Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 9 July 2013

ကမ္ဘာပေါ်မှာရှိတဲ့ လူသားများဟာ ဘာသာအသီး သီးက…( ကိုကျော်စိုး * ကြံခင်းမြို့)။ ရန်ကုန် ဒလ မြစ်ကူးခထက်ဈေး ကြီးတဲ့ ချောင်းကူးခ…။ ဖေါင်ကူးခ အဆမတန်တောင်း ခံနေ့  ။ဆက်သွယ်မရ ၀မ်းတွင်းမြို့လျှော်ပင်/ဇချမ်းကုန်း(တောင်)ရပ်က မြန်မာ့ဆက်သွယ်ရေး...။ ဆက်လက်ဖတ်ရူ့ရန် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”



သတင်း၊သုတ၊ရသများ ပေးပို့လိုပါက >>>hwhforandroid@gmail.com
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကမ္ဘာပေါ်မှာရှိတဲ့ လူသားများဟာ ဘာသာအသီး
သီးကို ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ကိုးကွယ်ကြ
ပါတယ်။ ကိုးကွယ်ကြတဲ့ဘာသာတွေ ဘယ်လို
ပဲ ခြားနားခြားနား တူညီတဲ့အချက်တစ်ခုက
တော့ ဘာသာတိုင်းမှာရှိဖို့ လိုအပ်ပါတယ်။
အဲဒါက ဘာလဲဆိုတော့ မေတ္တာတရားပဲ။
ဘာသာတိုင်းမှာ အ ခြေခံ မေတ္တာတရားရှိဖို့ လို
အပ်ပါတယ်။ဘာသာတိုင်းမှာ မေတ္တာတရားသာ
အ ခြေခံရှိမယ်ဆိုရင် မေတ္တာတရားရဲ့ အကျိုး
ဆက်ဖြစ်တဲ့ လူသားချင်းစာနာတဲ့စိတ်တွေ
ကြင် နာတဲ့စိတ်တွေ ရှိလာမှာဖြစ်ပါတယ်။
ဒါကြောင့် ဘာသာတိုင်းမှာ မေတ္တာတရားကို
လက်ကိုင် ထားမယ် ဘာသာတစ်ခုကို ကိုး
ကွယ်တဲ့ လူတစ်ဦးချင်းက နေ မေတ္တာတရား
ကိုကျင့်သုံးကြမယ်ဆိုရင် ဒီနေ့ဖြစ်နေတဲ့ ဘာ
သာရေးပဋိပက္ခတွေ လူမျိုးရေးပဋိပက္ခတွေ
ဖြစ်လာစရာအ ကြောင်းမရှိပါဘူး။ ကိုယ့်ဘာ
သာကမြင့်မြတ်တယ် သူ့ဘာသာကနိမ့်ကျ
တယ်လို့ ပြိုင် ဆိုင်နေစရာမလိုပါဘူး။ဘာသာ
တစ်ခု မြင့်မြတ်တယ် မမြင့်မြတ်ဘူးဆိုတာ
ကိုးကွယ်ကြတဲ့လူတွေနဲ့ပဲဆိုင် ပါတယ်။
မိမိမ ကောင်းလျှင် မိမိကိုးကွယ်တဲ့ ဘာသာကို
ပါ ထိခိုက်နိုင် တယ်ဆိုတာ သတိပြု ကြရမှာ
ဖြစ်ပါတယ်။ဘာသာတိုင်းမှာ မေတ္တာတရားကို
လက်ကိုင် ထား ကျင့်သုံး ကြရပါလိမ့်မယ်။
မေတ္တာတရားသာရှိကြမယ်ဆိုရင် ဘာသာတိုင်း
ဟာ မြင့်မြတ်တာချည်းပါပဲ။
ရေးသားသူ-ကိုကျော်စိုး * ကြံခင်းမြို့ ။
ph,09422458256
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
ရန်ကုန် ဒလ မြစ်ကူးခထက်ဈေး ကြီးတဲ့ ချောင်းကူးခ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တိုက်ကြီးမြို့ နယ် ဉက္ကံမြို့ ဂုံညင်းတန်း ချောင်းကူးတံတား မှာ ၂၀၁၁ ခုနစ် ချောင်းရေကြီး
မူ့ကြောင့် ပျက်စီး ခဲ့ တာကြောင့်  ဂုံညင်းတန်းတစ်ဖက်ကမ်းရှိ ရွာသားများအနေနဲ့
  ခုံပိုင်ရှင် တွေက နားလည်မူ့နဲ့ ဖေါင်လုပ်ပြီး
ကူးပေးတဲ့နေရာမှာ  ရန်ကုန် ၊ ဒလ မြစ်ကူးခထက်
ဈေးကပိုများနေကြောင်း ရွာသားအချို့ရဲ့ပြောပြချက်
အရသိရှိရပါတယ့့် 
့ 
        လွန်တယ်ဗျာ့ ဆိုင်ကယ်ကူးရင် ၅၀၀
လူတစ်ယောက် ၂၀၀ ရန်ကုန်၊ဒလ မြစ်ကူးခထက်ပိုများနေတယ် ဒီလောက် ကြီးကောက်ခံနေတာ ဘယ်သူမှတားမဲ့သူ
မရှိတောဘူးလားမသိဘူ့း့ 
     ဟုပြောပြ ခဲ့ပါတယ် 
ပေးပိုသူ့ သူရအောင်၊ ဂုံညင်းတန်းရွာ၊ ဉက္ကံမြို့။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
ဖေါင်ကူးခ အဆမတန်တောင်း ခံနေ့ 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တိုက်ကြီးမြို့နယ် ဉက္ကံမြို့ ဂုံညှင်းတန်းကျေးရွာချောင်း ကူး
တံတား မှာ ၂၀၁၂ ခုနှစ် ချောင်းရေတိုက်စားမူ့ ကြောင့် ပျက်စီး ခဲ့ပြီး ပြန်လည် တည်ဆောက်မူ့ များ
မပြုတော့ သည့် အတွက် ဂုံညင်းတန်းအုပ်စုပိုင်
ကျေးရွာများဖြစ်သည့်   ကျောင်းစုရွာ ကုန်းအင်းရွာ သရက်ပင်အိုင်ရွာ    ကျွဲဘုတ်အုပ်စုပိုင်ဗျိုက်စုရွာ
ရှမ်းတကူဆိပ် ရွာ  လှည်းလမ်းကူးရွာ နှင့်ကျေးရွာပေါင်း  ၁၀ ရွာခန့်   မှာသွားလာရေး အခက်အခဲများ ရှိနေရပါသည်  ဉက္ကံမြို ဈေးသို့ သွားလျှင်ငွေကုန် အချိန်ကုန်သဖြင့်  ဂုံညင်းတန်းရွာ
သကြားစက်ဈေးကလေးသို့  သွားရောက် ရာတွင်လည်း ချောင်းကူးတံတား မရှိတော့သဖြင့် 
ဖေါင်ဖြင့်ကူးရာတွင်လည်း ဖေါင်ကူးခအား အဆမတန် အခွင့်ကောင်းယူ ကောက်ခံမူမှာ ဒလ
မြစ်ကူးခထက်ပို ပြီး   ဆိုင်ကယ် ၁ စီး ၅၀၀  လူ
၁ ဉီး ၂၀၀  ကျပ်သတ်မှက်ကောက်ခံလျှက်ရှိပါ
သည်  သို့ ပါ၍ ဤအခက်အခဲများအားသတ်ဆိုင်ရာ တာဝန်ရှိသူများ မှ ဆောင်ရွက်ဖြေရှင်းပေးစေလို
ုပါသည်
ပေးပိုသူ့   ကိုအောင်သူရ
                       ဉက္ကံမြို့ ဂုံညင်းတန်းရွာ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
ဆက်သွယ်မရဖြစ်နေတဲ့ဝမ်းတွင်းမြို့လျှော်ပင်/ဇချမ်းကုန်း(တောင်)ရပ်ကမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊၀မ်းတွင်းမြို့နယ်မြို့ပေါ်(၁၀)ရပ်
ကွက်မှာဒီဂျစ်တယ်အော်တိုအိပ်ချိန်း(၂)ခုရှိနေပါတယ်။အသေးစား/အလတ်စားအိမ်တွင်းစက်မှုလုပ်ငန်း
များဖြစ်သောတစ်နိုင်ငံလုံးအမျိုးသား/သမီးဝတ်ချည်ချောလုံချည်စက်ယက္ကန်းလုပ်ငန်းဖြင့်အများအား
ဖြင့်အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။အိပ်ချိန်းနှစ်ခုခွဲရင်ဆက်သွယ်ရပိုကောင်းမယ်ဆိုလို့လျှော်ပင်
ဇချမ်းကုန်း(တောင်)မှာဒီဂျစ်တယ်အော်တိုအိပ်ချိန်းနောက်ထပ်တစ်ခုခွဲခဲ့ပါတယ်။၎င်းအိပ်ချိန်းကနေ
လျှော်ပင်ရပ်၊ဇချမ်းကုန်း(တောင်)ရပ်၊ရွာသစ်ရပ်၊တမာကုန်းရပ်။ပဲခင်းကျော်ရပ်။ဂုဏ်ကွေ့၊ရွာတန်း စတဲ့
ရပ်ကွက်တွေကို     ကိုယ်ထူကိုယ်ထစနစ်နဲ့၂၀၁၁ခုနှစ်မှာစတင်ဖွင့်လှစ်ပြီးကြိုးတယ်လီဖုန်းသုံးခဲ့ပါ
တယ်။                                 
      ဒီဂျစ်တယ်တယ်လီဖုန်းတစ်လုံးကိုခှနှစ်သိန်းကျော်မြန်မာဆက်သွယ်ရေး
လုပ်ငန်းကိုပေးသွင်းခဲ့ရပါတယ်။ ရပ်မိရပ်ဖအကျိုးဆောင်အနေနဲ့ဦးမောင်မောင်ခ(၀၉-၂၁၆၅၁၄၆)။
ဦးသောင်းအေး(၀၉-၂၁၆၅၀၅၅)တမာကုန်းရပ်။ဦးမောင်ညွှန့်-ရွာတန်းရပ်။ဦးမောင်မြင့်(၀၉-၂၁၆၅၀၆၉)
လျှော်ပင်ရပ်။ဦးနေလင်း(၀၉-၂၁၆၅၆၇၈/၀၉-၄၇၁၀၉၆၉၆)ဇချမ်းကုန်း(တောင်)။ဦးလှဘူး(၀၉-၂၂၀၀၂၃၃)
ဇချမ်းကုန်း(တောင်)တို့မှာတယ်လီဖုန်းဆက်သွယ်ရေးမကောင်းမွန်တာကြောင့်တယ်လီဖုန်းပိုင်ရှင်တွေရဲ့
ငြိုငြင်မှုတွေနေ့စဉ်ခံနေရပါတယ်။ဒီဂျစ်တယ်  တယ်လီဖုန်းဆက်သွယ်မရသလိုGSMတယ်လီဖုန်းလိုင်းက  မမိတဲ့နေရာတွေများနေပါတယ်။လူမှုရေး
ရောင်းဝယ်ေ၇းစတဲ့လုပ်ငန်းသုံးမရလေတော့ဖုန်းပိုင်ရှင်တွေမှာ ဒုက္ခတစ်ခုလိုဖြစ်နေပါတယ်။ဆက်
သွယ်မရပါဖူးလို့မြန်မာဆက်သွယ်ရေးလုပ်ငန်းဝမ်းတွင်းမြို့ကိုအကြောင်းကြားတင်ပြရတာအခါခါပါ
ရုံးချုပ်ကိုတင်ပြထားပါတယ်ပြောတာလည်းနှစ်နဲ့ချီကြာနေပါပြီအစိုးရရဲ့ဆက်သွယ်ရေးအခွန်အခနစ်နာ
နေပါတယ်။ဖုန်းဖိုးကုန်ပြီးဆက်မရတဲ့အခွန်ထမ်းပြည်သူတွေမှာလည်းနစ်နာနေရပြီးအကျိုးဆောင်လုပ်ခဲ့
မိတဲ့ရပ်မိရပ်ဖတွေလည်းရပ်ထဲရွာထဲမျက်နှာမလှနစ်နာနေရတဲ့နစ်နာမှုတွေများနေရတယ်လို့သတင်းရ
ရှိပါတယ်။အမြန်ဆုံးကူညီဆောင်ရွက်ပေးစေရန်လည်းမျှော်လင့်နေကြတယ်လို့သတင်းရရှိပါတယ်။
ပေးပို့သူ>>yethwemg5512@gmail.com
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
သတင်း၊သုတ၊ရသများ ပေးပို့လိုပါက >>>hwhforandroid@gmail.com

ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

 

No comments:

Post a Comment