မင်္ဂလာ မနက်ခင်းပါ။
စာမေးပွဲမှာ အဆင့်ကျတော့ တပည့်တွေက ငိုချင်ကြတယ်။ စိတ်ပျက်လက်ပျက်ဖြစ်ကြတယ်။ သူတို့တတွေ အရှုံးပေါ်မှာ ခံစားချက်ရှိတာ အလေးအနက်ထားတာတော့ ကောင်းပါတယ်။ ရေးဖူးတဲ့ ကဗျာတစ်ပိုဒ်ကို သတိရတယ်။
" နှလုံးသားအတည့်ကို
ဘဝအရွဲ့နဲ့ဖုံး
အရှုံးတွေက မဆုံးနိုင်ဘူး....." တဲ့။
ဘဝမှာရှုံးနိမ့် ဖူးပါသလား....
ရှုံးနိမ့်ခြင်းရဲ့ အရသာကိုရော ကျကျနနခံစားဖူးပါသလား။ မရှုံးဖူးတဲ့ လူရော ရှိပါ့မလား။
တကယ်တော့ ရှုံးနိမ့်ခြင်းဟာ ဘယ်လိုမှ ချိုမြိန်တဲ့ နှစ်သက်ဖွယ်အရာတစ်ခုမဟုတ်ပါ။ အောင်ပွဲကိုလက်လွှတ်လိုက်ရလို့ နှမျောတသခြင်း၊ ဝမ်းနည်းကြေကွဲခြင်း......။
ရှုံးနိမ့်ရတဲ့အတွက် အခံရခက်ခြင်း၊ ရှက်ရွံ့ခြင်းကနေ သိမ်ငယ်ခြင်းတွေအထိ.....။
တကယ်ဆို ကလေးဘဝကို ပြန်အမှတ်ရစရာကောင်းလှပါတယ်။
တစ်ခါလဲကျရုံနဲ့သာ လက်လျော့ခဲ့ရင် ကျွန်တော်တို့
လမ်းတောင်လျောက်တတ်ကြမယ် မဟုတ်ပါဘူး။ ကလေးဘဝထဲကရှိတဲ့
လူသားရဲ့မွေးရာပါရုန်းကန်စိတ်ကို ကြီးကာမှ ကျွန်တော်တို့ မေ့ဖျောက်ပစ်ကြပြီလား။
" အရှုံးမပေးသ၍ ဘယ်တော့မှမရှုံးပါ.."
ကျွန်တော်ကတော့ ဒီလိုပဲ ခံယူထားပါတယ်။
Eagle Breeze
၂၉၊ ၈၊ ၂၀၁၃
စာမေးပွဲမှာ အဆင့်ကျတော့ တပည့်တွေက ငိုချင်ကြတယ်။ စိတ်ပျက်လက်ပျက်ဖြစ်ကြတယ်
" နှလုံးသားအတည့်ကို
ဘဝအရွဲ့နဲ့ဖုံး
အရှုံးတွေက မဆုံးနိုင်ဘူး....." တဲ့။
ဘဝမှာရှုံးနိမ့် ဖူးပါသလား....
ရှုံးနိမ့်ခြင်းရဲ့ အရသာကိုရော ကျကျနနခံစားဖူးပါသလား။ မရှုံးဖူးတဲ့ လူရော ရှိပါ့မလား။
တကယ်တော့ ရှုံးနိမ့်ခြင်းဟာ ဘယ်လိုမှ ချိုမြိန်တဲ့ နှစ်သက်ဖွယ်အရာတစ်ခုမဟုတ်
ရှုံးနိမ့်ရတဲ့အတွက် အခံရခက်ခြင်း၊ ရှက်ရွံ့ခြင်းကနေ သိမ်ငယ်ခြင်းတွေအထိ.....။
တကယ်ဆို ကလေးဘဝကို ပြန်အမှတ်ရစရာကောင်းလှပါတယ်
" အရှုံးမပေးသ၍ ဘယ်တော့မှမရှုံးပါ.."
ကျွန်တော်ကတော့ ဒီလိုပဲ ခံယူထားပါတယ်။
Eagle Breeze
၂၉၊ ၈၊ ၂၀၁၃
No comments:
Post a Comment