Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Thursday 5 December 2013
ချင်းပြည်နယ် ဟားခါးမြို့  သစ်တော ပြည်နယ်မှူး အကြောင်း တင်ပြစာ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
ကျွန်တော် ချင်းပြည်နယ် ဟားခါးမြို့ နယ်က သစ်တောဝန်ထမ်းတစ်ဦးပါ
ကျွန်တော်တို့ ပြည်နယ်မှူးဟာ ဋ္ဌာနအတွက်ဟု အကြောင်းပြကာ ၀န်ထမ်းတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်နေပါတယ်
၁။ရေခဲမတတ်အေးတဲ့ ဟားခါးလိုနေရာမျိုးမှာ မနက် ၇ နာရီ တန်းစီခိုင်းပြီး လမ်းခင်း ကျောက်ထု ခိုင်းပါတယ်
၂။ကိုယ်ရေးကိုယ်တာ ကိစ္စများအမျိုးမျိုးခိုင်း၊ ကုန်ကျစရိတ် ပြန်ပေးမယ်ပြောကာ ဘယ်တော့မှပြန်မပေးပါ
၃။ခိုင်းတာ မလုပ်လျှင် အပြောင်းအရွှေ့ လုပ်ပါတယ်ဒါလည်း သူ့ အိမ်သွားပြီး ကန်တော့လိုက်လျှင် ပျက်ပြယ်ပါတယ်
၎။ချင်း တိုင်းရင်းသားတို ရဲ့  နေ့ ထူးနေ့ မြတ် တနင်္ဂနွေ နေ့ တွင် ရုံူးတက်ခိုင်းပါတယ်
၅။သူ့ ကိုပေးသူများမှာ နေချင်သလိုနေနိုင်ပြီး မပေးနိုင်သူများမှာ နည်းမျိုးစုံဖြင့် နှိပ်စက်ခံရပါတယ်
 တရားမ၀င်သစ်ကိစ္စ များတွင် သူကိုယ်တိုင်ပါဝင်ပတ်သက်ပါသည်။ဟားခါးမြို့ ထဲ ၀င်သည့် တရားမ၀င် သစ်ကားများသည် ပြည်နယ်မှူး ပြည်နယ် အေဒီ တို့ ကို ပေးပြီးမှ ၀င်ခွင့်ရပါသည်
 ဘုံဇုံး တွင်ဖမ်းဆီးသည့် တရားမ၀င်သစ်များသည် ပြည်နယ်မှူးနှင့် ပြည်နယ်အေဒီ ကို ကြိုပွိုင့် ပေးပြီးဖြစ်သော်လည်း အခြေအနေမကောင်းသဖြင့် ဖမ်းလိုက်ပါသည်
 ပြည်နယ် အေဒီ ဆိုသူမှာလည်း ပြည်နယ်မှူးအကြိုက် ပြောဆိုမြှောက်ပင့်ပြီး ကပ်ဖားနေပါသည်
ဟိုဟာဝယ်ခိုင်း ဒီဟာဝယ်ခိုင်း ခိုင်းတတ်ပြီး ခိုင်းတာမလုပ်လျှင် ပြည်နယ်မှူးကို ချွန်ပေးပြီး ဒုက္ခ ပေးတတ်ပါသည်
ပြည်နယ် အေဒီ သည် ရုံးစာရေးမများကိုလည်း ထိကပါးရိကပါး ပြောတတ်ပါသည် ည ရုံးတက်ခိုင်းသည်
သူတို့ နှစ်ယောက်လုပ်ချင်တာလုပ်နေကြပါသည်
မြို့ နယ်များကို အကြောင်းအမျိုးမျိုးပြ ခွဲတမ်းခွဲပါသည်
မပေးနိုင်သည့်မြို့နယ်ကို ပြဿနာရှာပါသည် မြို့ နယ်တိုင်း ပြည်နယ်မှူး၏ ၀န်ထုပ်ဝန်ပိုး ထမ်းနေရပါသည်
လစဉ် တစ်မြို့နယ် ၂ယောက် ခေါ်ယူပြီး ဂျူတိချပါသည် အမှန်မှာ သူ့ အိမ်ကို လက်ဆောင် လာပေးခိုင်းခြင်းဖြစ်ပါသည်
လက်ဆောင်မပေးနိုင်သူများကို စိတ်ဒုက္ခကြီးစွာ ခံစားရအောင် ညစ်ပါသည်
မပေးနိုင်သည့်မြို့ နယ်ကို ပြဿနာရှာ ဒီအီးဖွဲ့ ။ ပြည်နယ်အေဒီကို စစ်ခိုင်းကာခွင်ရိုက်ပါတော့သည်
ပြည်နယ် အေဒီကလည်း ညစ်နည်းမျိုးစုံဖြင့် ပြည်နယ်မှူးဆီ သွား ကန်တော့ခိုင်း သူ့ အတွက်လည်းယူ ပြီးလျှင် အားလုံး အိုကေပါသည်
မပေးလျှင်တော့ မအိုကေပါ
ခုလည်း ကျွှန်တော်တို့ ဟားခါး မြို့ နယ်ကို ဒီအီး ဖွဲ့ ထားပါသည်
အမှန် စစ်သင့်သည်မှာ ပိုက်ဆံ ကြိုယူထားသူ ပြည်နယ်မှူးနှင့် ပြည်နယ် အေဒီတို့ ဖြစ်ပါသည်
ပြည်နယ်မှူးသည် သူ့ ကို ပြန်ပတ်လာမည်စိုးသဖြင့် ၀န်ထမ်းငယ်များကို အပြစ်ပုံချရန်ကြိုးစားခြင်းဖြစ်ပါသည်
တခြားမြို့ နယ်များတွင်လည်း ငွေညှစ်ရန်  ၀န်ထမ်းအချင်းချင်းဒုက္ခပေးရန်အတွက် ဒီအီး ဖွဲ့ စစ်ဖို့ ပြင်နေသည်များ ရှိကြောင်းကြားသိရပါသည်
ဒီအီး သည် ပြည်နယ်မှူးနှင့် ပြည်နယ် အေဒီ တို့ ၏ ရိုက်စား ခွင်ဖြစ်ပါသည်
ပြည်နယ်တစ်ခုလုံး အဆိုးဆုံးမှာ ပြည်နယ်မှူးဖြစ်ပါသည်
တချို့ ဝန်ထမ်းငယ်များဆိုလျှင် ပြည်နယ်မှူးနှင့် အဆင်ပြေရန်အတွက် လစာ ၂ ဆ ရသည့်ထဲမှ ၁ ဆကို ပေးထားကြသည်ဟုသိရပါသည်
ယာဉ်မောင်းများကို မေးကြည့်က သိနိုင်ပါသည်
ပြည်နယ်မှူးနှိပ်စက်တာ လွန်လွန်းသဖြင့် တင်ပြလိုက်ရပါသည်
တာဝန်ရှီသူများ ဆုံးမပေးကြပါဦး
သစ်တောဝန်ထမ်းတစ်ဦး
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment