ပြည်ခေမာ နိဗ္ဗာန်လမ်းသို့ လွယ်ကူသောအသိ လွယ်ကူသောဥာဏ်ဖြင့် တက်လှမ်းနိုင်ကြပါစေ......    အောင်ပြည့်ကျော်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

No comments:

Post a Comment