Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 1 August 2013

မြင်သာမြင်ရ မကြင်ရသော GTU(pathein) ကျောင်းသူ/သားများအတွက် GSM တာဝါတိုင် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

GTU(Pathein)ကိုပုသိမ်မြို့နှင့် ၅မိုင်အကွာအပင်နှစ်ဆယ်ကျေးရွာတွ
င်တည်ဆောက်ထားပါသည်။GTUပုသိမ်တွင်ဆက်သွယ်ရေးလိုင်းမမိသောကြောင့် GSM တာဝါတိုင်တစ်ခုတည်ဆောက်ခဲ့ပါသည်။ထိုတာဝါတိုင်တည်ဆောက်ပြီးစီးတာယခုဆိုလျှင်၅လခန့်ကြာခဲ့ပါပြီ။ တစ်ခါကို(၂၄)နာရီနှင့်နှစ်ခါသာလွှင့်ပေးခဲ့ပါသည်။တစ်ခါမှာလူကြီးလာသောကြောင့်သာ လွှင့်ပေးခြင်းဖြစ်တယ်လို့ ပြောကြပါသည်။
ကျွန်တော်သိချင်တာက တည်ဆောက်ပြီးစီးတာ ၅လခန့်ကြာပြီဖြစ်သော်လည်း မည်သည့်အခက်အခဲ ဘာကြောင့်ယနေ့ချိန်ထိ တာဝါတိုင်ကိုမလွှင့်ပေးရတာလဲ။ကျွန်တော်တို့ကျောင်းသားများ၏ဖုန်းမှာအမြဲတမ်း No Service သာဖြစ်နေပါသည်။ကျွန်တော်တို့ဖုန်းပြောချင်လျှင်ကားလမ်းမသို့ထွက်၍ဖုန်းပြောရပါသည်။ဒါကြောင့် ကျွန်တော်တို့ကျောင်းသားများ၏ ဆက်သွယ်ရေးအခက်အခဲကိုပြေလည်စေရန်တာဝါတိုင်ကိုအမြန်ဆုံးလွှင့်ပေးရန် သက်ဆိုင်သူများကိုအကြောင်းကြားအပ်ပါသည်။

ငြိမ်းချမ်းသူ

နည်းပညာတက္ကသိုလ်(ပုသိမ်) 

အပင်၂၀ ကျေးရွာ
 >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment