သတင်း၊သုတ၊ရသများ ပေးပို့လိုပါက >>>hwhforandroid@gmail.com
မင်္ဂလာဒုံမြို့ နယ်
သင်္ဃန်းကျွန်းကြီးစံပြကျေးရွာတွင်
ဆိုင်ကယ်များစီးနင်းခွင့်မရှိသော်လည်း စည်းကမ်းမဲ့
အပြေးမောင်းနှင် မူ့ များကြောင့်မကြာခဏဆိုင်ကယ်တိုက်ခြင်း
တိမ်းမှောက်ခြင်းများ မကြာခဏဖြစ်ပေါ်လျှက်ရှိနေပြီ့း
အကျယ်အဝန်း၎ ပေ ၅ပေခန့်သာရှိသောလမ်းအတွင်းလည်းကောင်းကဲ့
သိုအပြုအမူများကြောင့်လမ်းအသုံးပြုဈေးဝယ်သူများ
အနေဖြင့်စိတ်ဒုက္ခရောက်ရသည့့် အပြင်မီးဘေးအန္တယ်အတွက်မီးသတ်ကားများဝင်
ရောက်ရန်အချိန်ကျန်ံြ့ကာခြင်းနာရေးကားများသွား
လာရာတွင်အခက်အခဲရှိခြင်းစသည်များအား သက်ဆိုင်ရာတာဝန်ရှိသူများမှဆောင်ရွက်ပေးနိုင်ပါရန်ဖေါ်ပြအပ်ပါသည်

ပေးပို့ သူ့  ဉီးတက်တိုးအောင်
အောင်မင်္ဂလာ ၁ မင်္ဂလာဒုံ သင်္ဃန်းကျွန်းကြီးစံပြရွာ
၀၉၄၂၀၂၀၃၃၉၂

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ကြို့ပင်ကောက်မြို့မှာ
နေ့တိုင်း
လမ်းပိတ်ဆို့မှုတွေကြုံနေရပါတယ်။ဒီလိုဖြစ်နေရတာကို စည်ပင်ကလည်း
မလုပ်ပေးနိုင် အုပ်ချုပ်ရေးမှူးတွေကလည်း မလုပ်ပေးနိုင်
ရဲကလည်း မလုပ်ပေးနိုင်နဲ့ မြို့နေပြည်သူတွေမှာ
နေ့တိုင်းစိတ်ညစ်ညစ်နေရပါတယ် စည်းကမ်းမဲ့
ယာဉ်ရပ်နားခြင်းတွေကို ဒီလိုပဲလက်ပိုက်ကြည့်နေတော့မလား
စည်းကမ်းမဲ့ ယာဉ်မောင်းနှင်နေမှုတွေလည်းများလာပါပြီ
တာဝန်ရှိလူကြီးမင်းများ ဆောင်ရွက်ပေးစေလိုပါတယ်

ပေးပို့ သူ > ဖုန်း
၀၉၃၁၃၉၃၄၀၉ ၊ဘူတာရုံလမ်း၊ ကြို့ပင်ကောက်မြို့၊ ပဲခူးတိုင်းဒေသကြီး
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
တရားရေးမဏ္ဏိုင်တည့်မှတ်ဖို့ဥပဒေ၀န်ထမ်းများပြည်သူများအပေါ်စေတနာထားဆောင်ရွက်ပေးသင့်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
စစ်ကိုင်းတိုင်းဒေသကြီး
ကောလင်းမြို့နယ် တောင်ကြားကျေးရွာအုပ်စု ကြေးအင်းရွာ နေဒေါ်မိအုန်းပိုင်ရွှေထည်ပစ္စည်းအား
၂၀၁၂ ခုဒီဇင်ဘာလအတွင်းက ဥက္ကံရွာနေ
မချိုလင်း(ခ)မလင်းမှခိုးယူသည့်အမှုတစ်ခု
ဖြစ်ပွားခဲ့သည်။ယင်းကိစ္စနှင့်ပတ်သက်ပြီးတရားလိုဒေါ်မိအုန်းမှ ကောလင်းမြို့နယ်
ချောင်းနားရဲစခန်းသို့တိုင်ကြားခဲ့သဖြင့် ချောင်းနားရဲစခန်းမှဒုရဲအုပ်ဦးသောင်းမြင့်မှတဆင့်ကောလင်းမြို့နယ်ရဲစခန်းသို့လွဲ
ပြောင်းပေးခဲ့ပြီး ကောလင်းမြို့နယ်တရားရုံး
၌တရားခံမချိုလင်း(ခ)မလင်းအားအမှုဖွင့်အရေးယူခဲ့သည်။ ယင်းအမှုမှတရားခံမချို
လင်းအားဖမ်းမိရေးအတွက်တရားလိုဒေါ်မိအုန်းမှဒုရဲအုပ်ဦးသောင်းမြင့်အားလေးသိန်းကျပ်ပေးရကြောင်း၊ မြို့နယ်တရားရုံးမှရွှေ ထည်ပစ္စည်းထုပ်ယူနိုင်ရေးအတွက်ကောလင်းမြို့နယ်တရားသူကြီးသို့ငါးသောင်းကျပ်၊ ဘိလစ်စာရေးသို့နှစ်သောင်းကျပ်၊ ပစ္စည်းထည့်ဖို့သေတ္တာဝယ်ရန်ဆိုပြီး အထက်တန်းစာရေး(ခ)ရုံးအုပ်ကြီးဒေါ်ထား ထားဦးသို့နှစ်သောင်းကျပ်ပေးရကြောင်း၊တရားရုံးမှအမိန့်စာအားမိတ္တူကူးယူခွင့် လျှောက်ထားရာမိတ္တူကူးခစာတမျက်နှာလျှင်ငါးကျပ်သာသတ်မှတ်ထားသော် လည်း မိတ္တူကူးခဟုဆိုကာဒေါ်ထားထားဦးသို့သုံး ထောင်ကျပ်ပေးရကြောင်း ၊တရားလိုဒေါ်မိ
အုန်းထံမှသတင်းရရှိသည်။ ရွှေထည်ပစ္စည်းအလေးချိန်နှင့်ဖြစ်စဉ်ကိုဆက်လက်ဖေါ်ပြပေးပါမည်။

တာဝန်သိပြည်သူတစ်ဦး
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
တရားဝင်အထောက်အထားရှိနေပါလည်းအိမ်ဝန်းကာရန်အခက်ကြုံနေရတဲ့သာစည်ကကွက်သစ်မြေ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်သာစည်မြို့နယ်ဝက်တိုးကျေးရွာရွှေတောင်
ကွက်သစ်ကိုရန်ကုန်မန္တလေး(လမ်းဟောင်း)မိုင်တိုင်အမှတ်(၃၅၃/၁)နှင့်(၃၅၃/၆)အ
ကြားတည်ရှိနေပါတယ်။အိမ်ထောင်စု(၃၀)နီးပါးရှိနေပါပြီဦးထွန်းကြိုင်(၉/၀တနနိုင်-၁၃၀၆၁၄)ပိုင်ဆိုင်သောတောင်တောကွင်းအမှတ်(၁၆၅၆)ဦးပိုင်(၈၆)ဧက(၀.၁၁၀)ရှိ
ပါတယ်။သာစည်မြို့နယ်မြေစာရင်းဦးစီးဌာနမှတရားဝင်ပိုင်ဆိုင်ခွင့်(၁၀၅)နှင့်(၁၀၆)
ကိုသြဂုတ်လ၂၇-ရက်၂၀၀၅ခုနှစ်နေ့စွဲဖြင့်အထောက်အထားပေးအပ်ထားပါတယ်။
ကွက်သစ်တွင်နေထိုင်ရန်အိမ်ဆောက်စည်းကာရန်
မည်ပြုလုပ်သော်အခါ
မြို့နယ်အုပ်ချုပ်ရေးမှူးမှ စာအမှတ်-၅/၄၁-၂/ဦး၆(၁၇၆၀)ဖြင့်
တားဆီးကန့်ကွက်လာခဲ့ပါတယ်။ဆင်းရဲမှုလျော့ပါးပြေလည်စေရန်နိုင်ငံတော်

ဆောင်ရွက်ပေးနေတယ်လို့သိနေရပါတယ်စားဝတ်နေရးထဲမှနေရေးအတွက်မြေ
စာရင်းမှထုတ်ပေးထားတဲ့စာနှင့်ကွက်သစ်မှာနေချင်ပါရက်နဲ့အာဏာပိုင်တို့တား
မြစ်တယ်ဆိုတော့တောင်သူတောသားတွေမှာကြောက်စိတ်နဲ့အိုးအိမ်မဆောက်ရဲ
တဲ့အိုးမဲ့အိမ်မဲ့ဘ၀ဖြစ်နေရတယ်အိုးအိမ်ပိုင်ဆိုင်ဆောက်လုပ်နေထိုင်ချင်နေပါ
တယ်လို့ဦးထွန်းကြိုင်၏နစ်နာနေသောအဖြစ်ကိုသတင်းရရှိထားပါတယ်။
ဦးထွန်းကြိုင်-၀၉-၄၀၂၇၁၉၉၁၇
(၉/၀တနနိုင်၁၃၀၆၁၄)
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
သတင်း၊သုတ၊ရသများ
ပေးပို့လိုပါက >>>hwhforandroid@gmail.com
ပေးပို့သူများအနေနဲ့
အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ
သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန်
ရည်ရွယ်သည်)
No comments:
Post a Comment