Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 22 August 2013

ဘ၀ခရီးသည် By အောင်ခိုင်မြင့်(sa.lay)။ ချစ်သူထံသို့ By နေလင်းအောင်

ဘ၀ခရီးသည်

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဆေးလိပ်တို လက်ကြားညှပ်
အတွေးတွေနဲ့   ကမ္ဘာကြီးကိုထိုင်ငေး
ငယ်ဘ၀နဲ့ လဲ  ဝေးခဲ့ပြီ
25 ခါသင်္ကြန်ကျခဲ့ပေမယ့်  ဘ၀စစ်စစ်နဲ့ 
လူမဖြစ်ရသေးဘူး  ...
အကြိမ်ကြိမ်ကြဲချခဲ့တာတောင်
တစ်ပင်မှပေါက်မလာတဲ့ မျိုးစေ့တွေ
အတွက်ဘယ်သူ့ ကိုအပြစ်တင်ရမလဲ
တစ်ခါတလေ ပျော်ရွှင်မူ၊စာနာမှု၊နွေးထွေး
မှု၊နှစ်သိမ့်မှု တွေကို တောင့်တတိုင်း
ဆန္ဒတွေဟာ ချောင်ကုပ်ကုပ်အခန်းငယ်
ထဲ  သော့ခတ်ခံခဲ့ရတယ်
ဦးနှောက်မှာဗဟုသုတကနည်း
ဝမ်းဗိုက်မှာအဟာရကနည်း
အိတ်ကပ်မှာ ဘောဂဗေဒကနည်း
ရင်ထဲမှာမျှော်လင့်ချက်တွေကနည်း
ချို့ တဲ့နေတဲ့ ခန္ဒာကိုယ်ကိုထမ်းပိုးလို့ 
ဘ၀လမ်းဆက်လျှောက်ရင်း သောကတွေ
အနည်မထိုင်သရွေ့  ပျော်ရွှင်မှုဆိုတာ
အိပ်မက်ထဲတောင်အလည် မလာတာ
ကြာခဲ့ပြီ.....    
       
                 အောင်ခိုင်မြင့်(sa.lay)

 >>>>>>>>>>>>>>>>>>>>>>>>>>>>>>

ချစ်သူထံသို့
။။။။။။။။။။။။။။။။။။။။
ချစ်သူရေမင်းနဲ့ဘယ်လောက်ပဲဝေးနေပါစေကိုချစ်တဲ့အချစ်ကလျော့မသွားပါဘူး
ချစ်သူရေမင်းကို့ကိုဘယ်လောက်ပဲစိတ်နာအောင်လုပ်လုပ်ကိုချစ်တဲ့အချစ်ကလျော့မသွားပါဘူး
ချစ်သူရေမင်းကို့ကိုမကြည့်ချင်ရင်နေပါကိုမင်းမမြင်နိုင်မယ့်အရပ်မှာနေပြီးမင်းပြန်လာမယ့်နေ့တွေကိုစောင့်မျော်လျက်ပါ

နေလင်းအောင်
တိုက်ကြီးမြို့နယ်ဥက္ကံမြို့ဗိုလ်ချုပ်အောင်ဆန်းရပ်ကွက်။
>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment