မီတာတပ်ဆင်ခများကို လျပ်စစ်ဌာနမှ ကြိုတင်ငွေယူထားသည်မှာ တစ်နှစ်ခန့်ရှိပါသည်။ မီတာများကို မိတာ သေတ္တာ အခွံ များသာ တပ်ဆင်ပေးပြီး
လစဉ် မီတာ ပေးဆောင်ရာတွင် ထိုအိမ်များ ပေးဆောင်ရခြင်းမရှိပါ။ အိုင်သပြု
အုပ်စုတွင် ထို သို့ပြုလုပ် ထားသောအိမ်များ အိမ်ခြေ ၄၀ ထက်မနည်းသော
အရေအတွက် မက ရှိပါသည်။ ထိုအကြောင်းကို မြို့နယ် EpC မှသိရှိသော်လည်း
အရေးယူဆောင်ရွက်ခြင်းမရှိပါ။ သို့ပါသောကြောင့် လျပ်စစ်မီးသုံးစွဲခအတွက်
ပေးဆောင်ရသော ကျန်အိမ်များမှာ ၇၅ ကျပ် ၅၀ ကျပ်နူန်းေ ခံစားနေရပါသည် ။
အိုင်သပြုတွင် သံဂဟေလုပ်ငန်း အလုပ်ရုံ ၄ ရုံခန့် ရှိရာ ပါဝါမီတာ တပ်ဆင်ပြီး အသုံးပြုခြင်း မရှိပါ။ ထိုအတွက်ကြောင့် အိုင်သပြု ကျေးရွာတွင်
မီးအားပြည့်ဝစွာ မရရှိခြင်း လိုင်းခဏခဏ ပြတ်တောက်ခြင်း ခြင်းများကို ကျေးရွာ
နေပြည်သူများ ခံစားနေရပါသည်။
သို့ပါသောကြောင့် သက်ဆိုင်ရာ လျပ်စစ်ဌာနနှင့် တာဝန်ရှိသူများ မှ
အရေးယူ ဆောင်ရွက်ပေးပါရန် အိုင်သပြုနေ ပြည်သူ များ မှ အသိပေးအပ်ပါသည်။
တင်ပြသူ myominthein.200@gmail.com
အိုင်သပြု
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment