Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 21 August 2013

"အချစ်နွံ" "အကြီးကြီး ချစ်နေတယ်" By မှူးရှင်သန်(သစ်တောတက္ကသိုလ်) >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

"အချစ်နွံ"
သူမ ပြုံးနေရင်
သူမ ရယ်နေရင်
 သူမပျော်ရွှင်နေရင်
ကျွန်တော်လည်း စိတ်ချမ်းသာတယ်…
 သူမ အောင်မြင်စေဖို့ 
 ကျွန်တော် ပံပိုးကူညီပေးတယ်
သူမအတွက်ကံကောင်းခြင်းတွေကို
ကျွန်တော့်ရဲ့ စည်းစိမ် ဥစ္စာတွေနဲ့ ဖန်တီးပေးတယ်
သူမကိုကျွန်တော်ဒူးထောက်လိုက်ပေမယ့်
သူမက ကျွန်တော့်ကို တုံ့ ပြန်ပြီး မချစ်ခဲ့ဘူး
အဲဒီအတွက် သူမကို ကျွန်တော် အပြစ်မတင်ရက်ပါဘူး
 ဘာကြောင့်လဲဆိုတော့
သူမရဲ့ အလှတရားက
ကျွန်တော့်ကိုပြုစား ထားတယ်လေ
အချစ်နွံထဲမှာ ကျွန်တော့်ရဲ့ ခန္ဓာကိုယ် နစ်မြုပ်သွားခဲ့တယ်
ကျွန်တော် ရုန်းမထွက်နိုင်ခဲ့ပါ။
မှူးရှင်သန်(သစ်တောတက္ကသိုလ်

"အကြီးကြီး ချစ်နေတယ်"
ငါ့ဆီphone မဆက်ပါနဲ့တော့လို့ နင်ကပြောပေမယ့်
နင့်ဆီကို phone ဆက်ချင်နေတယ်
တခြားတစ်ယောက်ကို ချစ်လိုက်ပါတော့လို့ နင်ကပြောပေမယ့်
နင်ကလွဲပြီး ဘယ်သူ့ ကိုမှ အစားမထိုးနိုင်ဘူး
 ငါ့ကိုမေ့လိုက်ပါတော့လို့ နင်ကပြောပေမယ့်
 နင့်ကိုဘယ်လို အကြောင်းနဲ့မှ မေ့လို့ မရဘူး
အကြီးကြီး ချစ်တဲ့သူဟာ
 အကြီးကြီး ခံစားရတယ်ဆိုတာ ငါသိပေမယ့်
ဘယ်လောက်ပဲ အကြီးကြီးခံစားရပါစေ
ဘယ်လောက်ပဲ အကြီးကြီး ကြေကွဲရ ပါစေ
 နင့်ကိုငါ အကြီးကြီး ချစ်နေတယ်…

မှူးရှင်သန်(သစ်တောတက္ကသိုလ်)
>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment