Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 28 August 2013

ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့ နယ်၊ရေကြည်မြို့တွင် တန်ဖိုးနည်း(GSM)ဖုန်းမရရှိသည့်အတွက် ဒေသနေပြည်သူများမှ မကျေနပ်သဖြင့် ၁.၉.၁၃ နေ့တွင်ဆန္ဒပြမည် >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့
့နယ်၊ရေကြည်မြို့တွင် နိုင်ငံတော်အစိုးရမှချထားပေးသော တန်ဖိုးနည်း(GSM)ဖုန်းမရရှိသည့်အတွက် ဒေသနေပြည်သူများမှ မကျေနပ်သဖြင့် ၁.၉.၁၃ နေ့တွင်ဆန္ဒပြကြမည်ဖြစ်ပါသည်။နိုင်ငံတော်မှ ပထမအသုတ်အဖြစ်ဇူလိုင်လတွင်ချထားပေးခဲ့သော( GSM) ဖုန်းကဒ်ခွဲတမ်းအဖြစ် ရေကြည်မြို့နယ်မှာ အလုံးရေ(၆၀၀)
ခွဲတမ်းရရှိခဲ့သော်လည်း ရေကြည်မြို့အတွက်ဖုန်းကဒ်မရရှိ
ခဲ့ပဲ မြို့နယ်အတွင်းရှိမြို့များဖြစ်သော ငါးသိုင်းချောင်းမြို့နှင့်အသုတ်မြို့တို့မှဖုန်းကဒ်(၃၀၀)စီရရှိခဲ့ပါသည်။
ယခု(၈)လပိုင်းအတွက်နိုင်ငံတော်
အစိုးရမှထုတ်ပေးသော တန်ဖိုးနည်း(GSM)ဖုန်းကဒ်ခွဲတမ်းအတွက်လည်း ရေကြည်မြို့နယ်မှ ဖုန်းကဒ်ခွဲတမ်း(၇၀၀)ရရှိခဲ့ရာ ရေကြည်မြို့အတွက်
တစ်ကဒ်မှမရပဲ ငါးသိုင်းချောင်းမြို့မှ(၄၀၀)နှ
င့်အသုတ်မြို့မှ(၃၀၀)ရမည်ဟု ရေကြည်မြို့ ဖုန်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွန်းမှ ပြောကြားခဲ့ပါသည်။မည်သည့်အတွက်မရသည်ကိုမေးမြန်းရာတွင်
တိကျစွာဖြေရှင်းပြနိုင်ခြင်းမရှိ
ိသဖြင့် ဆက်သွယ်ရေးဝန်ထမ်းဟောင်းဖြစ်သူဦးနိုင်ဝင်းမှ ဦးဆောင်ကာ ဆန္ဒဖော်ထုတ်ကြမည်ဖြစ်ကြောင်းသိရပါသည်။
ရေကြည်မြို့နယ်ရှိ မိုက်ခရိုဝေ့တိုင်သည် အနီးဝန်းကျင်မြို့များမှ ဆက်ကြောင်းများအားလုံးဆုံဆည်းရာ
အဓိကထရန်ဆစ်ဖြစ်ပြီး ထိုကဲ့သို့အရေးပါသောဆက်သွယ်ရေးစခန်းတိုင်ရှိရာမြို့
ဖြစ်ပြီး ယခုကဲ့သို့တန်ဖိုးနည်း(GSM)ဖုန်
းကဒ်ချထားပေးရာနှစ်ကြိမ်စလုံးမရသဖြင့် ပြည်သူများမှာအထူးပင် စိတ်ထိခိုက်လျက်ရှိပြီး (၁.၉.၁၃)နေ့တွင် ဆန္ဒဖော်ထုတ်ကြမည်ဖြစ်ပါသည်။

ဆက်သွယ်စုံစမ်းရန်၊ ဦးနိုင်ဝင်း၊ဖုန်း-၀၉၄၂၂၅၀၇၇၂၂
  •  
     
    >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
    “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
     ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) 

No comments:

Post a Comment