Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 25 August 2013

သုတ၊ ရသ By Eagle Breeze >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မင်္ဂလာ မနက်​ခင်းပါ။
ဘဝမှာ ကျောခိုင်းခြင်း နှစ်မျိုး  ရှိတယ်။
တစ်မျိုးက
တစ်ယောက်ယောက်ကို
မတွေ့ချင်မမြင်ချင်လို့၊ မုန်းတီး စက်ဆုပ်လို့၊ ကျောခိုင်းထားတာပါ။
နောက်တစ်မျိုးကတော့
ယုံကြည်​စိတ်ချရသူဖြစ်လို့၊
ကိုယ့်အ​ပေါ် သစ္စာရှိသူဖြစ်လို့၊
နောက်ကျောက​နေ မဟုတ်တာ လုပ်မယ့်သူ မဟုတ်လို့
ကျောခိုင်းထားတာ။ တနည်းပြောရရင် ​ကျောပေးထားတာပါ။
ဘဝမှာ
ကိုယ့်ကို တစ်ပါးသူက ဘယ်လို ကျောခိုင်းတာ ခံဖူးပါသလဲ။
စက်ဆုပ်စွာလား၊ ယုံကြည် စိတ်ချစွာလား။ ကိုယ်က​ကော
သူတစ်ပါးကို ဘယ်လိုပြန်ပြီး ကျောခိုင်းဖူးပါသလဲ။
မိတ်ဆွေရယ်​.......
ဘဝမှာ ခင်ဗျားကို ယုံကြည်စိတ်ချစွာ​ကျော​ပေး ထားသူ ငါးယောက်​လောက်ရှိရင်၊
ပြီးတော့ ခင်ဗျားက ပြန်ပြီး
ကျောပေးထားရ​လောက်အောင်
ယုံကြည်စိတ်ချရသူ ငါး​ယောက်​လောက်ရှိရင် ခင်ဗျားလူဖြစ်ရကျိုးနပ်ပြီလို့
ကျနော်ထင်ပါတယ်။
ကဲ........ ကျနော်တို့ ဘယ်လိုကျောခိုင်းကြမှာလဲ။
Eagle Breeze
၂၅၊ ၈၊ ၂၀၁၃

Facebook >>> အမှတ်​တရ မိုင်​တိုင်​များ

>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment