Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 13 July 2013

**သက်ဆိုင်ရာပညာရေးဌာနမှတာဝန်ရှိသူများသို့ အိပ်ဖွင့်ပေးစာ**…။"သန်၊တော၊ဓမ်၊သ၊စေတီယျ ဗုဒ္ဓဝါဆိုလ"…။ HATRED IS NEVER APPEASED- အရှင်ခေမာစာရ…။ ရေးမြို့အထက်တန်းကျောင်း ကျူရှင်လာရောက်တက်ရန် ဆရာ/ဆရာမများ၏ ဖိအားပေးမှုအား တားမြစ်ပေးပါရန်…။ မြန်အောင်မြို့နယ် ငါပတ်ကျအုပ်စု သူပုန်ဓံခံရွာလေးအားကူညီမစလို…။ ပြည့်အားမာန် Co.Ltd အလုပ်ခေါ်စာ…။ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”



**သက်ဆိုင်ရာပညာရေးဌာနမှတာဝန်ရှိသူများသို့ အိပ်ဖွင့်ပေးစာ**
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျွန်တော်တို့  B.Ed ပြီးခဲ့တာကြာပါပြီ။
အလယ်တန်းပြအဖြစ်အလုပ်ဝင်ခဲ့တာလည်း (၅)နှစ်ရှိပါပြီ။
အထက်တန်းပြအဖြစ်ရာထူးတိုးလျှောက်ထားခဲ့သည်မှာလည်းနှစ်စဉ်နှစ်တိုင်းဖြစ်ပါသည်။
ဒေသမရွေး(စေလိုရာစေ)တာဝန်ထမ်းဆောင်ရန်လျှောက်ထားခဲ့ပါသည်။
သို့ သော်ယခုအချိန်အထိ ရာထူးမတိုးသေးပါ။
ကျွန်တော်တို့ ထက်လုပ်သက်များစွာငယ်သော ညီငယ်၊ ညီမငယ်များသည် အထက်တန်းပြအဖြစ်
ရာထူးတိုးပြီး ကျွန်တော်တို့ မှာရာထူးမတိုးနိုင်သေးပါ။
တချို့ သောကျွန်တော်တို့ ၏သူငယ်ချင်းများသည်လည်းရာထူးတိုးပြီး
အထက်တန်းပြလုပ်သက်(၂)နှစ်ပင်ရှိနေပါပြီ။
မည်သို့ သောအကြောင်းကြောင့်ရာထူးမတိုးပေးဘဲထားပါသနည်း။
ပညာရေးဌာနတွင်တာဝန်ထမ်းဆောင်နေသောကျွန်တော်တို
့မှာမည်သည့်ပြစ်ချက်များရှိနေပါသနည်း။
B.Ed ကိုတိုက်ရိုက်တက်ခဲ့ခြင်းကြောင့်ပေလော။ ထိုသို့ မေးရသည်မှာ
ကောလိပ်မှပေါင်းကူးလာသော
ညီငယ်ညီမငယ်များသည် လုပ်သက်(၁)နှစ်အတွင်းမှာပင်ရာထူးများအဆင့်ဆင့်တိုးသွားသည်ကို
တွေ့ မြင်ရသောကြောင့်ဖြစ်ပါသည်။
အခြားသူများ(မိမိထက်ငယ်သောသူများ)ရာထူးတိုးသွားတိုင်းမိမိတို့ 
ကျန်နေခဲ့သည်ကိုဝမ်းနည်းကြေကွဲရုံမှတစ်ပါးအခြားမတတ်နိုင်ခဲ့ပါ။
ပညာရေးဌာနသည်ရာထူးတိုးစီစဉ်ရာတွင်တရားသဖြင့် စီနီယာအလိုက်စီစဉ်နေရာချထားပေးသည်ဟု
ကြားခဲ့ဖူးပါသည်။
ယခုလုပ်ဆောင်သွားသောလုပ်ဆောင်ချက်များသည် ထိုသို့ ဟုတ်ပါရဲ
့လားဟုသံသယ၀င်နေပါတော့သည်။
စီနီယာအလိုက်နေရာချပေးတာပါဟုဆိုပါလျှင် အဘယ်ကြောင့်ကျွန်တော်တို့ ထက်ငယ်သောသူများက
အရင်ရာထူးတိုးပါသနည်း။
ပညာအရည်အချင်းကွာသည်ဟုဆိုပါလျှင်လည်း B.Ed
ချင်းတူနေသည်မှာထင်ရှားသောသက်သေများရှိနေပါသည်။
မည်သို့ သောပေါလစီအရလုပ်နေသည်ကိုကျွန်တော်တို့ နားလည်အောင်ရှင်းပြပေးစေချင်ပါသည်။
ပညာရေးဌာမှမှတာဝန်ရှိသူများခင်ဗျား....
