Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 29 August 2013

အဆာပြေ By ကလေးချစ်သောမောင်။ သူလိုလူ By မင်းသူရ(သလ္လာဝတီ) ။ {ရင်တွင်းရသ} By မာရ်နတ်သခင် >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အဆာပြေ
။။။။။။။။။။။။။။။။
သူအဆာပြေစားဖို့
ဘယ်တော့မှမကုန်တဲ့
အလွမ်းမုန့်တထုပ်
ကျွန်တော်အမြဲဆောင်ထားတယ်

သူအဆာပြေသောက်ဖို့
ဘယ်တော့မှမကုန်တဲ့
မျက်ရည်ကော်ဖီတစ်ခွက်
ကျွန်တော့မှာအဆင်သင့်ရှိတယ်

သူအပျင်းပြေကစားဖို့
အသည်းနှလုံးကိုထုဆစ်ထားတဲ့
ယမင်းရုပ်တစ်ရုပ်
ကျွန်တော့မှာရှိတယ်

သူ့အပြုံးတွေ
အဆုံးထိရယ်မောနိုင်ဖို့
နာကျင်မှုတွေနဲ့ဖန်တီးထားတဲ့
ဂျိုကာတစ်ကောင်
ကျွန်တော့မှာရှိတယ်

ဒါပေမယ့်
သူ့မိဘတွေအဆာပြေဖို့
ဆင်တွေစောင့်တဲ့
တိုက်တစ်စင်း
ကျွန်တော်လိုနေတယ်
              ကလေးချစ်သောမောင်

>>>>>>>>>>>>>>>>>>>>>

      သူလိုလူ
***************
သူဟာ
အဖူးအပွင့် အကိုင်း အခက်
အရွက်အသီးတွေနဲ့
သာယာလှပနေတဲ့ သစ်ပင်။

သူဟာ
ပူပြင်းတဲ့နွေကာလမှာ
အေးမြခြင်းတွေ ဝေငှတယ်။

သူဟာ
ချမ်းအေးတဲ့ဆောင်းရက်တွေမှာ
အနွေးဓာတ်တွေကိ ပေးဆပ်တယ်။

သူဟာ
ရာသီဥတုကို ဆန့်ကျင်
လူသားတို့ရဲ့လိုအင်ဆန္ဒတွေ
ပြည့်ဝပျော်ရွှင်စေတယ်။

သူဟာ
မြင်ရသူတို့မျက်ဝန်းမှာ
ကြည်နူးလန်းဆန်းစေတယ်။

သူဟာ
အရိပ်ခိုနားသူတွေရဲ့ စိတ်မှာ
သောကတွေကင်းဆိတ်စေတယ်။

သူဟာ
ပင်ပန်းနွမ်းနယ်မှုများစွာကို
ဖြေလျှော့သက်သာစေတယ်။

သူလိုလူတွေ
မြန်မာပြည်မှာရှိနေမှ
သာယာတဲ့မြန်မာ ဖြစ်လိမ့်မယ်။

သူလိုလူတွေ
ကမ္တာမှာရှိနေမှ
ငြိမ်းချမ်းတဲ့ကမ္တာဖြစ်လိမ့်မယ်။

မင်းသူရ(သလ္လာဝတီ)   
>>>>>>>>>>>>>>>>>>>>>>>>>
သစ္စာတရားကလွဲရင်
ကျန်တရားများသည်
အဝိဇ္ဇာအတ္တတဏှာများ
ဖုံးလွမ်းလို့နေသတဲ့။
 မာရ်နတ်သခင်

 တွေ့ဆုံနေတဲ့ သစ်အိုပင်အောက် ထွန်းတောက်နေတဲ့
 နေဝင်ဆည်းဆာ ငေးကာကြည့်ရင်း
 လောင်မြိုက်နေတဲ့ ရင်တွင်းဝေဒနာ
 ဖြေကာဖျောက်ဖို့ သက်ပျင်းချချိန်
 နုလုံးအိမ်က စို့၍တက်လာ
မျက်ခန်းလွာက ပြိုကာပျက်ယွင်း
 စီးဆင်းလာတဲ့ မြေခမျက်ရည်
 ဒီရေလှုင်းလို ကမ်ပြိုဘောင်ခက်
 ဖြစ်ပျက်တာကို ဤသစ်အိုပင်က သက်သေထူရင်း
 ဆိုင်သူတစ်ယောက်သိစေချင်။
မာရ်နတ်သခင်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) 

No comments:

Post a Comment