Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 6 July 2013

အလွဲသုံးစားအရေးယူနိုင်တယ်ပြောလို့တောင်သူဦးဘိုကြိုင်ပါ၃ဦးထောင်တစ်လကျ…။ ဆက်(ဒေးဒရဲ)>ကိုယ်ဘဝနှင်သူဘဝခြားခဲ့သောသူများအတွက်။ သရုပ်ဆောင်ရဲတိုက်မူးယစ်ဆေးတွေ့ ရှိမှု့ ဖြင့် အရေးယူခံရ…။(ပိန်းဇလုပ် အ.ထ.က )2007/2008 'ဆရာ/ဆရာမများသို…။ဆက်လက်ဖတ်ရူ့ရန် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”



သတင်း၊သုတ၊ရသများ ပေးပို့လိုပါက >>>hwhforandroid@gmail.com

အလွဲသုံးစားအရေးယူနိုင်တယ်ပြောလို့တောင်သူဦးဘိုကြိုင်ပါ၃ဦးထောင်တစ်လကျခဲ့ရ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မန္တလေးတိုင်းဒေသကြီးမိတ္ထီလာခရိုင်ဝမ်းတွင်းမြို့နယ်ပျားစွဲကျေးရွာမှာဖြစ်ပါတယ်
လူးခင်းကျေးရွာအုပ်စုကျေးလက်အုပ်ချုပ်ရေးမှူနဲ့ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူးတို့
ရဲ့အများနှင့်သက်ဆိုင်သောလုပ်ငန်းများအပေါ်မှအလွဲသုံးစားမှုတွေဖြစ်ခဲ့ပါတယ်။
                     ကန်ကွေ့တံတားဆောက်ရန်သစ်ခွဲသား(၆)တန်၊ပျားစွဲကျေးရွာ
မူလတန်းကျောင်းဆောင်ဆောက်လုပ်ရန်သစ်(၃)တန်၊ဒိုင်ကောင်းကုန်းကျေးရွာ
အ.ထကခွဲကျောင်းဆောင်အတွက်သစ်(၁၅)တန်နိုင်ငံတော်အစိုးရမှထုတ်ယူရန်
ပေးအပ်ခဲ့ပေမဲ့၂၀၀၈ခုနှစ်ကထဲက ခုချိန်အထိဘာမှမပြုလုပ်ပဲပြင်ပသို့ရောင်းချခဲ့ပါ
တယ်။
                    ဦးအောင်သောင်း(ယခင်စက်မှု-၁-၀န်ကြီး)မှအလှူငွေ(၅)သိန်းမတည်
ပြီးအခြားအလှူရှင်များမှထည့်ဝင်ခဲ့သောအလှူငွေစုစုပေါင်း(၄၂)သိန်းကိုမူလတန်း
ကျောင်းအတွက်ရည်စူးလှူဒါန်းခဲ့ပေမဲ့ယခုအချိန်အထိစာရင်းမရှင်းနိုင်သေးပါ။
                     ကျေးလက်တောင်သူတွေမျက်စေ့ပွင့်အောင်စာကြည့်တိုက်ပြုလုပ်
ရန်တစ်အိမ်ထောင်လျှင်(၂၀၀၀)ကျပ်ကောက်ခံခဲ့ပါတယ်အိမ်ထောင်စု(၄၇၀)ကျော်မို့
ငွေ(၁၀)သိန်းလောက်ရခဲ့ပေမဲ့ခုထိဘာမှမလုပ်သေးပါဖူး။
                      ၂၀၁၁-၂၀၁၂စာသင်နှစ်မှာမူလတန်းပညာအခမဲ့လို့နိုင်ငံတော်
ကသတ်မှတ်ခဲကပေ့မဲ့ကျောင်းသားတစ်ဦးလျှင်(၅၀၀)ကျပ်ကောက်ခဲ့ပါတယ်။
ကျောင်သားနှစ်ရာနီးပါးငွေတသိန်းလောက်စာရင်းပျောက်နေပြန်ပါတယ်။
                         ဘာသာရေးဘုန်းကြီးပျံအတွက်တအိမ်ထောင်(၃၀၀၀)ကျပ်
ကောက်ခဲ့ပါတယ်ငွေ(၁၄)သိန်းလောက်ရရှိခဲ့ပေမဲ့ဘာမှလုပ်မပေးလို့ရွာကဘုန်း
တော်ကြီးတွေနဲ့ပြသာနာဖြစ်နေရပါတယ်။
                              ကျေးလက်ရွာဘုံပစ္စည်းထူထောင်မယ်ဆိုပြီးကောက်ထားတဲ့ငွေ
တွေလည်းရွာအတွက်မသုံးစွဲခဲ့ပါဖူး။ခုဆိုအလှူအတန်းတစ်ခုလုပ်ရင်ဘေးရွာကငှားသုံး
နေရပါတယ်။
                              အများနဲ့သက်ဆိုင်နေတဲ့ငွေတွေပါဘယ်လိုသုံးထား
တယ်ဆိုတာစာရင်ရှင်းမပြလို့အမှုမဆွေးပါဖူးလို့ဆိုခဲ့မိတာကိုလုပ်ကြံလီဆည်ပြီး
တရားစွဲခဲ့ပါတယ်ကျေးလက်အုပ်ချုပ်ရေးမှူးနဲ့ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးအာဏာနဲ့
အမှုဆင်တရားစွဲလို့ဦးဘိုကြိုင်-၉/၀တနနိုင်-၀၁၈၅၃၅၊ဦးဆန်းမောင်-၉/၀တနနိုင်-
၀၁၈၄၄၈။နဲ့ကိုလှသိန်းတို့ထောင်တစ်လကျခဲ့ရတယ်။ဦးချစ်သဲ-၉/၀တနနိုင်
၁၂၀၈၃၈။ကတော့လွတ်ခဲ့ပါတယ်။ဒါတွေကိုတရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်
အေးချမ်းရေဒကော်မတီကိုတင်ပြခဲ့ပါတယ်။စာလက်ခံရရှိကြောင်း(၂၉-၃-၂၀၁၃)
ရက်စွဲစာအမှတ်၀၇/ပသ/ကမတ/၂၄/၂၀၁၂-၁၄၀ နဲ့ဦးဝင်းမြင့်အတွင်းရေးမှူး
မှပြန်ကြာခဲ့ပါတယ်။သန့်ရှင်းကောင်းမွန်သောစနစ်တခုတည်ဆောက်နေတာမို့
အမှုမဆွေးအရေးယူပေးစေလိုတယ်လို့နစ်နာခဲ့ရတဲ့တောင်သူဦးဘိုကြိုင်၊ဦးချစ်
သဲ၊ဦးဆန်းမောင်၊တို့ဆီမှသတင်းရရှိခဲ့ပါတယ်။
ဦးဘိုကြိုင်-၀၉-၃၃၁၁၅၅၀၄   ဆီစုံစမ်းမေးမြန်းနိုင်ပါတယ်

  ပေးပို့သူ>>>  Shwe Min Thar  <shweminthar000@gmail.com>

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
ကိုယ်ဘဝနှင်သူဘဝခြားခဲ့သောသူများအတွက်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
             အဖွင့် အပိတ်
    နင်ကနေမှာထွန်းလင်းချင်တဲ့နေ
    ငါကညမှာသာတဲ့လ
    နေနဲ့လ  ဆုံတွေခွင်ဆိုတာ
    နင်ကလူတကာပန်ချင်တဲ့ပန်း
    ငါကလူတကာနင်းတဲ့လမ်း
    ပန်းနဲ့လမ်း တုနှိုင်းဖို့ဆိုတာ

     နင်ကအလင်းအလှူပေးလှူတဲ့
     ကောင်းကင်ကလူပါ
     ငါက
     ကြေကွဲမှုများ
     အမုန်းမီးတောက်များ
     ဆူညံမှုဒီရေများ
     ပြည်ကာကြွယ်ဝ
     ပင်လယ်ဘဝပါ
     နင် နဲ ငါ
     ဘဝခြား ဒေသခြား နေရာခြား
     ကဗျာတစ်ပုဒ်အဖြစ်
     ဆက်လက်ဝေးကွာလျက်
                                  ဆက်(ဒေးဒရဲ)
             ph 09422495605
     >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သရုပ်ဆောင်ရဲတိုက်မူးယစ်ဆေးတွေ့ ရှိမှု့ ဖြင့် အရေးယူခံရ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(4.7.2013)ရက်ကဆေးခြောက်ကိုင်ဆောင်သုံးစွဲသူ သရုပ်ဆောင်ရဲတိုက် အား ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ နယ် ရဲစခန်းမှတစ်ရားစွဲဆိုပြီးအမှု့ အားပဲခူးတိုင်းံရုံးသို့ ဆက်လက်တင်သွားမည်ဖြစ်ကြောင်းသိရှိရပါသည် အဆိုပါ ရုပ်ရှင်သရုပ်ဆောင်ရဲတိုက်အားဆေးခြောက်နှင်အရေးယူခံထားရသည့် အပေါ်ရဲတိုက်ပရိတ်သတ်တစ်ဦး၏ပြောကြားချက်ကတော့  ..
,.ရဲတိုက်၏ပရိတ်သတ်။                                 ။            ။........အစ်မက ရဲတိုက်ရဲ့ ပရိတ်သတ်ပါ ခုလိုဖြစ်သွားတယ်ဆိုတာကိုအဲ့နေ့ ကကြားလိုက်ရတော့ အရမ်းစိတ်မကောင်းဖြစ်သွားရတယ် သူ့ ကိုလည်းတကယ်သနားမိတယ် သူ့ အတွက်စိတ်မကောင်းဖြစ်နေယုံ ကလွဲရင်ဘာမှမတတ်နိုက်ဘူးလေ မနေ့ကဆို စခန်ဲးမှာလူတွေတော်တော်များတယ် သူ့ ကိုလာကြည့် ကြတာလေ မနေ့ ကညနေပိုင်းလောက်ရဲတိုက်ရဲ့ အဖေရောက်လာပြီးသူ့ အမှု့ အတွက် လိုအပ်တာတွေလုပ်ပေးနေတာကိုတေ့ တွေ့ တယ် ဘာပဲဖြစ်နေဖြစ်နေ ကျွန်မတို့ ကတော့ သူ့ အနုပညာကိုလေးစားပြီးသူဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့  ဆတ်လက်အားပေးနေမှာပါ       .....