၁။ ရာထူးတိုးသင့်သည်မှန်ပါလျက်မတိုးပေးဘဲထားသည်မှာအဘယ်ကြောင့်ပါနည်း။
၂။စီနီယာအလိုက်ရာထူးတိုးခြင်းမျိုးမဟုတ်ပါဘဲခုန်ကျော်ပြီးတိုးပေးနေသည်မှာအဘယ်ကြောင့်ပါနည်း
၃။မည်သည့်အချိန်ကာလတွင်မှကျန်ရစ်ခဲ့သူ(နစ်နာသူ)များကိုသက်ဆိုင်ရာအခွင့်အရေးမျိုးပေးပါမည်နည်း။
၎။ ယခုအမှန်တစ်ကယ်နစ်နာနေသူများအားမည်သို
့သောအထူးခံစားခွင့်မျိုးကိုပေးရန်စီစဉ်ထားပါသနည်း။
၅။ အဘယ်ကြောင့်B.Ed ပြီးလျှင်အထက်တန်းပြဖြစ်မည်ဟုပြောဆိုခဲ့ပါသနည်း။
  ပေးပို့ သူ- ရာထူးမတိုးသေးသောလုပ်သက်ကြာဆရာ၊ဆရာမများကိုယ်စား
ထွန်းမင်းအောင်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
"သန်၊တော၊ဓမ်၊သ၊စေတီယျ ဗုဒ္ဓဝါဆိုလ"
••••••••••••••••••••••
'သန်'ဆိုသည်မှာ ဘုရားလောင်းပဋိသန္ဓေနေသောနေ့ 
'တော'ဆိုသည်မှာ ဘုရားလောင်းတောထွက်တော်မူသောနေ့ ၊
'ဓမ်'ဆိုသည်မှာ ဓမ္မာစကြာ တရားဦးဟောတော်မူသောနေ့ ၊
'သ'ဆိုသည်မှာ ဃဋိကာရဗြဟ္မာ၏ ကြာသင်္ကန်းကပ်လှူခြင်းကို အလှူခံယူတော်မူသောနေ့ ထိုနေ့ထူးနေ့မြတ်အခါသမယသည် "ဝါဆိုလပြည့်"နေ့များ ဖြစ်ခြင်း နှင့် 'စေတီယျ'ဆိုသည်မှာ 'ဓာတုစေတီ၊ဓမ္မစေတီ၊ဥဒိဿစေတီ၊ပရိဘောဂစေတီ'စသော စေတီလေးမျိုးကို ဝါဆိုပန်းကပ် ကုသိုလ်ယူခြင်း၊ ဆရာတော် သံဃာတော် အရှင်သူမြတ် အပေါင်းတို့ အား ဝါဆိုသင်္ကန်း ကပ်လှူပူဇော် ကုသိုလ်တော်ယူသောနေ့သည်လည်း "ဝါဆိုလပြည့်"နေ့ဖြစ်ခြင်းကြောင့် သာသနာဝင် သူတော်စင်များ သာသနာတံခွန်စိုက် အောင်ပွဲပိုက်နိုင်ကြပါစေရန် ရည်စိတ်သန်၍ "သမ္မာသမ္ဗုဒ္ဓဘုရားရှင်"၏ နေ့ထူးနေ့မြတ် ဖြစ်တော်မူသော "ဝါဆိုလပြည့်နေ့"မှာ မေတ္တာပွား အဓိဌာန်ဝင်ကာ ဘာဝနာစီးဖြန်း ပြည်ခေမာ နိဗ္ဗာန်လမ်းသို့ လွယ်ကူသောအသိ လွယ်ကူသောဥာဏ်ဖြင့် တက်လှမ်းနိုင်ကြပါစေ......    အောင်ပြည့်ကျော်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
HATRED IS NEVER APPEASED- အရှင်ခေမာစာရ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
 The Buddha spoke in verse as follows:
      Hatred is,indeed,never appeased by hatred in this world.It is appeased only by loving-kindness.This is an ancient law.
       မြတ်စွာဘုရားက ဓမ္မပဒပါဠိတော် ယမက၀ဂ်မှာ ဒီဂါထာလေးကို ဟောထားပါတယ် သာဝတ္ထိပြည်က အမျို သ္မီးတစ်ယောက်သည် ကိုယ်ဝန်မရနိုင်တဲ့အတွက်ကြောင်
 ယောင်္ကျားကအခြားမိန်းမတစ်ယောက်ကို ထက်ယူခဲ့ပါတယ်
မယားငယ်ကိုယ်ဝန်ရချိန်မှာတော့ မခံမရပ်နိုင်ဖြစ်သွားတဲ့ မယားကြီးက အဆိပ်ခပ်သတ်ခဲပါတယ်
အဲဒီမှာ ရန်ငြိုးကစတာပါပဲ။နောက်ဘသတွေအထိ ကျိမ်စာတိုက်ပြီး ကြက်မနှင် ကြောင်မ၊သမင်နှင်
ကျားသစ် အပြန်အလှန် သားသ္မီးတွေကို စားသောက်ပြီး ရန်ငြိုးကိုဖြေခဲကြပါတယ် နောက်ဘ၀မှာ
လူမနှင် ဘီလူးမဖြစ်ခဲ့အခါ ကလေးကိုလိုက်ဖမ်းနေတဲဘီလူးရန်ကနေလွတ်အောင်ပြေးနေတဲ့ အမျိုးသ္မီးသည် ဘုရားထံမှောက်ရောက်တဲ့အခါ ဘီးလူးမနှင့် အမျိုးသ္မီးကို မြတ်စာဘုရားက ဒီဂါထာလေးနဲဆုံးမပြီ ရန်ငြိုးကိုဖြေပေးခဲ့ပါတယ်
  န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ၊
 အဝေရေန စ သမ္မ န္တိ၊ဧသ ဓမ္မော သနန္တနော။
   လောကမှာ ရန်တုံပြန်ခြင်းဖြင် ရန်တို့သည် ဘယ်အခါမှ မပြေငြိမ်းကုန်၊ ရန်တုံမမူခြင်ဖြင်သာလျှင် ရန်တို့သည် ပြေငြိမ်းကုန်သည်မှာ လောကစဉ်လာ ဓမ္မတာဖြစ်ပေ၏
ဟု ဆုံးမခဲ့သည်ကို  ဘာသာဝင်များ လိုက်နာကျင်ကြံကြမည်ဆိုလျှင် ကမ္ဘာကြီအေးချမ်းနေမှာပင်ဖြစ်သည်။  
     ရှင်ခေမာ
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)  
    09422519018
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
ရေးမြို့အထက်တန်းကျောင်း ကျူရှင်လာရောက်တက်ရန် ဆရာ/ဆရာမမျး၏ ဖိအားပေးမှုအား တားမြစ်ပေးပါရန်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရေးမြို့အထက်တန်းကျောင်းများတွင် ဆရာ/ဆရာမ အချို့က ကျောင်းများအား ကျူရှင်လာရောက်တက်ရန်နှင့် လာမတက်ပါက ကလေးများ၏ စိတ်ဓာတ်ရေးရာ တိုက်ခိုက်ကာ အောင်/ရှုံး အခွင့်အရေးသည် ဆရာမများ၏လက်ထဲတွင် ရှိနေသည်ဟု ဖိအားပေးကာ အတန်းတိုင်းတွင် စုပေါင်း/အတန်းပိုင်ဆရာမ ကျူရှင်နှစ်ခုထားနေရပါသည်။ မိဘများသည်လည်း သားသမီးမျက်နှာငယ်မည်စိုး၍ ထားပေးနေရပါသည် သိုဖြစ်ပါ၍ သက်ဆိုင်ရာမှ ထိရောက်စွာ တားမြစ်ပေးစေချင်ပါသည်။
thantzaw168@gmail.com
09425338711
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
မြန်အောင်မြို့နယ် ငါပတ်ကျအုပ်စု သူ ပုန်ဓံခံရွာလေးအားကူညီမစလို
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မြန်အောင်မြို့နယ် ငါပတ်ကျအုပ်စု
တုပ်ကွင်းကျေးရွာသည် အိမ်ခြေ ၁၅၀ ခန့်ရှိသော်ကရင်သူပုန်တို့ထကြွစဉ်က စစ်ဘေးဒန်သင့်သည့်အလျောက်ယခုလက်ရှိထိဖွင်ဖြိုးမှုအင်မတန်အားနည်းပါသည် ထို့အတွက်သက်ဆိုင်ရာ သမ္မတကြီးနှင့် လွှတော်ဥက္ကဌကြီး တိုင်းဒေသကြီးအစိုးရ လွှတော်ကိုယ်တို့မှ ငဲ့ညှာသောအားဖြင့် ပညာရေး ကျန်းမာရေး လမ်းပန်းဆက်သွယ်ရေးတို့ကိုဆောင်ရွက်ပေးကြပါရန်နှင့် လွှတော်ကိုယ်စားလည်တော်ကြီးလဲလာရောက်ကြည်ရှု့ပေးပါ မေတ္တာရပ်ခံအပ်ပါသည်
moe wai moewai490@gmail.com
>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
ပြည့်အားမာန် Co.Ltd အလုပ်ခေါ်စာ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပြည့်အားမာန်Co.,Ltd ပြည်မြို့တွင် ဆေးဝါးဖြန့်ချီရေးတာဝန်ထမ်းဆောင်ရန်

1. MR M/F (2) posts
အလိုရှိသည်။ စိတ်ပါဝင်စားပါက
၁၅၁၉။ရွှေတချောင်းလမ်း။ပြည်မြို့
၀၉၄၂၃၆၅၉၃၄၀ သို့ ၂၁ ။၇။၂၀၁၃ ထက်နောက်မကျဘဲ လာရောက်လျှောက်ထားနိုင်သည်။
ပေးပို့သူ>>> စည်သူမြင့်လွင်  knowing1001@gmail.com
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
သတင်း၊သုတ၊ရသများ ပေးပို့လိုပါက >>>hwhforandroid@gmail.com
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment