Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 28 August 2013

သုတ၊ ရသ By Eagle Breeze

မင်္ဂလာမနက်​ခင်းပါ။
အိပ်​ယာနိုး​တော့
ပြတင်းတံခါးကို တွန်းဖွင့်​လိုက်​တယ်​ဆိုရင်​ပဲ
ငှက်​က​လေး​တွေ ​တေးဆို​နေပါပြီ။
မိုး​ငွေ့ပါတဲ့ နံနက်​ခင်း​လေ​ပြေ​လေး ဖြတ်​တိုက်​လာ​တော့ ရင်​ထဲ ​အေးမြလန်းဆန်းရပါတယ်​။
မိုးရွာပြီးစ ​မြေပြင်​၊ သစ်​ပင်​ပန်းပင်​​တွေက ​ရေချိုးပြီးစ အပျိုမ​လေးတစ်​​ယောက်​လို ဝင်းပ သန့်​စင်​ ကြည်​လင်​လို့။
ကောင်းကင်​ဘုံကို သွားနှင့်​ပြီဖြစ်​တဲ့ ကိုထီးရဲ့ သီချင်း​လေးကရင်​ထဲ​ရောက်​လာတယ်​။
" ညအ​မှောင်​ရဲ့ အိပ်​မက်​ဆိုးက နိုးလာပြီ.... လမ်း​ဟောင်းဆက်​မသွားဖို့.... အမှား​ဟောင်းဆက်​မမှားဖို့...."တဲ့။
' လူ ' နဲ့ ' မူ ' .....။
စနစ်​တစ်​ခု​အောင်​မြင်​ဖို့ဆိုတာ စနစ်​ပဲ​ကောင်းလို့မရသလို ပုံ​ဖော်​​ဆောင်​ရွက်​​ပေးရမယ့်​ လူကလည်း​ကောင်းမွန်​ရပါမယ်​။
လူအ​ကောင်းနဲ့ စနစ်​​ဟောင်းလို့လည်း မရပါဘူး။
လမ်း​ဟောင်း​ပေါ်မှာ အမှား​ဟောင်း​တွေနဲ့ ကျင်​လည်​ခဲ့တဲ့ ည​တွေ....။
ကိုထီး​ရေ.....
မိုးလင်းချင်​လှပါပြီဗျာ။
Eagle Breeze
၂၈၊ ၈၊ ၂၀၁၃

>>>>>>>>>>>>>>>>>>>>>>>>>>>>


Facebook >>> အမှတ်​တရ မိုင်​တိုင်​များ 
 

No comments:

Post a Comment