ကောလင်းမြို့နယ်
မွေးမြူရေးနှင့်ကုသရေး
ဦးစီးဌာနမှကြီှးမှူးဖွင့်လှစ်သည့် အခြေခံမွေးမြူရေးနှင့်ကုသရေးသင်တန်း(ကြက်ခြေပြာ) ဖွင့်ပွဲအခမ်းအနားကို(၂၅.၈.၂၀၁၃)ရက်နေ့ နံနက်(၉)နာရီအချိန်ကကောလင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးဇာတိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးအောင်သန်းဦး၊ တ.စ.ညပါတီမှတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးတင်မြင့်၊ မြို့န်ာအထွေထွေအုပ်ချုပ်ရေးမှူးဦးအေးလွင်၊ ရဲမှူးဦးညွန့်ဇော်၊ပြည်ခိုင်ဖြိုးမှမြို့နယ် အမှုဆောင်များဖြစ်သည့်ဦးကျော်သန်း၊ဦးခင်မောင်တိုး၊ဦးထွန်းမင်း၊ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား(၄၁)ဦးတက်ရောက်ခဲ့သည်။ အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်သန်းဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှမြို့နယ်ဦးစီးဌာနမှူး ဒေါက်တာဦးတင်ဝင်းရွှေတို့က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
ကောလင်း.....ကိုကိုထွန်း
tunminaung13@gmail.com

>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ
ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့
ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:
Post a Comment