Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 23 August 2013

တာဝန်ယူမှူညံ့ဖျင်းတဲ့ ပြည်မြို့ရဲ့ နာမည်ကြီး အဝေးပြေးကားလိုင်း ၁လိုင်းအကြောင်းတစေ့တစောင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”



၁၈.၈.၁၃ တွင်ပြည်မြို.မှ ရန်ကုန်သို. ကျွန်မတို. ၈ ယောက်အဖွဲ. လိုက်ပါ လာသော "မျိုးဆက်သစ်" အဝေးပြေးကားပေါ်၏ ကားဝမ်းဗိုက်ထဲတွင် ထည့်ထားသော ကျွန်မ၏ Luggage စစ်စိမ်းရောင်( ၃' x ၂' ခန်.) ပျောက်ဆုံးသွားပါသညိ။ Luggage ကိုသော့ခတ်ထားသော်လည်း Name Card မတပ်ထားမိပါ၊ (ကားပေါ် luggage တင်ချိန်တွင် name card တပ်ပေးရန်ပြောသော်လည်း ကားနောက်လိုက်က ကားဗိုက်ခန်းထဲတွင် luggage ၂ ခုသာရှိသောကြောင့် name card တပ်စရာမလို ဟုပြောကာ မတပ်ပေးခဲ့ပါ)
Luggage ပျောက်နေမှန်းကို ရန်ကုန်သို.ပြန်ရောက်ကာ ကျွန်မ luggage ပြန်ထုတ်ခိုင်းမှသာ ကားဗိုက်ခန်းကို ဖွင့်ကြည့်ပြီး luggage မရှိတော့မှန်းသိခဲ့ရပါသည်။
ကားနောက်လိုက်နှင့် ဒရိုင်ဘာ၏ ပြောဆိုချက်အရ ကျွန်မ၏ luggage ပျောက်ဆုံးခြင်းမှာ ဖြစ်နိုင်ချေ ၂ ခုဖြစ်နေပါသည်။
(၁) ကားဗိုက်ခန်းထဲရှိ luggage များအား ခရီးသည်များ ကားပေါ်မှ မဆင်းရသေးခင်ကပင် ကားနောက်လိုက်က လမ်းဘေး ပလက်ဖောင်းပေါ်သို. ချထားလိုက်သည့်အပြင် luggage များအနီးတွင်လည်းစောင့်မနေသောကြောင့် ... ရန်ကုန် ကားဂိတ်တွင် ဘယ်သူက ယူသွားမှန်းမသိဖြစ်နေပါသည်။
(၂) ပိုဆိုးတာကတော့ ကားနောက်လိုက်က ကျွန်မ၏ luggage ရန်ကုန်ကားဂိတ်သို. ပြန်ပါလာ၊ မလာ ပင် မသေချာတော့ခြင်းဖြစ်သည်။ ကားလမ်းခရီးစဉ်တွင် ကားဗိုက်ခန်းကို မကြာခဏ ဖွင့်ကာ လမ်းတလျှောက်ရှိ ငါးရှဉ်.ဒိုင်များမှ ငါးရှဉ်.ထည့်ထားသော ပုံးများစွာကို တင်လိုက်ချလိုက် ပြုလုပ်ခဲ့ပါသည်။ ဆို.ပြင် လမ်းတလျှောက် ကြားကားဆွဲကာ ခရီးသည်နှင့် ကုန်ပစ္စည်းများလည်း မကြာခဏ အတင်အချ ပြုလုပ်ခဲ့ပါသည်။ သို.သော် ကားဗိုက်အတွင်းရှိ ပစ္စည်းစာရင်းကို စနစ်တကျ ပြုလုပ်ထားခြင်းမရှိခဲ့သဖြင့် ကျွန်မ luggage ကို ဘယ်နေရာမှာ မှားချခဲ့မိမှန်းမသိ ဖြစ်နေပါသည်။
ကျွန်မ လည်း ညတွင်းခြင်းပင် သက်ဆိုင်ရာ ကားဂိတ်ရုံးသို. အကြောင်းကြားကာ တာဝန်ယူဖြေရှင်းပေးရန်၊ luggage အားပြန်ရှာပေးရန် တိုင်ကြားခဲ့ပါသည်။ သက်ဆိုင်ရာမှ ရှာဖွေပေးနေသည်ဟု ဆိုသော်လည်း အခု ၂ ရက်ရှိတာတောင် ရှာတွေ.သေးပါ။ Luggage ထဲတွင် ကျွန်မ၏ အ၀တ်အစား၊ အသုံးအဆောင် အများအပြားအပြင် အလုပ်နှင့် သက်ဆိုင်သော စာရွက်စာတန်းများ ပါသည့် File အကြီး တစ်ခုနှင့် ကျွန်မ၏ အရေးကြီး Data များပါဝင်သော laptop အသေးတစ်လုံးပါ ပါသွားပါသည်။
(File နှင့် Laptop အား အပေါ်မှာ ယူထားလျှင် ကျပျောက်မှာ ပြုတ်ကျမှာ စိုးရိမ်သဖြင့် luggage ထဲ အသေအချာ ထည့်ကာ သော့ခတ်ထားမိပါသည်။ အရင်က မကြာခဏ ခရီးဝေးအဝေးပြေး ကားဖြင့် သွားလျှင် ဒီလိုဘဲ ယူနေကျဖြစ်ကာ ပြသနာ တစ်စုံတစ်ရာမဖြစ်ခဲ့ သဖြင့် အဆင့်မြင့် အဝေးပြေးကားများ၏ Facilities ကို ယုံကြည်မိသော ကျွန်မ၏အမှား ဖြစ်သည်) အခုတော့ ကျွန်မမှာ အလွန်ပင် စိတ်ပူပန်သောက ရောက်နေရပါပြီ။ ကျွန်မ၏ ပစ္စည်းများလည်း အမြန်ဆုံးပြန်ရှာတွေ.စေချင်လှပါသည်။
ဒီပြသနာတွင် ယာဉ်နောက်လိုက်တွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ ဒီယာဥိလိုင်း ၏ အကြီးအကဲများတွင်ပါ တာဝန်ရှိသည်ဖြစ်သည်။ ဒီ ခရီးသည်လုပ်ငန်းများ လုပ်ဆောင်ရာတွင် ခရီးသည်များအစစအရာရာ အဆင်ပြေစေရန် Facilities များပေးနိုင်အောင်ဆောင်ရွက်သင့်သည်။ အထူး အသိပေးလိုတာက
“ကားဗိုက်ထဲမှာ luggage ထည့်လျှင် ကိုယ့်မျက်စိရှေ.မှာတင် Name card ချက်ချင်းတပ်ခိုင်းပါ
လမ်းခရီးစဉ်အတွင်း ကားဗိုက်ဖွင့်ပြီး ပစ္စည်းအတင်အချပြုတိုင်း ကိုယ့် luggage ကျန်ခဲ့၊ မကျန်ခဲ့ Check လုပ်ပါ
အဆင့်မြင့် ကားများ၏ Facilities ကိုယုံကြည်ကာ luggage အတွင်း အရေးကြီးပစ္စည်းများ မထည့်ပါနှင့်
ကိုယ်သွားလိုရာ ကားဂိတ်သို.ရောက်သည်နှင့်တပြိုင်နက် ... အလျင်အမြန်ခုန်ပေါက်ပြေးလွှားဆင်းကာ ... ကားနောက်လိုက်က လမ်းဘေးမှာ ပစ်ချပေးထားမည့် luggage ကိုအမြန်သွားယူပါ .. မည်သို.ပင် သင့်ပစ္စည်းဟုဆိုသော်လည်း ဦးရာလူက တွေ.ရာအထုပ်ဆွဲယူသွားခြင်းအား ... ကားဗိုက်ပစ္စည်းတာဝန်ခံ ကားနောက်လိုက်က တာဝန်ယူထိန်းသိမ်းပေးမည်မဟုတ်ပါ ...”

ကျွန်မ ဒီ Notes ရေးသားရာတွင် တစ်စုံတစ်ယောက်အား ကြီးမားစွာထိခိုက်စေလိုသော ဆန္ဒမရှိပါ၊ ထိခိုက်မိခဲ့ပါကလည်း ကျွန်မတောင်းပန်ပါတယ်။ ဒီစာလေးမှ တဆင့် ကျွန်မ၏ ပျောက်ဆုံးသွားသော ပစ္စည်းများ ရှာဖွေရာတွင် လမ်းစရရန်၊ ကျွန်မကဲ့သို. ခရီးသွားများ စိတ်ဒုက္ခ မရောက်ကျစေရန်၊ ခရီးသည်တင် အဆင့်မြင့် အဝေးပြေးကားများ၏ facilities များပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ကာ ရေးသားခြင်းသာဖြစ်ပါသည်။

ကျွန်မ၏ luggage နှင့် ပတ်သတ်ပြီး သတင်းတစ်စုံတစ်ရာ ရရှိခဲ့ပါက ကျွန်မထံသို.ဖြစ်စေ၊ ကားဂိတ်သို.ဖြစိစေ အမြန်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ တွေ.ရှိပါက ကျေးဇူးဆပ်ပါမည်။

Dr. Myat Sandi Min - 09 43050816

"မျိုးဆက်သစ်" အဆင့်မြင့်ခရီးသည်ပို.ဆောင်ရေး - ၀၉ ၄၂၈၂၀၇၀၄၂ ၊ ၀၉ ၈၆၁၈၂၀၁၊ ၀၉ ၄၂၃၇၂၁၅၃၅
>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)



No comments:

Post a Comment