Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 22 August 2013

လူတိုင်းနေ့စဉ်ဘဝ လူတိုင်းနေ့စဉ်စားဝတ်နေရေး အတွက်အလုပ်လုပ်ကြရပါတယ် အလုပ်လုပ်ချင်သူတွေအတွက် အဓိကပြဿနာဟာ အလုပ်ရှိဖို့ပါ ...>>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


 လူတိုင်းနေ့စဉ်ဘဝ  လူတိုင်းနေ့စဉ်စားဝတ်နေရေး အတွက်အလုပ်လုပ်ကြရပါတယ် အလုပ်လုပ်ချင်သူတွေအတွက် အဓိကပြဿနာဟာ အလုပ်ရှိဖို့ပါ ဝင်ငွေကတော့ မိမိအရည်အချင်းနဲ့ ခေတ်ကာလပေါ်မူတည်ပြီး ရကြတယ် အလုပ်သမားတစ်ယောက်က သူလုပ်အားနဲ့တန်တဲ့လုပ်အားခရဖို့လိုအပ်တယ် လမ်းဘေးမှာ အမှိုက်ကောက်တာကအစလူတွေရဲ့
အလုပ်တွေပါပဲအလုပ်ရဲ့တန်ဖိုးကိုဆုံး
ဖြတ်ဖို့ကျွမ်းကျင်မှု့ ပညာအရည်အချင်း လုပ်ကိုင်နိုင်မှု့စွမ်းရည်တွေနဲ့ဆုံး ဖြတ်ကြ တယ် ကိုယ်ကာယနဲ့ကိုယ်ပိုင်
အလုပ်လုပ်သူတွေလည်းတန်ဖိုးတူမျှ
ဝင်ငွေရကြဖို့လိုအပ်ပါတယ်  ဒါပေမဲ့
ဘယ်နေရာမှာများ ဘယ်သူတွေက များ လုပ်ငန်းတွေအဆင်ပြေပြီးဝင်ငွေ ကောင်းနေကြပါသလည်း ကျွန်တော်တို့လူမှု့ဝန်းကျင်ထဲမှာတော့သိပ်မတွေ့ ရပါဘူး အဆင်မပြေတဲ့မိ သားစုဘဝ တွေသာရှိနေခဲ့ပါတယ်   ။
        ပတ်ဝန်းကျင်မှာလူတွေရဲ့အဆင် မပြေမှု့ငြီးတွားသံတွေက ပြည်သူကြားကပြည်သူတွေရဲ့ လူမှု့ဘဝတွေပါ နေ့ စဉ်ရင်ဆိုင်ဖြေရှငိးနေရတဲ့ စားဝတ်နေနေရေးတင်မဟုတ်တော့ပါပဲ အရွယ်ရောက်သူကလေးငယ်တွေကို ကျောင်းထားဖို့  ကျူရှင်ပို့ဖို့ကအစ အထွေထွေ စရိတ်ပေါင်းစုံရှိတယ် အိမ်ထောင်စု တစ်စုရဲ့စရိတ်ဟာ လင်နဲ့မယားနှစ် ယောက်ထဲရှာတာလောက်နဲ့တော့ ဘယ်လိုမှလောက်ငမှာမဟုတ် တော့ ဘူး အကြီးကောင်ကျောင်းထွက် ရရာ အလုပ်ထွက်လုပ်ဆိုတာမျိုးတွေဖြစ် ကုန်တော့တယ် လူတွှေရဲ့အဆင်မ ပြေ မှု့ဟာ ကလေးတွေအတွက် အလားအလာကောင်းတွေတော့မဟုတ်ပါဘူး   ကလေးတွေဟာတိုင်းပြည်ရဲ့အနာဂတ်မျိုးဆက်တွေပါ ယခုတိုင်းပြည်အကြီးအ ကဲတွေဟာလည်း  တစ်ချိန်တုန်းက ကလေးတွေပါ ကလေးတွေရဲ့အနာ
ဂတ်ကိုလှမ်းမျှော်ရင်း လမ်းဖွင့်ပေးနိုင်
တာကလေးတွေရဲ့မိဖတွေပါပဲ  မိမိတို့
နိုင်ငံအနေဖြင့် လူတိုင်းကိုယ်စီဝင်ငွေ
အချိုးစားကောင်းပါမှ  ကလေးတွေ
အစဉ်ပြေပြေပညာသင်ယူနိုင်မှာပါ ဓနအငိအားကောင်းသူတွေရဲ့ ကလေးတွေမှ ပညာသင်ကြားနိုင်မဲ့ငွေကြေးနှင့်
သင်ကြားနိုင်တဲ့ဓနရှင်ပညာရေးဟာ
ရက်စက်လွန်းပါတယ် ။အများပြည်သူတွေ အတွက်ငွေကြေးနှင့်ယှဉ်သော ကျောင်းများဟာလည်းကလေးတွေရဲ့
ဘဝ ကလေးတွေရဲ့အနာဂတ်ကိုခွဲခြား သတ်မှတ်ပေးသလိုမျိုးလည်း  ဖြစ်နေ
တော့တယ်။  ရရှိနိုင်မဲ့အခွင့်အလမ်းနဲ့
လုပ်ကိုင်နိုင်ခွင့်တွေလည်းခွဲခြားသတ်မှတ်လိုက်သလို ဖြစ်သွားတယ်နောက်
ဆုံး လူရဲ့မူလဘဝပြောက်ဆုံးသွားနိုင်ပါတယ်။
         နိုင်ငံသားတိုင်းတန်းတူအခွင့်အ
ခွင့်အရေးရှိရမည်။     တန်းတူအခြေအ နေမရှိနိုင်သော်လည်းတန်းတူလုပ်ပိုင်နိုင်ခွင့် တန်းတူအခွင့်အရေး သာတူညီ မျှရှိမှု့တို့သည်ကောင်းမွန်သော အ စိုးရ တွင်ဖန်တည်း ပေးနိုင် သည် ။တန်းတူ
ညီမျှရေးသည်မိမိတိြို့ကိုးစားနိုင်မှု့အ
ပေါ်ြိကိုးစားနိုင်သမျှအခွင့်အလမ်းနှင့်
ယင်းအခွင့်အလမ်းများကိုဖန်တည်း
ပေးနိုင်မှု့ကိုဆိုလိုသည်။ ယင်းအတွက်မိသားစုတစ် စု ခြင်းစီ၏ လုံလောက် သော ဝင်ငွေလိုအပ်သည်
           မိသားစုတစ်စု၏ရပ် တည်နိုင်မှု့
အခြေအနေနှင့်နေစဉ်ဝင်ငွေတို့သည်
သာပြည်သူအတွက် ကလေးငယ်တွေ
အတွက်တိုင်းပြည်အတွက်နောင်အနာဂတ်အတွက် ကောင်းမွန်သောအလားအလာကောင်းများကိုဖန်တည်းပေးနိုင်မည်။
                               20.8.2013
                              l   ငြိမ်းသီဟ I                        
                                 098552332         
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)    

No comments:

Post a Comment