Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 29 August 2013

င​တေမာများ >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ယ​နေ့​ခေတ်​သည်​ ဒီမိုက​ရေစီ​လမ်းမ​ပေါ်သို့ ​ခြေချမိပြီး စတင်​​လျှောက်​​လှမ်း​နေပြီဟု ဆိုနိုင်​​ပေသည်​​။ နိုင်​ငံ​တော်​သမ္မတကြီးဦး​ဆောင်​​သော အစိုးရအဖွဲ့ကြီးသည်​ နိုင်​ငံ​တော်​နှင့်​ပြည်​သူလူထု၏ အကျိုးအတွက်​ အားသွန်​ခွန်​စိုက်​ မ​နေမနား ကြိုးစား​နေသည်​မှာ အားတက်​ဖွယ်​ အတုယူစရာပင်​ဖြစ်​​လေသည်​။ ဒီမိုက​ရေစီရရှိခြင်း၏ အကျိုးအ​နေဖြင့်​ နိုင်​ငံ​ရေး၊ လူမှု​ရေးအဖွဲ့အစည်း ပါတီများသည်​ မိုးဦးကျတွင်​ ​ပျော်​ရွှင်​စွာ ​အော်​ကြဟစ်​ကြ​သော ​ဖားများကဲ့သို့ မြောက်​များစွာ ​ပေါ်ထွက်​လာ​လေသည်​။
ထိုအဖွဲ့အစည်းများ၏ ​ကြိုးစား​ဆောင်​ရွက်​မှုများ​ကြောင့်​ ပြည်​သူလူထု၏ နစ်​နာမှုများ၊ လိုအပ်​ချက်​များ၊ မ​ပြေလည်​မှုများ ကုစား​ဖြေရှင်းနိုင်​ခဲ့သည်​များကို လက်​ညှိုးထိုးမလွဲ ​တွေ့မြင်​ရ၍ ၀မ်းသာပီတိဖြစ်​မိပါသည်​။ ဒီမိုက​ရေစီ၏ အနှစ်​သာရဟုဆိုပါကလည်း ဆိုနိုင်​ပါသည်​။
သို့​သော်​ ထိုအဖွဲ့အစည်းများအတွင်း အချို့​သော ပုဂ္ဂိုလ်​များသည်​ ပြည်​သူ့အကျိုး၊ နိုင်​ငံအကျိုးဟု အသံ​ကောင်းဟစ်​၍ င​တေမာဇာတ်​လမ်းများ ခင်း​နေသည်​ကို ၀မ်းနည်းဖွယ်​ ​တွေ့မြင်​ကြားသိ​ ​နေရပါသည်​။
ယင်းင​တေမာများသည်​ ပြည်​သူ့အကျိုး​ခေါင်းစဉ်​တပ်​ နိဒါန်းပျိုးပြီး စာကိုယ်​တွင်​မ​တော့ ကိုယ်​ကျိုးရှာ​သော စာသားများအား စီကာပတ်​ကုံး ​ရေးဖွဲ့သီကုံးကြ​လေသည်​။ ဤအချင်းအရာ​ကြောင့်​ နိဂုံးသို့ အဆုံးမတ်​သတ်​နိုင်​ဘဲ စာကိုယ်​တွင်​သာ ​ဝေ့လည်​​ကြောင်​ပတ်​ စွတ်​​ရေး​နေ​လေသည်​။
အနှီင​တေမာများသည်​ နိုင်​ငံ​ရေး ​ရေစီး​ကြောင်းကြီး​ပေါ်တွင်​​ ​ရော​တိ​ရောရာ တို့လည်းပါ ​ဆောင်​ပုဒ်​ လက်​ကိုင်​တုတ်​သဖွယ်​ ကိုင်​စွဲကာ ဟိုကမ်းသာလျှင်​ ​ပြေးကပ်​လိုက်​၊ ဒီကမ်းသာ​ပြေးကပ်​လိုက်​ဖြင့်​ သာကူး သာကပ်​ဘ၀ဖြင့်​ ​​ရေစုန်​​မျောလိုက်​ပါ​နေ​လေသည်​။
ယင်းသာကူး သာကပ်​များအား ကူညီ​ထောက်​ပံ့ပြီး ​ချွေးသိပ်​ အ​မော​ဖြေ​ပေး​နေ​ပြီး နောက်​တိုးတရားခံအဖြစ်​ ထည့်​သွင်းသင့်​သည့်​ ပုဂ္ဂိုလ်​အချို့သည်​ကား ​ရှေး​ဟောင်းအ​မွေအနှစ်​ အလွန်​ချစ်​တဲ့ အကျင့်​ပျက်​ခြစား ဌာနဆိုင်​ရာဝန်​ထမ်းများပင်​ဖြစ်​​လေသည်​။
၎င်းတို့အနက်​ ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်​မြို့ရှိ ဖြစ်​ရပ်​​လေး တစ်​ခုကို တင်​ပြလိုပါသည်​။ တိတိကျကျဆိုရပါက ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်​မြို့နယ်​၊ ရွာ​ဟောင်းကြီး​ကျေးရွာအုပ်​စု၊ ရွာ​ဟောင်းကြီး ​ကျေးရွာတွင်​ ဖြစ်​ပျက်​ခဲ့​သော င​တေမာ တစ်​ဦး၏  ​ကောင်းမှုတစ်​ခုဖြစ်​ပါသည်​။
ယင်းင​တေမာမှာ ပုသိမ်​မြို့၊ ​ရွှေဝတ်​မှုန်​ရပ်​ကွက်​ ငုဝါ ၁ လမ်း၊  အမှတ်​ F/၁၁၆ တွင်​ ​နေထိုင်​​သော (အမည်​​တော့မ​ဖော်​ပြလိုပါ) ဦးခင်​​မောင်​တင့်​ (ဘ)ဦးဘို​မောင်​၊ ၁၂/အစန(နိုင်​)၁၃၅၁၀၈ ဆိုသူပင်​ ဖြစ်​​လေသည်​။ (အမည်​မ​ဖော်​ဘူး​နော်​)
ယင်းင​တေမာ၏ ​ကောင်းမှု​တော်​မှာ ​အောက်​ပါအတိုင်းဖြစ်​​ပေသည်​။
ပုသိမ်​မြို့နယ်​၊ ရွာ​ဟောင်းကြီး​ကျေးရွာအုပ်​စု၊ အကွက်​အမှတ်​ ၅၉၈ B၊ ဦးပိုင်​အမှတ်​ N/၈၊ ဧရိယာ(၉.၄၀)ဧက၊ ဦးပိုင်​အမှတ်​ N/၁၁၊ ဧရိယာ(၉.၀၀)ဧက၊ စုစု​ပေါင်း(၁၈.၄၀)ဧကရှိ ဥယျာဉ်​ခြံ​မြေကို လွန်​ခဲ့​သော နှစ်​​ပေါင်း(၂၀)ခန့်​ ကတည်းက ဦးငမိုးနှင့်​ ​ဒေါ်ညှက်​​ရွှေဆိုသည့်​ ​တောင်​သူလယ်​သမားလင်​မယား မိသားစုတို့မှ ဓားမဦးချလုပ်​ကိုင်​စား​သောက်​ခဲ့ပြီး သီးစားအမည်​​ပေါက်​ လုပ်​ကိုင်​လာခဲ့​လေသည်​။ ​နောက်​ ​ယောက်ျားဖြစ်​သူ ဦးငမိုး ကွယ်​လွန်​သွားပြီး မုဆိုးမဖြစ်​သူ ​ဒေါ်ညှက်​​ရွှေမှ ဆက်​လက်​လုပ်​ကိုင်​ လာခဲ့သည်​။
၎င်း​နောက်​ ၂၀၀၈ ခုနှစ်​တွင်​ ​ခေတ်​သစ်​ပြည်​သူ့ပါတီမှ င​တေမာ ဦးခင်​​မောင်​တင့်​မှ ​ဒေါ်ညှက်​​ရွှေ လုပ်​ကိုင်​လျှက်​ရှိသည့်​ ယင်းဥယျာဉ်​ခြံ​မြေအား ၎င်း၏အမည်​​ပေါက်​ ​မြေစာရင်း​မြေပုံ ၁၀၅ ထွက်​ရှိပိုင်​ဆိုင်​သည်​ဆိုပြီး ​ခေတ်​သစ်​ပြည်​သူ့ပါတီ ရံပုံ​ငွေစိုက်​ခင်းဟု ဆိုင်းဘုတ်​​ထောင်​၍ ၀င်​​ရောက်​လုပ်​ကိုင်​​လေသည်
ဥယျာဉ်​ခြံ​မြေ​ပေါ်တွင်​ လက်​ရှိလက်​ငုတ်​ လုပ်​ကိုင်​လျှက်​ရှိ​သော ​ဒေါ်ညှက်​​ရွှေအမည်​ရှိ လယ်​သူမကြီး ရှိ​နေပါလျှက်​ ယင်း​မြေစာရင်းပုံစံ ၁၀၅ မှာ မည်​သို့ထွက်​ရှိလာသည်​မှာ ယခင်​ ဌာနဆိုင်​ရာဝန်​ထမ်းများ၏ ဘုန်းတန်​ခိုးအာနု​ဘော်​ ​ကြောင့်​သာဖြစ်​မည်​ဟု မရဲတရဲ ခန့်​မှန်းရ​လေသည်​။
ထိုဌာနဆိုင်​ရာဝန်​ထမ်းများနှင့်​ င​တေမာတို့၏ ဘုန်းတန်​ခိုး​ပေါင်းစပ်​မိ​သောအခါ ကံနိမ့်​၍ မ​ကောင်းဆိုးဝါးများအားမျက်​မြင် ​​တွေ့ရသလို ဖြစ်​ခဲ့ရသူမှာ ကံနိမ့်​သူ မုဆိုးမကြီး ​ဒေါ်ညှက်​​ရွှေပင်​ဖြစ်​​လေသည်​။ အသက်​ ၆၀ ​ကျော်​ ​ရိုးအ​သော ​အနှီကံနိမ့်​မကြီး ဒေါ်ညှက်​​ရွှေသည်​ ဘုန်းတန်​ခိုး ​တောက်​ပ​နေ​သော ယင်းင​တေမာများနှင့်​ ​တွေ့ရပြီး အလူးလူး အလှိမ့်​လှိမ့်​ဖြင့်​ ဘ၀တွင်​ မကြုံဘူး​သော ဗဟုသုတများအား မချိမဆန့်​ ဆည်းပူးခွင့်​ရ​လေသည်​။
ထိုသို့ ဖြင့်​ ငတေမာဦးခင်​​မောင်​တင့်​သည်​ ကံနိမ့်​မကြီး ​ဒေါ်ညှက်​​ရွှေအား ပထမဆုံးဗဟုသုတအဖြစ်​ ၎င်းအမည်​​ပေါက်​ပိုင်​ဆိုင်​​သော ဥယျာဉ်​ခြံ​မြေ​ပေါ်တွင်​ ၀င်​​ရောက်​လုပ်​ကိုင်​စိုက်​ပျိုး ​နေပြီး နှင်​​သော်​လည်းမရသဖြင့်​ဟု အဆိုပြုကာ ပုသိမ်​မြို့နယ်​တရားရုံးတွင်​ ပိုင်​နက်​ကျူးလွန်​မှု၊ အကျိုးဖျက်​ဆီးမှု၊ အသ​ရေဖျက်​မှုများဖြင့်​ တရားစွဲကာ စတင်​မိတ်​ဆက်​​ပေး​လေသည်​။
ထိုအချိန်​တွင်​ ရိုးအ​သော ကံနိမ့်​မကြီး​ဒေါ်ညှက်​​ရွှေအ​ပေါ် မတရားမှုအား ကြည့်​မ​နေနိုင်​သူ၊ ပြည်​သူတို့၏ အကျိုး​ဆောင်​အမည်​ခံ မ​ကောင်းဆိုးဝါး င​တေမာများအား အပြတ်​လှဲသိပ်​ နှိပ်​ကွပ်​လိုသူ အထက်​လမ်းဂိုဏ်းဆရာများမှ ၀ိုင်းဝန်းကူညီ​ပေးကြ​လေသည်​။
ထို ဂိုဏ်းဆရာများသည်​ တိုင်း​ဒေသကြီးအစိုးရအဖွဲ့နှင့် အခြား​သော ဌာနဆိုင်​ရာ အဖွဲ့အစည်းများ၊ အုပ်​ချုပ်​​ရေးအဖွဲ့၊ လူမှုအဖွဲ့အစည်းများအား ​ဒေါ်ညှက်​​ရွှေဘက်​မှ ဆတ်​ဆတ်​ခါနာကျင်​ပြီး တိုင်​ကြတန်းကြ​လေသည်​။ တစ်​နည်းဆို​သော်​ မ​ကောင်းဆိုးဝါးများအားနှင်​ထုတ်​ရာတွင်​ သံပုံးကူညီတီး​ပေးသကဲ့သို့ အားကြိုးမာန်​တက်​ ဆူညံပွက်​​လောရိုက်​​အောင်​ တီးကြ​လေသည်​။ ထိုသို့ပွက်​​လောရိုက်​သဖြင့်​ ဧရာတိုင်းက ဘဘ ၀န်​ကြီးချုပ်​နှင့်​တကွ ဘဘ ၀န်​မင်းများ နားဆူ၍ မ​နေနိုင်​ကြသဖြင့်​ ဘယ်​သူ​တွေတုန်း ဒီ​လောက်​ဆူ​နေကြတာဟု မျက်​​မှောင်​ကျုတ်​၍ ကြည့်​ရာတွင်​ ဒ​ရော​သောပါး​ပြေးလွှား​နေ​သော မ​ကောင်းဆိုးဝါးင​တေမာများနှင့်​ အ​နောက်​မှ ညာသံ​ပေးသံပုံးအဆက်​မပြတ်​​ခေါက်​​နေ​သော ကံနိမ့်​မကြီးနှင့်​ ၎င်းအားကူညီကြ​သော အထက်​လမ်းဆရာများ၏ အဖြစ်​ကို စိတ်​မ​ကောင်းစွာ ​တွေ့မြင်​ရ​လေသည်​။
ထို့​ကြောင့်​ ကဲလာကြစမ်း၊ ဟု မ​ကောင်းဆိုးဝါးများနှင့်​ ကံနိမ့်​မ၊ အထက်​လမ်းဆရာများအား ​ခေါ်ယူစစ်​​ဆေး၍ ​ဆေးတစ်​ဖုံ​ပေး​လေသည်​။ ယင်း​ဆေးမေ​ပးခင်​ စစ်​​ဆေး​နေချိန်​၌ ပထမဆုံးဗဟုသုတဖြစ်​​သော တရားရုံးမှ ပိုင်​နက်​ကျူးလွန်​မှုသည်​လည်း ဗဟုသုတအပြည့်​အ၀ ရရှိပြီးဖြစ်​၍ ရုံး​တော်​ မှ ​ဒေါ်ညှက်​​ရွှေအား အမှုမှ အပြီးအပြတ်​ တရား​သေ လွှတ်​လိုက်​​လေသည်​။ ထို့​ကြောင့်​ ​ဒေါ်ညှက်​​ရွှေအ​နေဖြင့်​ အနည်းငယ်​မျှ ကံမြင့်​သလို ဖြစ်​ပြီဟု ထင်​မိ​လေသည်​။
ဝန်​ကြီးချုပ်​ဘဘတို့မှ ​ပေးလိုက်​​သော​ဆေးအား ​သောက်​ပြီးသည့်​အခါ ​ဒေါ်ညှက်​​ရွှေအား ​၀င်​​ရောက်​​နှောက်​ယှက်​​နေ​သော မ​ကောင်းဆိုး​ဝါး င​တေမာများ အနည်းငယ်​မျှ တန့်​သွားပြီး ထပ်​မံ၍ ပူးကပ်​ရန်​ ဉာဏ်​နီနက်​ပြာစိမ်း​စိမ်းဝါ​တွေ ထုတ်​​လေသည်​။
ဝန်​ကြီးချုပ်​ဘဘများ​ပေးလိုက်​​သော​ဆေးတစ်​ဖုံဟူသည်​ကား ​ဒေါ်ညှက်​​ရွှေ လုပ်​ကိုင်​ခဲ့​သော ဥယျာဉ်​ခြံ​မြေနှင့်​ အနှီင​တေမာ ပိုင်​ဆိုင်​​သည်​အဆိုရှိ​သော ​မြေတို့အား ကွင်းဆင်းတိုင်းတာပြီး ပိုင်​ဆိုင်​မှုခွဲခြားကာ နှစ်​ဦးလုံးမှ တရားဝင်​ ​မြေယာလုပ်​ကိုင်​ခွင့်​ အသစ်​​လျှောက်​ထားရန်​ ဟု အမည်​ရ​သော​ဆေးပင်​ဖြစ်​​လေသည်
ယင်း​ဆေးအား အာနိသင်​ မပြနိုင်​​စေရန်​ မီး​နေသည်​ထမီဖြင့်​ဝင်​အုပ်​သူမှာ ​မြေစာရင်းမှ င​တေမာများဖြစ်​​လေသည်​။ တိုင်း​ဒေသကြီး​မြေယာစီမံခန့်​ခွဲမှုအဖွဲ့မှ အစည်းအ​ဝေးအမှတ်​စဉ်​ ၁၈/၂၀၁၂ မှ ဆုံးဖြတ်​ချက်​ ၉၅ ဖြင့်​ ဆုံးဖြတ်​​​ဖော်​စပ်​​ပေးခဲ့​သော အနှီ​ဆေး​တော်​ကြီးအား အာနိသင်​ထက်​မြက်​​စေရန်​ တိုင်း​ဒေသကြီးအဆင့်​၏ လက်​အောက်​ခံ မြို့နယ်​ အဆင့်​မှ ​ချော​မွေ့စွာ အ​ကောင်​အထည်​ ​ဖော်​​ပေးခြင်း မရှိဘဲ ၆/၇ လခန့်​ကြာသည်​အထိ တုပ်​တုပ်​မလှုပ်​ တိမ်​မြုပ်​​အောင်​ ထမီဖြင့်​ဝိုင်းအုပ်​ကြ​လေသည်
ထိုသို့ ထမီဖြင့်​အုပ်​ခံ​နေရချိန်​တွင်​ ယင်းင​တေမာသည်​ ​ခေတ်​သစ်​ပြည်​သူ့ပါတီမှ အနား​ပေးခံရပြီး NLD ခွဲထွက်​အဖွဲ့ NDN အား သာမည်​အထင်​ဖြင့်​ ​ပြေး၍ပူးကပ်​ပြန်​​လေသည်​။ ယင်း NDN အဖွဲ့အား ၎င်းပြုစားဖမ်းစားခဲ့​သော ရွာ​ဟောင်းကြီး​ကျေးရွာသို့ ယခင်​ ၎င်း၏ ​ခေတ်​သစ်​ပြည်​သူ့ပါတီဝင်​များအား NDN အတွက်​အင်​အားများအဖြစ်​​ပြောင်းလဲ​​ပေးမည်​ဟု မက်​လုံး​ပေး ကာ စည်းရုံး၍ ဉာဏ်​နီနက်​များ ထုတ်​​နေပြန်​​လေသည်​။ ၎င်း​နောက်​ ရွာ​ဟောင်းကြီး​ကျေးရွာသို့ အထက်​ပါ ပြည်​သူ့အကျိုး​ဆောင်​ NDN ဆိုသည်​အား ​ခေါ်​ကာ ရွာအားဒုက္ခ​ပေးရန်​ အကြံရဟန်​တူ​လေသည်​။ (၂၂.၁၂.၂၀၁၂)​နေ့တွင်​ NDN အဖွဲ့အား ရွာ​ဟောင်းကြီး​ကျေးရွာ သို့ ပင့်​​ဆောင်​လာ​လေသည်​။ ယင်း​နေ့က ၎င်းတို့၏ ​ခေါင်းစဉ်​မှာ အဖွဲ့အစည်း၏ မူဝါဒနှင့်​ လူ့အခွင့်​အ​ရေး ​ဟော​ပြောပွဲအမည်​ရ ​လေသည်​။
ယင်းအစည်းအ​ဝေးပွဲတွင်​ ​ဒေါ်ညှက်​​ရွှေသည်​ ဒုတိယအကြိမ်​ ဗဟုသုတ ရ​လေသည်​။ ဒုတိယဗဟုသုတမှာ ယင်းအစည်းအ​ဝေး ပြီးချိန်​တွင်​ ရရှိခြင်းဖြစ်​​လေသည်​။ အစည်းအ​ဝေးစတင်​ပြီး​နောက်​ အဖွဲ့၏မူဝါဒအား ​ဟော​ပြောပို့ချ​လေသည်​။ ၎င်း​နောက်​ ​ကြေးနီစီမံကိန်းအား ဖျက်​သိမ်း​ပေးရန်​ ကန့်​ကွက်​​ကြောင်း လက်​မှတ်​များထိုး​ပေးကြရန်​ စည်းရုံးကြ​လေသည်​။ လက်​မှတ်​ထိုးပြီး အစည်း​ဝေးပြီးဆုံးပြီဖြစ်​သဖြင့်​ ရွာသူရွာသားများ အား လယ်​​မြေနှင့်​ပတ်​သတ်​၍ နစ်​နာမှုရှိပါက တင်​ပြနိုင်​​ကြောင်း၊ ၎င်းတို့မှ ​ဖြေရှင်း​ဆောင်​ရွက်​​ပေးမည်​ဖြစ်​​ကြောင်း ​ပြော​လေသည်​။ ထို့​ကြောင့်​ ​ဒေါ်ညှက်​​ရွှေမှ ၎င်း ခြံ​မြေအား ဦးခင်​​မောင်​တင့်​သိမ်း​ကြောင်း ​ဖြေရှင်း​ဆောင်​ရွက်​​ပေးပါရန်​ တင်​ပြ​လေသည်​။ ​ဒေါ်ညှက်​​ရွှေ ကံနိမ့်​ပြန်​ပါသည်​။
ယင်းအစည်းအ​ဝေးပွဲတွင်​ သဘာပတိမှာ မ​ကောင်းဆိုးဝါးင​တေမာ ဦးခင်​​မောင်​တင့်​ ဖြစ်​​နေ​လေသည်​။ မသိနားမလည်​ဘဲ စွတ်​ရွတ်​တင်​ပြသဖြင့်​ NDN ဆိုသည့်​အဖွဲ့ကလည်း ယင်းတို့၏ သဘာပတိ ဦးခင်​​မောင်​တင့်​မှ ​တောင်​သူ၏ ခြံ​မြေကို သိမ်းထားသည်​ဟုသိရသဖြင့်​ ​ခြေမကိုင်​မိ လက်​မကိုင်​မိ ဖြစ်​ပြီး ​မြေသိမ်းခံရမှုအား ​ဖြေရှင်းမ​ပေးနိုင်​​တော့ဘဲ ကံနိမ့်​မ ​ဒေါ်ညှက်​​ရွှေအား ​​ဒေါ်ကြီး​ရေ ​နောက်​များမှ ပြန်​လည်​​တွေ့ဆုံမယ်​ဟု နှုတ်​ဆက်​လက်​ပြကာ ထွက်​ခွာသွား​လေသည်​။
တစ်​စခန်းထလာပြီဖြစ်​​သော မ​ကောင်းဆိုးဝါး င​တေမာသည်​ ​ပုသိမ်​မြို့နယ်​တရားရုံးတွင်​ ၎င်းအား ​မြေသိမ်းသည်​ဟု အစည်​အ​ဝေးတွင်​ မဟုတ်​မမှန်​စွပ်​စွဲသည်​ အဆိုပြု၍ အသ​ရေဖျက်​မှုဖြင့်​ ဒုတိယ အကြိမ်​ ဗဟုသုတတစ်​ခု သင်​ကြားပြသ​ပေးသည့်​အ​နေဖြင့်​ လိပ်​ပြာငယ်​​နေ​သော ​ဒေါ်ညှက်​​ရွှေအား ​ခြောက်​လှန့်​ပြန်​​လေသည်​။
ထိုအခါ ​ဒေါ်ညှက်​​ရွှေ၏ အထက်​လမ်းဆရာများက ဘဘတို့အား ထပ်​မံ၍ ​ဆေးတစ်​ဖုံ​ဖော်​စပ်​​ပေးပါရန်​၊ ဘဘတို့​ပေး​သော ​ဆေး​တော်​ကြီး​မှာ ​သောက်​ပင်​​သောက်​ထား​သော်​လည်း ထမီဖြင့်​ဝိုင်းအုပ်​ခံထားရ၍ အစွမ်းသိပ်​မထက်​​ကြောင်း ​လျှောက်​ထား တင်​ပြ နားပူနားဆာ တိုက်​ကြ​လေသည်​။
သို့ကလို ​လျှောက်​ထား နားတ​ယော ၀ိုင်းထိုးကြ၍ ဘဘတို့လည်း မ​နေသာ​တော့ပြီမို့ အနှီ င​တေမာ ထမီအုပ်​ဆရာတို့ကို ​ခေါ်ယူ၍ ​ထောင်းထုကာ အ​ကြောင်းပြုကြသဖြင့်​ အုပ်​ထမီအား အထုပ်​ဖြည်​သလိုလိုဖြင့်​ လှန်​​လှောစပြု​နေပြီ ဖြစ်​ပါသည်​။