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
HWH Media Group ကို အရမ်းကျေးဇူး
တင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
သုတ ရသ ဓမ္မ စသည်အားဖြင့် သတင်း
စုံ ကဏ္ဍစုံ ဖော်ပြပေးတဲ့အတွက်ကြောင့်ပါ
နောက်ထပ် ကျေးဇူးတင်ရမှာက ဥုံရဲ့
မိတ်ဆွေများအတွက် မိမိတို့ရေးချင်တဲ့
တိုင်စာ သုတ ရသ စာလေးတွေလည်း
ရေးသားပေးပို့လို့ ရတယ်ဆိုတဲ့အတွက်
အရမ်းကို ဝမ်းသာမိပါတယ်။ ကဗျာလေး
တွေရော ရေးသားပေးပို့လို့ ရပါသလား။
ဥုံ အဖွဲ့ သားအားလုံး ကျန်းမာချမ်းသာပြီး
ိတိုင်းပြည်အကျိုး ဘာသာသာသနာ အကျိုး
ကို ဒီ မီဒီယာ ကဏ္ဍလေးကနေ သယ်ပိုး
ထမ်းရွက်ရင်း ရေရှည်တည်တံ့နိုင်ပါစေလို့
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။
ပေးပို့သူ>>> 09422458256
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 


'ဆရာ/ဆရာမများသို့ (ပိန်းဇလုပ် အ.ထ.က )2007/2008 ပညာသင်နှစ် ဂါရဝပြုလျှက်

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

တကယ်ပါဒီစာလေးကိုရေးချင်နေတာတော်တော်ကြာနေပါပြီ ကျွန်တော်တို့ ငယ်ငယ်တုံန်းကဆရာ/ဆရာမတွေရှေ့ ရောက်ရင်ခေါင်းလေးငုံ့ ကိုယ်လေးညွတ်ပြီးအရိုအသေပေးပြီးသွားရတယ် ခုအပြင်မှာရောက်နေတာတောင်ဆရာတွေဆရာမတွေတွေ့ရင်ခေါင်းငုံ့ တတ်တာကိုယ်ညွတ်တာတွေဟာအကျင့်ဖြစ်နေပါပြီ .ခုချိုန်ရောက်နေတာတောင်ဆရာမကိုတွေ့ လိုက်တာနဲ့ ဆေးလိပ်သောက်နေရင်ဆေးလိပ်လွှင့်ပြစ်ပြီး ကွမ်းစားနေရင်ကွမ်းကိုထွေးပြစ်တာဟာ အကျင့်ဖြစ်နေပါပြီ ကျွန်တော်ဟာ ပဲခူးတိုင်း ညောင်လေးပင်မြို့ နယ် ပိန်းဇလုပ် အ.ထ.က မှာပညာသင်ကြားခဲ့ သူပါ ကျွန်တော်တို့ ဆယ်တန်းတုံန်းက  chemistry ဘာသာရပ်ကိုသင်ကြားပေးတဲ့ဆရာမဒေါ်တင်တင်လှိုင်အကြောင်းမှတ်မိပါသေးတယ် ဆရာမကစည်းကမ်းလည်းကြီးသလိုစာသင်တာအရမ်းကောင်းပါတယ် ဆရာမကြောင့် ဂုဏ်ထူးထွက်တဲကျောင်းသူကျောင်းသားတွေတော်တော်များပါတယ် ဆရာမကိုရိုသေလေးစားပြီးကြောက်ရွံ့နေတဲ့ စိတ်တွေကခုထိတောင်ကျန်ပါသေးတယ် ဆရာဆရာမတွေရဲ့ သွန်သင်မှု့ ကြောင့်အပြင်လောကမှာကျွန်တော့ အတွက်အထောက်အကူပြုခဲ့ရပါတယ် ဆရာဆရာမတွေရဲ့ကျေးဇူးတွေကြောင့်အပြင်လောကမှာလူတစ်လုံးသူတစ်လုံးဖြစ်ခဲ့ရပါတယ်ဆရာဆရာမများ၏ဂုဏ်ကျေးဇူးကိုအထူးဦးထိပ်ပန်လျှက် ရှိခိုးကန်တော့ တောင်းပန်အပ်ပါသည် .2007/2008 ပညာသင်နှစ်မှကျေးဇူးရှိသောဆရာဆရာမများသို့  အမှတ်တရဖြင့်ဂါရဝပြုအပ်ပါသည်။

  ပေးပို့သူ>>> ဂျိုကာ၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
 
သတင်း၊သုတ၊ရသများ ပေးပို့လိုပါက >>>hwhforandroid@gmail.com
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment