Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 24 July 2013

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်း ခရိုင်အင်ဂျင်နီုယာမှူးနှင့် ကျောက်တင်ဒါသမားများပူးပေါင်းဆောင်ရွက်ခြင်း ။>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ပြည့်သူ့ဆောက်လုပ်ရေးလုပ်ငန်းပိုင် ရေဝေ-သဖန်းချောင်းလမ်းကို ကျောက်တင်ဒါစနစ်ဖြင့်ဆောင်ရွက်ခဲ့ရာ တင်ဒါအောင်မြင်သူမှာ ဦးစစ်သိန်းဖြစ်ပါသည်။ ဦးစစ်သိန်းသည် ကျောက်တင်သွင်းခဲ့ရာတွင် စုစုပေါင်း ကျောက်ကျင်းရေ (၅၃၉၄)ကျင်းရှိရာ ဇွန်လကုန်အထိတင်သွင်းရမည့် ကျောက်အရေအတွက်မှာ ကျောက်ကျင်းအားလုံးပေါင်း၏ ၃၀% (၁၆၁၈)ကျင်းတင်သွင်းရန်ဖြစ်ပါသည်။ (၈-၇-၂၀၁၃)ရက်နေ့တွင် ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းမှ AE.ဦးမြင့်သန်း၊ AE-ဒေါ်ကေဇင်ဝင်းနိုင်နှင့်SAE အဖွဲ့များလာရောက်၍ ကျောက်ကျင်းများတိုင်တာခဲ့ရာ ၃၀%မပြည့်ပဲ ၂၀%ခန့်သာရှိခဲ့ပါသည်။ 1"x 2" ကျောက်များမှာလည်း စက်ခွဲကျောက်များမဟုတ်ပဲ လက်ခွဲကျောက်များသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တင်ဒါစည်းကမ်းအရ ဇွန်လကုန်တွင် ၃၀% မပေးသွင်းနိုင်ပါက ဦးစစ်သန်းအား Black List ကြေညာ၍ ၄င်းတင်သွင်းခဲ့သော Deposit ငွေအား နိုင်ငံတော်ပိုင်ငွေအဖြစ် သိမ်းသွင်းရမည်ဖြစ်ပါသည်။ သို့သော် ရမည်းသင်း ခရိုင်အင်ဂျင်နီယာမှူးမှ တင်ဒါစည်းကမ်းအတိုင်း မဆောင်ရွက်ပဲ တင်ဒါသွင်းသူများနှင့် ပူးပေါင်း၍ ကျောက်များ ဆက်လတ်ချခိုင်းနေပါသည်။ တင်ဒါအောင်သူများမှ ကျောက်သမားများထံမှလည်း ကျောက်ဈေးများအဆမတန်နိမ့်ချဝယ်ယူပြီး ငွေအကြေမပေးသွင်းနိုင်ပါ ရေဝေ-သဖန်းချောင်း မြေသာလုပ်ငန်းဆောက်ရွက်ရာတွင် ယခင်နှစ်များက လယ်ကွက်ပိုင်ရှင်များက ရေကန်တူးရန်ပေးသောမြေများကို ကားဖြင့်သယ်ယူ၍မြေဖို့ခဲ့သော်လည်း ယခုနှစ်တွင် မြေတူးယာဉ်များဖြင့် လမ်းဘေးမှ မြေ များကို ကုတ်ယူတင်ဖို့နေပါသဖြင့် ယခင်လှည်းလမ်းကြောင်းများပျောက်သွားပြီး ယာခင်းများလည်ပျက်စီးကာ လူနေအိမ်များလည်း မလွတ်ကင်းပါသဖြင့် တောင်သူများ စိုးရိမ်ပူပန်းနေပါသည်။

ပေးပို့သူ>>> https://www.facebook.com/aung.zaw.980


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
သတင်း၊သုတ၊ရသများ ပေးပို့လိုပါက >>>hwhforandroid@gmail.com
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)




1 comment:

  1. သုံးရတာအဆင်ပြေပါတယ်Thank You.

    ReplyDelete