Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 23 August 2013

ကိုယ်ချင်းလည်းစာကြပါ....။ ဂုဏ်ယူပါတယ် သမ္မတကြီး...။ By ဇာဏီထိုက်(ပညာရေး) >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

 ကိုယ်ချင်းလည်းစာကြပါ..
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဌာနဆိုင်ရာ ၀န်ထမ်းတွေဆိုတာ ဌာနရဲ့ မူတွေဘောင်တွေ စည်းကမ်းတွေကို လေးစားလိုက်နာကြရသူတွေပါ…။
ပညာရေးဌာနရဲ့ မူဘောင်တွေအရ ပညာရေးဝန်ထမ်းတစ်ဦးအနေနဲ့ အပြောင်းအရွှေ့/ရာထူးတိုး အခွင့်အလမ်း
တွေကို တင်ချင်တဲ့အချိန်တင် ပြောင်းချင်တဲ့အချိန်ပြောင်း လုပ်လို့မရပါဘူး…။ပညာရေးဌာနက သတ်မှတ်ချက်အရ
ခေါ်တဲ့အချိန်မှသာ အပြောင်းအရွှေ့/ရာထူးတိုးကို အလုအယက် ဖောင်ဝယ်ပြီး တင်ကြရတာပါဗျာ…။
အကြောင်းပြချက်အမျိုးမျိုး၊ အခက်အခဲအမျိုးမျိုး၊ အခြေအနေအမျိုးမျိုးအောက်မှာ ပညာရေးတာဝန်ကို ထမ်းဆောင်
ရင်း ပညာသင်နှစ်တစ်ခုရဲ့ အပြောင်းအရွှေ့/ရာထူးတိုး အခွင့်အလမ်းကို စောင့်မျှော်ရတာလည်း ပညာရေးဝန်ထမ်း
များရဲ့ မျှော်လင့်ချက်ရောင်စဉ်တန်းတစ်
ခုပဲပေါ့…။ ဖောင်တွေတင်ခွင့်ရလို့ တင်ပြီးသွားပြန်ရင်လည်း ဘယ်တော့များ
တို့အပြောင်းအရွှေ့/ရာထူးတိုးတွေ ကိုင်တော့မလဲရယ်လို့ ရင်တထိတ်ထိတ်နဲ့ သံစဉ်ညှိရတာလည်းအခါခါလေ…။
အော်ဒါတွေ မထွက်မချင်း ရင်မောစွာစောင့်ရတာလည်း တစ်ခါတစ်ခါ စိတ်မရှည်ချင်စရာအကောင်းသားဗျ…။
ခုလည်းကြည့်လေ….။
၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှာ အပြောင်းအရွှေ့/ရာထူးတိုးခေါ်လို့ အားရ၀မ်းသာစွာနဲ့ နေရပ်ကိုပြန်ခွင့်ရဖို့အတွက်
ဝန်ထမ်းတွေ ဖောင်တွေတင်လိုက်ရတာလေ…။ ဒီဇင်ဘာလမှာပေါ့။ ဒီထဲမှာ တာဝန်စကျကတည်းက လုပ်သက်
(၆)နှစ်ကျော်တဲ့အထိ နယ်မှာတာဝန်ထမ်းဆောင်ရင်း မိမိနေရပ်ကို ပြန်မရောက်သေးတဲ့ ကျွန်တော်လည်းအပါအ၀င်
ပေါ့…။
အပြောင်းအရွှေ့ဖောင်တင်ပြီးသွားကတည်းက ဘယ်အချိန်များ ငါတို့ဖောင်တွေကိုင်ပြီး အော်ဒါထုတ်ပေးမှာပါလိမ့်။
အော်ဒါထွက်လာရင်ရော ငါပါမှပါပါ့မလား။ ပါလာခဲ့ရင်တောင် ငါလိုချင်တဲ့နေရာကို ရပါ့မလားစတဲ့ စိုးရိမ်ပူပန်မှု
တွေ တသီကြီးနဲ့ ဌာနကို အားကိုးတကြီး၊ မျှော်လင့်တကြီး စောင့်စားခဲ့ရတာ…။ ဒီမှာဘက်က စာသင်နှစ်ကိုပြောင်း
ပြီး မူလတန်းပြ/အလယ်တန်းပြ ရာထူးတိုးတွေထွက်တော့လည်း မူလတန်းကျောင်းအုပ် အပြောင်းအရွှေ့ကပါမလာ။
သြော် ဒါပြီးရင်တော့ ငါတို့အလှည့်ရောက်မှာပါပေါ့။ နေ့စားလပေး ဆရာ/မတွေခန့်ပြန်တော့လည်း မူအုပ်
အပြောင်းအရွှေ့မပါပြန်။ နောက်တော့ မူအုပ်အပြောင်းအရွှေ့/ရာထူးတိုးအားလုံး cancel လုပ်လိုက်တယ်ဆိုပဲ။
ရှိစေတော့ ရင်ထဲကဆန္ဒတွေ မမျိုသိပ်၊ မထိန်းသိမ်းနိုင်သေးတော့လည်း ၀ဋ်ရှိသမျှတင်ရဦးမှာပေါ့…။ ဟာ ဒီတစ်ခါ
တော့ အမြန်ဆိုပဲ…။ ဖောင်တင်ဖို့တောင် (၃)ရက်ပဲအချိန်ရတာ…။ အင်း အဆင်ပြေတော့မယ်ထင်ပါ့…။
မျှော်လင့်ချက်တွေ အဆုံးစွန်းထိရောက်ပြီး စောင့်မျှော်နေရတာကိုလဲကြည့်လေ…။ ရာထူးစုံအပြောင်းအရွှေ့တွေ၊
ရာထူးတိုးတွေထွက်တာမှ တဖွတ်ဖွတ်။ အကြီးအကဲတွေလည်း ရာထူးတွေတိုးတာ တရွှတ်ရွှတ်။ မူလတန်း
ကျောင်းအုပ်ကြီးတွေမှာတော့ တစ်ခါနဲ့မရ နှစ်ခါတင်တွေတောင် ဖြစ်ကုန်ပြီ…။ ခုထိလည်း ထွက်ကိုမလာတော့ဘူး။
ကြာလာတော့လည်း အော်ဒါစောင့်ရတာ စိတ်ပျက်လာပြီ…။ တစ်နေ့ထွက်နိုးနိုးနဲ့ မျှော်လင့်ချက်တွေလည်း
ကုန်လုနီးပါးဖြစ်နေပြီ….။ အပေါ်က အကြီးအကဲတွေ ရာထူးတိုး/အပြောင်းအရွှေ့လိုချင်ကြသလို ကျွန်တော်တို့
လည်း လိုချင်ပါတယ်…။ အခုတော့ ပြောချင်ပါတယ်…။ တစ်ခုပဲလေ ကိုယ်ချင်းလည်းစာကြပါလို့…။

ဇာဏီထိုက်(ပညာရေး)
 >>>>>>>>>>>>>>>>>>>>>
 ဂုဏ်ယူပါတယ် သမ္မတကြီး...
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ယနေ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုများစွာနဲ့ ဒီမိုကရေစီကို ဖော်ဆောင်ပေးနေသော ကျွန်ုပ်တို့၏ သမ္မတကြီး
ဦးသိန်းစိန်လေ…။နိုင်ငံတကာရဲ့ ချီးမွမ်းမှုတွေနဲ့အတူ  ပြည်သူတွေရဲ့ချစ်ခင်လေးစားမှုကိုလည်း တဖြည်းဖြည်းနဲ့
ရာနှုန်းပြည့်နီးပါး ပိုင်ဆိုင်လာပါပြီ…။ ရိုးသားပြီးကြိုးစားတဲ့ တို့တိုင်းဧရာက ငပုတောရွှေမြို့တော်သားတစ်ယောက်
ဖြစ်တဲ့ ဦးသိန်းစိန်လေ…။ငပုတောမြို့နယ် ကျုံကူးဆိုတဲ့ ကျေးရွာလေးတစ်ရွာမှာ မွေးဖွားနေထိုင်ခဲ့ပြီး ယခုတော့ဖြင့်
ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ သမ္မတကြီးတောင် ဖြစ်ခဲ့ပါပြီ…။ ဦးသိန်းစိန် သမ္မတဖြစ်စက သိပ်ပြီးဂုဏ်မယူ
တတ်ခဲ့ပေမယ့် အမိမြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေစုတို့ပြောနေသလို အပြောမဟုတ်
အလုပ်နဲ့သက်သေပြလို့ မြန်မာ့ဒီမိုကရေစီကို နူးညံ့စွာ…။သိမ်မွေ့စွာ…။လိမ္မာပါးနပ်စွာ…။ အပြောင်းလဲကြီးပြောင်းလဲ
ပေးခဲ့တဲ့ သမ္မတကြီးကို အံ့သြမှုတွေနဲ့အတူ အရမ်းကို လေးစားကြည်ညိုမိပါရဲ့…။
လူသားတိုင်းလိုလားတောင့်တတဲ့ဘ၀မှာ ကျွန်တော်တို့ရဲ့သမ္မတကြီးလေ မိမိရဲ့ဆန္ဒကိုထိန်းချုပ်လို့ မြန်မာ
ပြည်သူတွေအတွက် ၊ မြန်မာနိုင်ငံအတွက် စနစ်တကျ စီမံလို့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကိုဖော်ဆောင်ပေး
နေလိုက်တာ…။ နိုင်ငံတကာကို လှည့်လည်လို့ ကမ္ဘာမှာမြန်မာဟေ့လို့ ၀င့်ကြွားနိုင်အောင် သမ္မတကြီး ရွက်ဆောင်
နေတာလေ…။
ပြည်တွင်းက မလိုသူတွေ ဘယ်လိုပင်ပြောသော်လည်း ယနေ့သမ္မတဦးသိန်းစိန်လက်ထက်မှာ ယခင်ကနဲ့
မတူအောင် တိုးတက်ပြောင်းလဲလာတာကိုတော့ ဘယ်သူမှ ငြင်းနိုင်စရာအကြောင်းမရှိပါဘူး…။ ပေါ်ပေါက်လာသမျှ
ကိစ္စရပ်တိုင်း၊ ပြသနာတိုင်း၊အခက်အခဲတိုင်းကိုလည်း သမ္မတကြီးက ညင်သာစွာ၊ သိမ်မွေ့စွာ၊ လိမ္မာပါးနပ်စွာ
ကိုင်တွယ်ဖြေရှင်းလို့လေ…။ မြန်မာတွေဂုဏ်ယူရအောင် စွမ်းဆောင်ပေးနေသော သမ္မတကြီးနဲ့အတူ တစ်မြေ
တည်းနေ၊ တစ်ရေတည်းသောက်ပြီး တစ်မြို့နယ်ထဲမှာ ဆုံစည်းခွင့်ရတာကိုတောင် ဂုဏ်ယူမဆုံးတော့ပါဘူး…။
ဇာဏီထိုက်(ပညာရေး)
09250117422
>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)
 

 

No comments:

Post a Comment