Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 27 August 2013

သုတ၊ ရသ By Eagle Breeze

မင်္ဂလာ မနက်​ခင်းပါ။
မနက်​က ဒသမတန်း စကား​ပြေစာအုပ်​ကိုသင်​​တော့ ရာဇဝင်​ထဲက ရာဇာဓိရာဇ်​နဲ့ ဗျည်းနွဲ့တို့ ​မြောင်းမြစစ်​တလင်းမှာ ဆင်​စီးချင်းထိုးတဲ့အ​ကြောင်း​ တပည့်​​တွေကိုသင်​ရင်းနဲ့ သူရဲ​ကောင်း​တွေရဲ့စရိုက်​​တွေကို စဉ်းစားမိတယ်​။
စီးချင်းနှစ်​ကြိမ်​ထိုးကြရာမှာ ပထမအကြိမ်​က ဗျည်းနွဲ့ရဲ့တိုက်​ပွဲနည်း​ဗျူဟာ​ကြောင့််​ ရာဇာဓိရာဇ်​ အ​ရေးနိမ့်​ပါတယ်​။ ဓားထုတ်​​ပေမယ့်​ဓားမကျွတ်​လို့ ချွန်းသီးနဲ့ရိုက်​လို့ ရာဇာဓိရာဇ်​ နဖူးကွဲပါတယ်​။
ဒုတိယအကြိမ်​မှာ​တော့ ဆင်​ချင်းမမျှလို့ ဗျည်းနွဲ့ရှုံးပြီး လက်​ရအဖမ်းခံခဲ့ရတယ်​။ သုံ့ပန်းအဖြစ်​ ​ခေါ်သွားခံရပြီးတဲ့​နောက်​ ​တွေ့ရတဲ့ ဗျည်းနွဲ့ရဲ့ သူရဲ​ကောင်းစရိုက်​နှစ်​ခုကို ​ပြောပြချင်​ပါတယ်​။
မြို့စားတစ်​​ယောက်​ရဲ့ကျွန်​အဆင့်​သာရှိတဲ့ ဗျည်းနွဲ့က ဘုရင်​ရာဇာဓိရာဇ်​ကို ပြန်​​ပြောတာပါ။ ​သူတပါးရဲ့လက်​​အောက်​မှာ ရှုံးနိမ့်​သူတစ်​​ယောက်​အဖြစ်​ အ​စော်​ကားခံဘဝနဲ့ အကြိမ်​ကြိမ်​​သေရတာထက်​ ဘဝမှာ သူတစ်​ခါပဲ​သေလိုပါတယ်​တဲ့။
ရာဇာဓိရာဇ်​က​တော့ ​ကြေးမုံမှန်​မှာ သူ့နဖူးက အမာရွတ်​ကိုမြင်​တိုင်း ရှက်​ရွံ့စိတ်​နဲ့ အကြိမ်​ကြိမ်​​သေရမှာတဲ့။
ရှင်​သန်​မှုထက်​ ဂုဏ်​သိက္ခာကို ​ရွေးချယ်​သူပါ။ ကျွန်​​တော်​တို့​ရော ဘဝမှာ ဘယ်​နှစ်​ကြိမ်​​သေပြီးကြပြီလဲ။ သိက္ခာတရားကို ဘယ်​လိုအရာ​တွေနဲ့ အကြိမ်​ကြိမ်​လဲပြီးပြီလဲ။
နောက်​စရိုက်​တစ်​ခုက​တော့ ရာဇာဓိရာဇ်​က သူ​ရဲ​ကောင်းမို့ ထားချင်​​ပေမယ့်​လည်း ​သေဖို့ကိုသာ​တောင်းဆိုသွားတဲ့ ဗျည်းနွဲ့ရဲ့ အရှင်​နှစ်​ပါး မခစားချင်​တဲ့စရိုက်​ပါ။ 
အ​ရောင်​အမျိုးမျိုး​ပြောင်းတတ်​သူ၊ ဘက်​နှစ်​ဘက်​ခွထိုင်​သူ​​၊ သာရာကူးတတ်​သူ​တွေ​တွေ့တိုင်း ဗျည်းနွဲ့ကို ​လေးစား​နေရ​တော့မှာပါ။
Eagle Breeze
၂၇၊ ၈၊ ၂၀၁၃

Facebook >>> အမှတ်​တရ မိုင်​တိုင်​များ
 

No comments:

Post a Comment