Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 29 August 2013

သတိ ဆိုတာ ပိုသည်​မရှိ >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မြန်​မာ-ဘင်္ဂလား​ဒေ့နယ်​စပ်​တွင်​ သြဂုတ်​လ(၁၄)ရက်​​နေ့က စတင်​ပြီး မြန်​မာနယ်​စပ်​လုံခြုံ​ရေးတပ်​ဖွဲ့နှင့် ရိုဟင်​ဂျာ RSO လက်​နက်​ကိုင်​အဖွဲ့တို့ နှစ်​ရက်​ကြာ အပြန်​အလှန်​ပစ်​ခတ်​မှု ဖြစ်​ပွားခဲ့​ကြောင်း သတင်းများတွင်​ ဖတ်​ရှုခဲ့ရသည်​။
၂၆ ရက်​​နေ့ကလည်း ဧရာဝတီတိုင်း​ဒေသကြီး၊ ငပု​တောမြို့နယ်​နှင့်​ ဟိုင်းကြီးကျွန်းမြို့နယ်​ခွဲအနီးမှာ ဘင်္ဂါလီလူမျိုး ၃၂၇ ​ယောက်​ကို ဖမ်းဆီးရမိ​ကြောင်းကြားရပြန်​ ပါသည်​။ မ​လေးရှားသို့ အသွား ​​လှေဝမ်းကွဲလို့ ကမ်းကပ်​ရသည်​ဟုကြားပါသည်​။ မည်​သို့ပင်​ဆို​စေ သတိထားရမည်​မှာ အမှန်​ပင်​ဖြစ်​​ပေသည်​။
နိုင်​ငံတကာတွင်​ ဖြစ်​ပွား​နေ​သောတိုက်​ပွဲများအား ဆန်းစစ်​ကြည့်​ပါက အစ္စလာမ်​မစ်​ အစွန်း​ရောက်​အဖွဲ့များ​ကြောင့်​ ဖြစ်​ပွားရ​သော တိုက်​ပွဲ မှာ အခြားတိုက်​ပွဲများထက်​ပိုမိုများပြား​ကြောင်း မြင်​သာပါသည်​။
မည်​သည့်​လူမျိုး၊ မည်​သည့်​ဘာသာတွင်​မဆို လူ​ကောင်းရှိသလို လူဆိုးလဲရှိမည်​ဖြစ်​ပါသည်​။ သ​ဘောထားဆိုးသလို သ​ဘောထား​ကောင်းသူလဲ ရှိပါသည်​။ ခံယူချက်​မှန်​သလို ခံယူချက်​မှားသူလဲ ရှိနိုင်​ပါသည်​။
ဘင်္ဂလာနယ်​စပ်​တွင်​ဖြစ်​ပွား​ခဲ့​သော ၁၄ ရက်​​နေ့ တိုက်​ပွဲအရ ​ယင်း ရိုဟင်​ဂျာအမည်​ခံ ဘင်္ဂါလီအဖွဲ့ အ​နေဖြင့်​ မြန်​မာနိုင်​ငံအား ​သွေးတိုးစမ်းသည့်​သ​ဘော ဖြစ်​သည်​ဟု သုံးသပ်​မှုများလည်းကြားရပါသည်​။ ယင်းရိုဟင်​ဂျာအမည်​ခံ ဘင်္ဂါလီ လက်​နက်​ကိုင်​အဖွဲ့ကို နိုင်​ငံတကာရှိ အစ္စလာမ်​မစ်​ အကြမ်းဖက်​အဖွဲ့အစည်းများမှ လူအင်​အား၊ လက်​နက်​အင်အား၊ နည်းပညာအကူအညီများ လာ​ရောက်​ မ​ပေးနိုင်​ဟု မည်​သူမျှ မ​ပြောနိုင်​​ပေ။ ထိုသို့ နိုင်​ငံတကာ အကြမ်းဖက်​အဖွဲ့အစည်းများနှင့်​ ပူး​ပေါင်းမိပြီဆိုပါက မြန်​မာနိုင်​ငံသည်​ ​ခေတ်​မီဖွံ့ဖြိုး တိုးတက်​၍ စည်းကမ်းပြည့်​ဝ​သော ဒီမိုက​ရေစီနိုင်​ငံ ​တော်​သစ်​ဆီသို့ မ​ရောက်​မီ လမ်းခုလတ်​တွင်​ ယင်းအဖွဲ့အစည်းများအား ​ဖြေရှင်း​နေရသည်​နှင့်​ ပန်းတိုင်​သို့​ရောက်​ရှိရန်​ ခက်​ခဲသွားနိုင်​ပါသည်​။
ယင်းအစ္စလာမ်​မစ်​ အစွန်း​ရောက်​အဖွဲ့များ၏အန္တရာယ်​ မည်​မျှကြီးမားသည်​ကို ကမ္ဘာ​ပေါ်တွင်​ အင်​အားအကြီးဆုံး စစ်​တပ်​ပိုင်​ရှင်​၊ နည်းပညာနှင့်​ စွမ်းရည်​ပြည့်​ဝ​သော ​ခေတ်​မီစစ်​တပ်​ပိုင်​ရှင်​၊ ဒီမိုက​ရေစီဘိုး​အေ အ​မေရိကန်​နိုင်​ငံ​တောင်​ ၎င်းတို့ အကြမ်းဖက်​မှုဒဏ်​ကို အလူးအလဲ ခံခဲ့ရ၊ ခံ​နေရ​ကြောင်း ​တွေ့မြင်​နိုင်​ပါသည်​။ နိုင်​ငံတကာတွင်​လည်း ယင်းအဖွဲ့အစည်းများ၏ နိုင်​ငံ ခွဲထွက်​​ရေး တိုက်​ပွဲများ​ကြောင့်​ ၎င်းတို့အားလက်​ခံခဲ့မိ ​သောအိမ်​ရှင်​နိုင်​ငံအ​နေဖြင့်​ ဒုက္ခ​ပေါင်းစုံ ခံ​နေကြရပါသည်​။ အနီးစပ်​ဆုံး အ​မေရိကန်​၏ အ​ထောက့်​အပံ့ရရှိပြီး တိုးတက်​​နေ​သော ထိုင်းနိုင်​ငံ ​တောင်းပိုင်းတွင်​ ခွဲထွက်​​ရေးတိုက်​ပွဲများ ဖြစ်​ပွား​နေပါသည်​။
မြန်​မာနိုင်​ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက်​စ၊ ​ပြောင်းလဲကာစ ဒီမိုက​ရေစီနိုင်​ငံ၊ ပြည်​တွင်းစစ်​ မငြိမ်း​သေး​သော၊ တိုင်းရင်းသားလက်​နက်​ကိုင်​အဖွဲ့များနှင့် အပြီးသတ်​ ငြိမ်းချမ်း​ရေး မ​ဆွေး​နွေးနိုင်​​သေး​သော၊ နိုင်​ငံရှိ ကိုယ်​ကျိုးရှာ ​ယောင်​​ခြောက်​ဆယ်​ နိုင်​ငံ​ရေးသမား ​သောင်း​ခြောက်​ထောင်​ ရှိေ​သာ၊ မိမိနိုင်​ငံ​တော်​ဘာဖြစ်​ဖြစ်​ မိမိအကျိုးမယုတ်​​လျော့လျှင်​ပြီး​ရော နိုင်​ငံသားမဟုတ်​သူများကို နိုင်​ငံသားသတ်​မှတ်​​ပေးချင်​​သော နာမည်​​ကျော်​ နိုင်​ငံ​ရေးသမားများ​ပေါများ​သော မြန်​မာနိုင်​ငံအ​နေဖြင့်​ ထို အစ္စလာမ်​မစ်​အစွန်း​ရောက်​ခွဲထွက်​​ရေးသမားများ အားရင်​ဆိုင်​​ဖြေရှင်းရမည်​ဆိုပါက မည်​သို့ဖြစ်​မည်​ကို မ​တွေးဝံ့စရာပင်​။
ထိုသို့ ယင်း ဘင်္ဂါလီ RSO အဖွဲ့အ​နေဖြင့်​ မြန်​မာနိုင်​ငံ အားအကြမ်းဖက်​မှုများပြုလုပ်​ပါက မြန်​မာနိုင်​ငံရှိ လူမျိုးမ​ရွေး​၊ ဘာသာမ​ရွေးတို့၏ အသက်​အိုးအိမ်​စည်းစိမ်​များ ဆုံးရှုံးရမည်​ဖြစ်​ပါသည်​။ ၎င်းတို့အကြမ်းဖက်​ပါက ဗုဒ္ဓဘာသာ၊ အစ္စလာမ်​ဘာသာ၊ ခရစ်​ယာန်​ဘာသာ စသည်​ဖြင့်​ခွဲ့ခြား​နေမည်​မဟုတ်​ဘဲ အားလုံးဒုက္ခ​ရောက်​ကြမည်​မှာ ယုံမှားသံသယမရှိပါ။
ထို့​ကြောင်း ဘင်္ဂါလီ RSO အဖွဲ့အား နိုင်​ငံတကာရှိ အကြမ်းဖက်​အဖွဲ့များနှင့်​ ပူး​ပေါင်းခြင်းမရှိခင်​၊ လူအင်​အား လက်​နက်​အင်​အား နည်းပညာအင်​အား ကြီးထွားမလာခင်​ အမျိုးသား​ရေးတာဝန်​တစ်​ရပ်​အဖြစ်​ လျှင်​မြန်​စွာ ​ဖြေရှင်းသင့်​ပါသည်​။
ထို့​ကြောင့်​ ယင်း ဘင်္ဂါလီ အ​ရေးအား အိမ်​နီးချင်း ဘင်္ဂလာ​ဒေ့ရှ်​နိုင်​ငံ၊ ​ဒေသတွင်းအာဆီယံနိုင်​ငံများ၊ နိုင်​ငံတကာနှင့်​ ပူး​ပေါင်းအ​ဖြေရှာ နှိမ်​နင်း​ဆောင်​ရွက်​ သွားသင့်​ပါ​ကြောင်း ယင်းပြဿနာအား ရတက်​မ​အေး ပူ​ပေး​နေ​သော မြန်​မာနိုင်​ငံသားတစ်​ဦးမှ ​ရေးသားတင်​ပြလိုက်​ရ​ပေသည်​။
 Thawdar Soe <tartay1987@gmail.com>
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) 

No comments:

Post a Comment