ထိုချိန်​တွင်​ ​ဒေါ်ညှက်​​ရွှေမှာ ဗဟုသုတများ အတန်​သင့်​ ဆည်းပူးမိ​နေပြီဖြစ်​ရကား အထက်​လမ်းဂိုဏ်းဆရာများ အားကိုးဖြင့်​ မ​ကောင်းဆိုးဝါး င​တေမာဦးခင်​​မောင်တင့်​အား တန်​ပြန်​၍ တိုက်​ခိုက်​​လေသည်​။ ​ဒေါ်ညှက်​​ရွှေအားကိုး ​နေ​သောဂိုဏ်းဆရာများထဲတွင်​ မကြာ​သေးမီက ပါဝင်​လာခဲ့​သော ​ရှေ့​နေ​ပေါက်​စ ​တစ်​​ယောက်​ပါလာ​လေသည်​။
ယင်း​ ​ရှေ့​နေ​ပေါက်​စ ၀င်​​ရှုပ်​သဖြင့်​ င​တေမာအားတန်​ပြန်​ရာတွင်​ အများကြီးအကူအညီရ​လေသည်​။
ယခုအခါ အနှီင​တေမာအား ​ကံမြင့်​စပြု​နေ​သော မုဆိုးမ​ဒေါ်ညှက်​​ရွှေမှ ၎င်း၏သီးစားအမည်​ထွက်​ရှိ​နေပြီး လက်​ရှိလုပ်​ကိုင်​​နေ​သော လယ်​ ၃ ဧကကို ၀င်​​ရောက်​ထွန်​ယက်​စိုက်​ပျိုးသည် ​ဟုဆိုကာ တရားစွဲ​ထားလေသည်​။ စတင်​တရားစွဲစဉ်​က ​​ရှေ့​နေ​ပေါက်​စ မပါ​သေး၍ ဥပ​ဒေအရ လိုအပ်​ချက်​ ဟာကွက်​များ ရှိ​နေ​သော င​တေမာ တရားခံဖြစ်​​သည့်​ အမှုအား ယခုအခါ ကြိတ်​မှိတ်​ ​ရုန်းကန်​​နေ​ရ​သည်​ဆို​၏။
တစ်​​နေ့​နေ့ တစ်​ချိန်​ချိန်​တွင်​မ​တော့ ကံနိမ့်​သူများလည်း ​တို့နိုင်​ငံ ​ပေါ်တွင်​ ​ရှိဖို့ မမြင်​​တော့ပြီ​။ မ​ကောင်းဆိုးဝါး င​တေမာ များလည်း တ​ဖြေး​ဖြေး ​ကောလာမည်​ ဖြစ်​​လေသည်​။ အ​ကြောင်းမူကား သက်​ဆိုင်​ရာ ဌာနမှဘဘတို့အား နားမခံသာ​အောင်​ နားတ​ယောထိုးကာ သံပုံးအဆက်​မပြတ်​ ​ခေါက်​ကြမည့်​ အထက်​လမ်းဂိုဏ်းဆရာများ၊ ၎င်းပြင်​ ယင်းအပမှီ​သော ပ​ယောဂများကို ထိ​ရောက်​စွာကုသနိုင်မည့်​ ​ဆေး​တော်​ဝါး​တော်​များ ​ဖော်​စပ်​တိုက်​​ကြွေး ​တော့မည့်​ တာဝန်​ရှိသူအကြီးအကဲ သက်​ဆိုင်​ရာဌာနမှ ဘဘများ၊ ပြည်​သူအကျိုးအတွက်​ လစာကိုပင်​ အပြည့်​အ၀ မယူဘဲ အကျိုးပြုလုပ်​ငန်းများအား စွမ်းစွမ်းတမံ ​ဆောင်​ရွက်​​သော သမ္မတကြီး ဦး​ဆောင်​သည့်​ အစိုးရအဖွဲ့လည်းရှိ​နေပြီ ဖြစ်​​သော​ကြောင့်​တည်း။

 Thawdar Soe <tartay1987@gmail.com>
 

No comments:

Post a Comment